သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်းနိုင်ငံတွေအပေါ် တရုတ်နိုင်ငံရဲ့လုပ်ရပ် အမေရိကန်ဒုသမ္မတ ထောက်ပြ


美国副总统哈里斯2021年8月24日在访问新加坡期间发表讲话(路透社)
美国副总统哈里斯2021年8月24日在访问新加坡期间发表讲话(路透社)

{{Zawgyi/Unicode}}

တောင်တရုတ် ပင်လယ်ပြင်ရဲ့ နယ်မြေအများစုကို ပိုင်ဆိုင်ကြောင်း ပြသဖို့ အတင်းအကျပ်လုပ်တာ၊ ခြိမ်းခြောက်တာတွေကို တရုတ်နိုင်ငံက ဆက်လုပ်နေဆဲဖြစ်ကြောင်း အရှေ့တောင်အာရှဒေသကို ခရီးထွက်နေတဲ့ အမေရိကန် ဒုတိယသမ္မတ Kamala Harris ကပြောလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေဟာ တရားဥပဒေစိုးမိုးရေး အခြေခံတွေကို ထိခိုက်စေပြီး၊ တိုင်းပြည်တွေရဲ့ အချုပ်အခြာအာဏာကိုလည်း ခြိမ်းခြောက်ရာရောက်ကြောင်း စင်္ကာပူနိုင်ငံကို ရောက်နေစဉ် အင်္ဂါနေ့က အမေရိကန် ဒုသမ္မတက ပြောဆိုလိုက်တာပါ။

အမေရိကန်သမ္မတ Joe Biden အစိုးရရဲ့ နိုင်ငံခြားရေးရာ မူဝါဒမှာတော့ တရုတ်နိုင်ငံရဲ့ သြဇာအရှိန်အဝါကို တန်ပြန်နိုင်ရေး အဓိကဦးစားပေး ကိစ္စတခုအဖြစ် ထည့်သွင်းထားပါတယ်။

တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့အတူ အမေရိကန်က ရပ်တည်ကြောင်းလည်း ဒုသမ္မတ Harris ကပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း အရှေ့တောင်အာရှနဲ့ အင်ဒို၊ ပစိဖိတ်ဒေသ နိုင်ငံတွေကို အမေရိကန်က ထိတွေ့ဆက်ဆံရာမှာ နိုင်ငံတနိုင်ငံကို ဆန့်ကျင်ဖို့ မဟုတ်သလို၊ နိုင်ငံတွေကို ရွေးချယ် ဆက်ဆံဖို့ ဖိအားပေးမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

ဒေသတွင်းမှာ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့်နိုင်ရေး အပြုသဘော ဆက်ဆံဖို့သာ ရည်ရွယ်ထားကြောင်းလည်း ပြောခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin ကတော့ အမေရိကန်ဟာ တခြားနိုင်ငံတွေကို အတင်းအကျပ် ဖိအားပေး အနိုင်ကျင့်ပြီး၊ တန်ရာတန်ဘိုး မပေးချင်တဲ့ စနစ်တခုကို ကျင့်သုံးဖို့ ကြိုးပမ်းနေကြောင်း ပြောဆိုခဲ့တာပါ။

အမေရိကန် ဒုသမ္မကတော့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်၊ အတားအဆီးမရှိတဲ့ ကူးသန်းရောင်းဝယ်မှုတွေနဲ့အတူ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ တရားဥပဒေစိုးမိုးရေး တိုးတက်အောင်လုပ်ဖို့ အမေရိကန်က ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

.............................................

တိုက်ရိုက် လင့်ခ်


{{Unicode}}








XS
SM
MD
LG