သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတနဲ့ ကန်ဒုသမ္မတတို့ ဥတုရာသီ စီးပွားရေးနဲ့ ကမ္ဘာ့ကျန်းမာရေး ဆွေးနွေး


ပါရီမြို့မှာ ရောက်ရှိနေတဲ့ အမေရိကန် ဒုသမ္မတ Kamala Harris. (နိုဝင်ဘာ ၉၊ ၂၀၂၁)
ပါရီမြို့မှာ ရောက်ရှိနေတဲ့ အမေရိကန် ဒုသမ္မတ Kamala Harris. (နိုဝင်ဘာ ၉၊ ၂၀၂၁)

(Zawgyi / Unicode)

ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အမေရိကန် ဒုတိယသမ္မတ Kamala Harris တို့ဟာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ တွေ့ဆုံပြီး ရာသီဥတု အပြောင်းအလဲ၊ စီးပွားရေး၊ ကမ္ဘာ့ကျန်းမာရေးနဲ့ ထုတ်လုပ်ရေးကွင်းဆက် ကိစ္စတွေကို ဆွေးနွေးကြပါလိမ့်မယ်။

အမေရိကန်-ပြင်သစ် ဆက်ဆံရေး ထိခိုက်ခဲ့တာကို ပြန်ပြင်ဖို့အတွက် Kamala Harris ဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ် ပါရီကို အင်္ဂါနေ့က ရောက်ရှိလာခဲ့တာပါ။

အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့က ရေငုပ်သင်္ဘော တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးလိုက်ကြပြီးတဲ့နောက် ချုပ်ဆိုထားပြီး ဖြစ်တဲ့ ပြင်သစ်-သြစတြေးလျ စာချုပ်ကို ထိခိုက်ခဲ့ရတာကြောင့် အမေရိကန်-ပြင်သစ် ဆက်ဆံရေးဟာ သမိုင်းတလျှောက် အနိမ့်ဆုံးကို ရောက်သွားခဲ့ရပါတယ်။

Kamala Harris နဲ့ သူ့ခင်ပွန်း Doug Emhoff တို့ဟာ Pasteur Institute ကို အင်္ဂါနေ့က သွားရောက်ကြည့်ရှုခဲ့ကြပြီး အမေရိကန် စစ်သင်္ချိုင်းမှာ အမေရိကန် စစ်မှုထမ်းဟောင်းများနေ့ အမှတ်တရပန်းခွေ ချခဲ့ကြပါတယ်။

အမေရိကန်-ပြင်သစ် ဆက်ဆံရေးဟာ ကမ္ဘာလုံးဆိုင်ရာသဘော ဆောင်တဲ့အပြင် ပြင်သစ်နဲ့ အခြား ဥရောပမဟာမိတ်များဟာ အမေရိကန်ပြည်ထောင်စုရဲ့ အနာဂတ်အတွက် သော့ချက်ကျတဲ့အတွက်ကြောင့် နှစ်နိုင်ငံဆက်ဆံရေးက အရေးကြီးပါတယ်လို့ အမေရိကန်အစိုးရ အကြီးတန်းအရာရှိတဦးက သတင်းထောက်တွေကို အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)

ပွငျသဈသမ်မတနဲ့ ကနျဒုသမ်မတတို့ ဥတုရာသီ စီးပှားရေးနဲ့ ကမ်ဘာ့ကနြျးမာရေး ဆှေးနှေး

ပွငျသဈသမ်မတ Emmanuel Macron နဲ့ အမရေိကနျ ဒုတိယသမ်မတ Kamala Harris တို့ဟာ ဗုဒ်ဓဟူးနေ့ ညနပေိုငျးမှာ တှေ့ဆုံပွီး ရာသီဥတု အပွောငျးအလဲ၊ စီးပှားရေး၊ ကမ်ဘာ့ကနြျးမာရေးနဲ့ ထုတျလုပျရေးကှငျးဆကျ ကိစ်စတှကေို ဆှေးနှေးကွပါလိမ့ျမယျ။





XS
SM
MD
LG