စစ္ေရးစြမ္းရည္ တိုးႁမွင့္ေရး ပိုလန္ နဲ႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးခ်င္း ေဆြးေႏြး
{{Zawgyi/Unicode}}
ပိုလန္ကာကြယ္ေရး၀န္ႀကီး Mariusz Blaszczak ရဲ႕ အေမရိကန္ ခရီးစဥ္အတြင္း ပိုလန္ႏိုင္ငံရဲ႕ ကာကြယ္ေရး စြမ္းရည္ တိုးျမႇင့္မယ့္ အစီအစဥ္ေတြကို အေလးထား ေျပာၾကားခဲ့ပါတယ္။
ပိုလန္ကာကြယ္ေရး၀န္ႀကီးနဲ႔ ပင္တဂြန္စစ္ဌာနခ်ဳပ္မွာ ေတြ႕ဆုံခဲ့တဲ့ အေမရိကန္ ကာကြယ္ေရး၀န္ႀကီး Lloyd Austin ကေတာ့ က်ဳးေက်ာ္သူ ႐ုရွားတပ္ဖဲြ႕ေတြကို ေအာင္ေအာင္ျမင္ျမင္ ခုခံတြန္းလွန္ႏိုင္ေအာင္ ယူကရိန္း စစ္တပ္အတြက္ အေရးတႀကီး လိုအပ္ေနတဲ့ ကာကြယ္ေရးဆိုင္ရာ အကူအညီေတြ သာမက၊ စာနာမႈ အကူအညီေတြ ေပးအပ္ခဲ့တဲ့ ပိုလန္ႏိုင္ငံကို ခ်ီးက်ဳးစကား ေျပာၾကားခဲ့တာပါ။
အေမရိကန္၊ NATO မဟာမိတ္ေတြနဲ႔ ကမာၻတလႊားက တျခားမိတ္ေဆြႏိုင္ငံေတြက လုံျခံဳေရးဆိုင္ရာ အကူအညီေတြ ယူကရိန္းအတြက္ ေပးအပ္ရာမွာ ပိုလန္ႏိုင္ငံရဲ႕ အခမ္းက႑ဟာ အေရးပါေၾကာင္း ေျပာပါတယ္။
အၾကမ္းဖက္ခံရမႈ အႏၲရာယ္က ထြက္ေျပးလာၾကတဲ့ သန္းနဲ႔ခ်ီတဲ့ ယူကရိန္းႏိုင္ငံသားေတြကို ပိုလန္ျပည္သူေတြက လႈိက္လႈိက္လွဲလွဲ လက္ခံႀကိဳဆိုခဲ့ၾကတယ္လို႔လည္း ေျပာပါတယ္။
လြန္ခဲ့တဲ့ ၂ လေလာက္က ယူကရိန္းကို ႐ုရွားက က်ဳးေက်ာ္တိုက္ခိုက္ခဲ့ခ်ိန္ကစလို႔ ယူကရိန္း ႏိုင္ငံသား ၃ သန္းနီးပါး ပိုလန္ႏိုင္ငံကို ထြက္ေျပးခဲ့ၾကတာပါ။ ပိုလန္ ကာကြယ္ေရး ၀န္ႀကီးကေတာ့ အေမရိကန္ရဲ႕ ကာကြယ္ေရးဆိုင္ရာ မူဝါဒနဲ႔ ဦးေဆာင္မႈဟာ အေရးႀကီးတယ္လို႔ ခံယူထားေၾကာင္းနဲ႔ အေမရိကန္တပ္ဖဲြ႕ေတြကို ပိုလန္မွာ လက္ခံထားရတာ ဂုဏ္ယူေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။
၂ ႏိုင္ငံၾကား ႏိုင္ငံေရး၊ စစ္ေရး ပူးေပါင္းေဆာင္ရြက္မႈေတြဟာ ကုန္ထုတ္လုပ္မႈနဲ႔ စီးပြားေရးမွာလည္း အက်ဳိးအျမတ္ေတြ ခံစားရလိမ့္မယ္လို႔ ေျပာပါတယ္။
.....................................................
စစ်ရေးစွမ်းရည် တိုးမြှင့်ရေး ပိုလန် နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးချင်း ဆွေးနွေး
{{Zawgyi/Unicode}}
ပိုလန်ကာကွယ်ရေးဝန်ကြီး Mariusz Blaszczak ရဲ့ အမေရိကန် ခရီးစဉ်အတွင်း ပိုလန်နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည် တိုးမြှင့်မယ့် အစီအစဉ်တွေကို အလေးထား ပြောကြားခဲ့ပါတယ်။
ပိုလန်ကာကွယ်ရေးဝန်ကြီးနဲ့ ပင်တဂွန်စစ်ဌာနချုပ်မှာ တွေ့ဆုံခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကတော့ ကျုးကျော်သူ ရုရှားတပ်ဖွဲ့တွေကို အောင်အောင်မြင်မြင် ခုခံတွန်းလှန်နိုင်အောင် ယူကရိန်း စစ်တပ်အတွက် အရေးတကြီး လိုအပ်နေတဲ့ ကာကွယ်ရေးဆိုင်ရာ အကူအညီတွေ သာမက၊ စာနာမှု အကူအညီတွေ ပေးအပ်ခဲ့တဲ့ ပိုလန်နိုင်ငံကို ချီးကျုးစကား ပြောကြားခဲ့တာပါ။
အမေရိကန်၊ NATO မဟာမိတ်တွေနဲ့ ကမ္ဘာတလွှားက တခြားမိတ်ဆွေနိုင်ငံတွေက လုံခြုံရေးဆိုင်ရာ အကူအညီတွေ ယူကရိန်းအတွက် ပေးအပ်ရာမှာ ပိုလန်နိုင်ငံရဲ့ အခမ်းကဏ္ဍဟာ အရေးပါကြောင်း ပြောပါတယ်။
အကြမ်းဖက်ခံရမှု အန္တရာယ်က ထွက်ပြေးလာကြတဲ့ သန်းနဲ့ချီတဲ့ ယူကရိန်းနိုင်ငံသားတွေကို ပိုလန်ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ လက်ခံကြိုဆိုခဲ့ကြတယ်လို့လည်း ပြောပါတယ်။
လွန်ခဲ့တဲ့ ၂ လလောက်က ယူကရိန်းကို ရုရှားက ကျုးကျော်တိုက်ခိုက်ခဲ့ချိန်ကစလို့ ယူကရိန်း နိုင်ငံသား ၃ သန်းနီးပါး ပိုလန်နိုင်ငံကို ထွက်ပြေးခဲ့ကြတာပါ။ ပိုလန် ကာကွယ်ရေး ဝန်ကြီးကတော့ အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ မူဝါဒနဲ့ ဦးဆောင်မှုဟာ အရေးကြီးတယ်လို့ ခံယူထားကြောင်းနဲ့ အမေရိကန်တပ်ဖွဲ့တွေကို ပိုလန်မှာ လက်ခံထားရတာ ဂုဏ်ယူကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
၂ နိုင်ငံကြား နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေဟာ ကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေးမှာလည်း အကျိုးအမြတ်တွေ ခံစားရလိမ့်မယ်လို့ ပြောပါတယ်။