သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန်လက်ရှိအခြေအနေအပေါ် ကန်နဲ့ ဗြိတိန်ရပ်တည်ချက်


 ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့အ မရေိကန်သမ္မတ Joe Biden ( ဓာတ်ပုံ - AFP )
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့အ မရေိကန်သမ္မတ Joe Biden ( ဓာတ်ပုံ - AFP )

(Zawgyi/Unicode)

အာဖဂန်နစ္စတန်နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း ရထားတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေကို ထိန်းသိမ်းကာကွယ်ဖို့ လူသားစာနာမှုနဲ့ သံတမန်ရေးဆိုင်ရာ နည်းလမ်းမှန်သမျှကို အသုံးပြုသွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကပြောပါတယ်။ တာလီဘန်တွေအပေါ် သူတို့ရဲ့လုပ်ဆောင်ချက်ကိုကြည့်ပြီး ဆုံးဖြတ်သွားမယ်လို့လည်း ဆိုပါတယ်။

သြစတြေးလျနိုင်ငံက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းကဆိုရင် အာဖဂန်နစ္စတန်ကနေ လူပေါင်း ၁,၆၀၀ ကျော်ကို ကယ်ထုတ်ခဲ့ပြီးပြီလို့ ပြောပါတယ်။

အမေရိကန်အနေနဲ့ ရွှေ့ပြောင်းကယ်ဆယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်အပေါ် အတိအကျ ဦးတည်ချက်ထား လုပ်ဆောင်နေတယ်လို့ ဒုသမ္မတ Kamala Harris ကပြောပါတယ်။ သိပ်ကိုခက်ခဲပြီး အန္တရာယ်ကြီးလှတဲ့ အခြေအနေအောက်မှာ လေယာဉ်တွေနဲ့ ကယ်ထုတ်နေတဲ့ ဒီ သမိုင်းဝင် လုပ်ဆောင်ချက်ကို လက်တွေ့ အကောင်အထည်ဖော်နေကြတဲ့ စစ်ဘက်နဲ့သံရုံးဝန်ထမ်းတွေကို ဒုသမ္မတ Harris က ဒီကနေ့ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

အာဖဂန်နစ္စတန်ကနေ အမေရိကန် အပြီးတိုင်ထွက်ခွာရေး သမ္မတ ဂျိုး ဘိုင်ဒန်က သတ်မှတ်ထားတဲ့ နောက်ဆုံးရက် သြဂုတ်လ ၃၁ ရက်မှာ အပြီးသတ်ဖို့ အပူတပြင်း လုပ်ဆောင်နေတာနဲ့အမျှ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ လမ်းကြောင်းတွေကတဆင့် တာလီဘန်တွေနဲ့ နေ့စဉ် ဆက်သွယ်မှုရှိနေတယ်လို့ သမ္မတအိမ်ဖြူတော်က တနင်္လာနေ့မှာပြောပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့ဟာ အပြီးသတ်ရမယ့်နေ့ဖြစ်ပြီး ရက်ထပ်တိုးတယ်ဆိုရင် သိမ်းပိုက်မှုကို တိုးချဲ့တဲ့သဘောပဲလို့ တာလီဘန်ပြောခွင့်ရ Suhail Shaheen က ဗြိတိန် Sky News သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းတခုမှာ ပြောထားပါတယ်။

...............................................................................

တိုက်ရိုက် လင့်ခ်



(Unicode)






XS
SM
MD
LG