သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO မဟာမိတ်တွေနဲ့ ရပ်တည်ကြောင်းပြသရမယ့် ကန်ဒုသမ္မတ ရဲ့ ပိုလန်ခရီးစဉ်


U.S. Vice President Kamala Harris disembarks from Air Force Two upon arrival at Warsaw Chopin Airport, in Warsaw
U.S. Vice President Kamala Harris disembarks from Air Force Two upon arrival at Warsaw Chopin Airport, in Warsaw

ယူကရိန်းနိုင်ငံကို အကာအကွယ်ပေးနိုင်ဖို့နဲ့ တချိန်တည်းမှာပဲ ဥရောပမှာ စစ်ပွဲတွေ ပျံ့နှံ့မလာအောင် ရှောင်ရှားနိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေကို အမေရိကန်အစိုးရက NATO မဟာမိတ်တွေနဲ့ ဆွေးနွေးတိုင်ပင်နေချိန်မှာပဲ အမေရိကန်ဒုသမ္မတ Kamala Harris ပိုလန်နိုင်ငံ၊ ဝါဆောမြို့တော်ကို ဗုဒ္ဓဟူးနေ့က ထွက်ခွာသွားပါတယ်။

NATO မဟာမိတ်တွေနဲ့ ရပ်တည်ကြောင်းပြသရမယ့် ကန်ဒုသမ္မတ ရဲ့ ပိုလန်ခရီးစဉ်


{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံကို အကာအကွယ်ပေးနိုင်ဖို့နဲ့ တချိန်တည်းမှာပဲ ဥရောပမှာ စစ်ပွဲတွေ ပျံ့နှံ့မလာအောင် ရှောင်ရှားနိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေကို အမေရိကန်အစိုးရက NATO မဟာမိတ်တွေနဲ့ ဆွေးနွေးတိုင်ပင်နေချိန်မှာပဲ အမေရိကန်ဒုသမ္မတ Kamala Harris ပိုလန်နိုင်ငံ၊ ဝါဆောမြို့တော်ကို ဗုဒ္ဓဟူးနေ့က ထွက်ခွာသွားပါတယ်။ အမေရိကန် ဒုသမ္မတရဲ့ ခရီးစဉ်မှာ NATO မဟာမိတ်တွေနဲ့ အခိုင်အမာ ရပ်တည်ပြီး၊ ယူကရိန်းကို ဆက်လက် ကူညီမယ့်အကြောင်း သတင်စကားပါးလိမ့်မယ်လို့လည်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဆိုဗီယက် ယူနီယံလက်ထက်က MiG-29 ရုရှားတိုက်လေယာဉ်တွေကို ပိုလန်နိုင်ငံက ယူကရိန်းနိုင်ငံအတွက် အမေရိကန်ကတဆင့် လှူဒါန်းဖို့ ကမ်းလှမ်းချက်ကြောင့် သံတမန်ရေး ပြဿနာတွေ ပေါ်ပေါက်နေချိန်မှာပဲ အမေရိကန် ဒုသမ္မတ ပိုလန်နိုင်ငံကို သွားရောက်ခဲ့တာပါ။ ယူကရိန်းအတွက် ရုရှားတိုက်လေယာဉ်တွေ လှူဒါန်းပြီး၊ အပြန်အလှန် အနေနဲ့ အမေရိကန်က တိုက်လေယာဉ်တွေ ရရှိဖို့ ပိုလန်နိုင်ငံက လိုလားနေတာ ဖြစ်ပါတယ်။ ပိုလန်နိုင်ငံက လူသိရှင်ကြား အစီအစဉ်ကို မကြေညာခင်အထိ အမေရိကန်အစိုးရက တရားဝင် လက်ခံကြောင်း ပြောဆိုထားတာ မရှိသေးသလို၊ အမေရိကန် စစ်ဌာနချုပ်ကလည်း လက်တွေ့မကျဘူးဆိုပြီး အင်္ဂါနေ့မှာပဲ ပယ်ချခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တတိယ အဆင့်အမြင့်ဆုံး သံတမန်ဖြစ်တဲ့ Victoria Nuland ကလည်း အစီအစဉ်နဲ့ ပတ်သက်လို့ ပိုလန်နိုင်ငံက လူသိရှင်ကြား ပြောတော့မှသာ သိရကြောင်းနဲ့ လွှတ်တော်ရေးရာ ကော်မတီတခုရှေ့မှောက်မှာ ထွက်ဆိုနေချိန် ဒီကိစ္စအတွက် မေးခွန်းထုတ်ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

ပိုလန်အစိုးရ တာဝန်ရှိသူတွေကတော့ အမေရိကန်အစိုးရရဲ့ အကြံပေးချက်အပေါ် ဆောင်ရွက်ခဲ့တာလို့ ပြောဆိုထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ MiG-29 ရုရှားတိုက်လေယာဉ်တွေကို ပိုလန်က လှူဒါန်းမယ်ဆိုရင် ပိုလန်ကို တိုက်လေယာဉ်တွေ ပေးအပ်ဖို့ စဉ်းစားမယ့်အကြောင်း တနင်္ဂနွေနေ့က ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

.............................................


{{Unicode}}




XS
SM
MD
LG