သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အရေး တရုတ်အစိုးရကို နိုင်ငံတကာ ဖိအားပေးဖို့ ကန်ဒုသမ္မတတိုက်တွန်း


美国副总统哈里斯2021年8月25日在河内会见越南总理范明政(路透社)
美国副总统哈里斯2021年8月25日在河内会见越南总理范明政(路透社)

{{Zawgyi/Unicode}}

တောင်တရုတ်ပင်လယ်ပြင်မှာ နယ်မြေပိုင်ဆိုင်ကြောင်း အကျယ်တဝံ့ ပြောဆိုလာနေတဲ့ တရုတ်နိုင်ငံအပေါ် နိုင်ငံတကာက တိုးမြှင့်ဖိအားပေးဖို့ အမေရိကန် ဒုသမ္မတ Kamala Harris က ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့ ခရီးစဉ် ပထမနေ့မှာပဲ ပြောလိုက်ပါတယ်။

ကမ္ဘာတဝှမ်း ပင်လယ်ရေကြောင်း သွားလာမှုတွေအတွက် ပြဌာန်းထားတဲ့ ပင်လယ်ပြင်ဆိုင်ရာကုလသမဂ္ဂသဘောတူညီချက်ကို လိုက်နာဖို့ တရုတ်အစိုးရကို ဖိအားပေးတဲ့ နည်းလမ်းတွေကို ရှာဖွေဖို့နဲ့ နယ်မြေပိုင်ဆိုင်ကြောင်း အလွန်အကျွံ ပြောဆို အနိုင်ကျင့်တဲ့ လုပ်ရပ်တွေကို ရင်ဆိုင်ဖို့ လိုအပ်ကြောင်းလည်း ဗီယက်နမ် သမ္မတ Nguyen Xuan Phuc နဲ့ တွေ့ဆုံမှုမတိုင်ခင် ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်တာပါ။

ဗီယက်နမ်အပါအဝင် အခြား အရှေ့အာရှ ပစိဖိတ်နိုင်ငံတွေနဲ့ နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားနေချိန်မှာပဲ လူလုပ်ကျွန်း တွေပေါ်မှာ စစ်စခန်းတွေ တည်ဆောက်တာ အပါအဝင် တရုတ်အစိုးရဟာ ဒေသတွင်းမှာ စစ်အင်အား တိုးချဲ့နေတာပါ။ အမေရိကန်သမ္မတ Joe Biden အစိုးရရဲ့ နိုင်ငံခြားရေးရာ မူဝါဒမှာတော့ တရုတ်နိုင်ငံရဲ့ သြဇာအရှိန်အဝါကို တန်ပြန်နိုင်ရေး အဓိကဦးစားပေး ကိစ္စတခုအဖြစ် ထည့်သွင်းထားပါတယ်။

ဗီယက်နမ်နိုင်ငံကို ပထမဆုံးလာရောက်တဲ့ အမေရိကန် ဒုသမ္မတအဖြစ် မိန့်ခွန်းပြောကြားရာမှာ ဗီယက်နမ်ကို ကိုဗစ်ရောဂါ ကာကွယ်ဆေး နောက်ထပ် ၁ သန်း ပေးအပ်ဖို့နဲ့ ဟနွိုင်းမြို့တော်မှာ ဒေသဆိုင်ရာ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာသစ် ဖွင့်လှစ်မယ့် အစီအစဉ်ကိုလည်း ဒုသမ္မတ Harris ကကြေညာခဲ့ပါတယ်။

..........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}





XS
SM
MD
LG