သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Joe Biden ပိုလန်နိုင်ငံ ခရီးဆက် 


U.S. President Joe Biden travels to Poland
U.S. President Joe Biden travels to Poland


[[Zawgyi/Unicode]]

အမေရိကန်သမ္မတ Joe Biden ဟာ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen နဲ့ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်စ် မြို့တော်မှာ တွေ့ဆုံဆွေးနွေးပြီးတဲနောက် ဒီကနေ့ ပိုလန်နိုင်ငံကို ခရီးဆက်သွားပါပြီ။

ရုရှားထုတ် ဇီဝရုပ်ကြွင်းလောင်စာတွေအပေါ် မှီခိုနေရတာ လျှော့ချရေး ပူးတွဲအလုပ်အဖွဲ့တခု ဖွဲ့စည်းမယ်လို့ သမ္မတဘိုင်ဒန်နဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ von der Leyen တို့က ကြေညာခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ယူကရိန်းမှာ သူ့ရဲ့စစ်ယန္တရားကို မောင်းနှင်ဖို့အတွက် စွမ်းအင်ရောင်းတာကနေရတဲ့ အကျိုးအမြတ်တွေကို သုံးခဲ့တယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။ ယူကရိန်းလူထုအပေါ် သမ္မတပူတင်ရဲ့ ဆိုးရွားရက်စက်တဲ့၊ တရားမျှတမှုမရှိတဲ့စစ်ပွဲကို အထောက်အကူပြုတာမှာ အမေရိကန်လူထု ပါဝင်ပတ်သက်မှုမရှိစေရေး ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ချင်တယ်လို့လည်း သမ္မတဘိုင်ဒန်က ဆိုပါတယ်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ von der Leyen ကလည်း “ရုရှားရဲ့ ဆိုးရွားရက်စက်တဲ့ စစ်ပွဲကို ရင်ဆိုင်ဆန့်ကျင်သွားဖို့ ကျမတို့ ပိုင်းဖြတ်ထားပါတယ်” လို့ ပြောပါတယ်။ ဒီစစ်ပွဲဟာ ပူတင်ရဲ့ မဟာဗျူဟာကျဆုံးမှု ဖြစ်စေရမယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဥရောပအတွက် သဘာဝဓာတ်ငွေ့ရည် ကုဗမီတာပေါင်း ၁၅ ဘီလီယံကို ဒီနှစ်အတွင်း ပေးပို့ခဲ့ပါ တယ်။

ပိုလန်ခရီးစဉ်အတွင်း သမ္မတဘိုင်ဒန်ဟာ ပိုလန်အရှေ့ပိုင်း ယူကရိန်းနယ်စပ်က Rzeszów မြို့ကို သွားရောက်ဖို့ စီစဉ်ထားပါ တယ်။ မြောက်အတ္တလန်တိတ်စာချုပ် NATO မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ပိုလန်နိုင်ငံဟာ ယူကရိန်းဒုက္ခသည် သန်းနဲ့ချီပြီး လက်ခံ ထားပါတယ်။

သမ္မတ Joe Biden ပိုလန်နိုင်ငံ ခရီးဆက်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

===============
[[Unicode]]








===============

XS
SM
MD
LG