သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီယက္နမ္အတြက္ ကုိဗစ္ကာကြယ္ေဆး ၁ သန္း အေမရိကန္လွဴဒါန္း


အမေရိကန္ဒုသမၼတ Kamala Harris နွင္ ့ ဗီယက္နမ္ ၀န္ၾကီးခ်ဳပ္ Pham Minh Chinh တို ့ဟႏြဳိင္ျမိဳ ့ေတာ္မွာ ေတြ့ဆံုစဥ္ (ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

ဗီယက္နမ္္ႏုိင္ငံအတြက္ Pfizer-BioNTech ကိုဗစ္ကာကြယ္ေဆး အလံုးေရ တသန္း လွဴဒါန္းမယ္ဆိုတာကို အေေမရိကန္ဒုတိသမၼတ Kamala Harris က ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ Phan Minh Chinh နဲ႔ ဒီကေန႔ ဟႏိြဳင္းၿမိဳ႕ေတာ္မွာ ေတြ႔ဆံုခ်ိန္အတြင္း ေျပာဆိုခဲ့တာပါ။

ဗီယက္နမ္ႏုိင္ငံမွာ လူဦးေရ ၉၈ သန္းထဲက ၂% ပဲ ကာကြယ္ေဆးထိုးရေသးတာေၾကာင့္ အာရွႏုိင္ငံေတြထဲ အနိမ့္ဆံုးထဲမွာပါဝင္ပါတယ္။
Delta ဗီဇမ်ဳိးကြဲ ကို႐ိုနာဗိုင္းရပ္စ္ အလ်င္အျမန္ ပ်ံ႕ွႏွံ႔ေနတာနဲ႔ ကာကြယ္ေဆးထိုးတဲ့အေရအတြက္ နည္းလြန္းတာေၾကာင့္ အာရွႏုိင္ငံအမ်ားအျပားမွာ ကူးစက္ ေသဆံုးမႈဒဏ္ကို အျပင္းအထန္ ရင္ဆိုင္ေနၾကရတာပါ။

ကူးစက္မႈႏႈန္း သိပ္ကိုျမင့္မားတဲ့ ဗီဇမ်ဳိးကြဲဗိုင္းရပ္စ္ဟာ အျပင္းအထန္ ပိတ္ပင္ကန္႔သတ္တာေတြကို ဘယ္ေလာက္ေတာင္ အလြယ္တကူ ခ်ဳိးဖ်က္ၿပီး ကူးစက္ႏုိင္တယ္ဆိုတာ ဗီယက္နမ္ႏုိင္ငံထက္ ပိုၿပီး သက္ေသျပႏုိင္တဲ့ႏုိင္ငံ မရွိပါဘူး။

ၿပီးခဲ့တဲ့ႏွစ္ အခ်ိန္အမ်ားစုမွာ ဗီယက္နမ္ႏုိင္ငံဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို ေအာင္ေအာင္ျမင္ျမင္ ထိန္းခ်ဳပ္ႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ ဧၿပီလကစၿပီး Delta မ်ဳိးကြဲေၾကာင့္ ဟိုခ်ီမင္းၿမိဳ႕ေတာ္ကေနစၿပီး COVID-19 ကူးစက္သူ နည္းနည္းစေတြ႔လာခဲ့တာပါ။
ကူးစက္သူအေရအတြက္ ၃၇၀,၀၀၀ ထဲက အားလံုးနီးပါးဟာ ေမလကတည္းက ေတြ႔ခဲ့တာျဖစ္ၿပီး ဒီလထဲမွာေတာ့ ေန႔စဥ္ကူးစက္သူအေရအတြက္ ၁၀,၀၀၀ ကေန စေက်ာ္သြားခဲ့ပါတယ္။ ဒါေၾကာင့္လည္း ႏုိင္္ငံေတာင္ပိုင္းက ေဆး႐ံုေတြမွာ မႏုိင္မနင္းျဖစ္ခဲ့သလို ေသဆံုးတဲ့ႏႈန္းလည္း တိုးလာခဲ့ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) အေနနဲ႔ COVAX အစီအစဥ္ကေနတဆင့္ ကာကြယ္ေဆးျဖန္႔ေဝေပးေနတာမွာ ဗီယက္နမ္ကို ဦးစားေပးၿပီး ကာကြယ္ေဆးပို႔ေပးဖို႔ ဝန္ႀကီးခ်ဳပ္ Pham Minh Chinh က WHO အႀကီးအကဲဆီ အဂၤါေန႔က စာေရးသား ပန္ၾကားခဲ့ပါတယ္။

................................................................................................

ဗီယက်နမ်အတွက် ကိုဗစ်ကာကွယ်ဆေး ၁ သန်း အမေရိကန်လှူဒါန်း

(Unicode)

ဗီယက်နမ်နိုင်ငံအတွက် Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေး အလုံးရေ တသန်း လှူဒါန်းမယ်ဆိုတာကို အေမေရိကန်ဒုတိသမ္မတ Kamala Harris က ဗီယက်နမ်ဝန်ကြီးချုပ် Phan Minh Chinh နဲ့ ဒီကနေ့ ဟနွိုင်းမြို့တော်မှာ တွေ့ဆုံချိန်အတွင်း ပြောဆိုခဲ့တာပါ။

ဗီယက်နမ်နိုင်ငံမှာ လူဦးရေ ၉၈ သန်းထဲက ၂% ပဲ ကာကွယ်ဆေးထိုးရသေးတာကြောင့် အာရှနိုင်ငံတွေထဲ အနိမ့်ဆုံးထဲမှာပါဝင်ပါတယ်။
Delta ဗီဇမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် အလျင်အမြန် ပျံ့ှနှံ့နေတာနဲ့ ကာကွယ်ဆေးထိုးတဲ့အရေအတွက် နည်းလွန်းတာကြောင့် အာရှနိုင်ငံအများအပြားမှာ ကူးစက် သေဆုံးမှုဒဏ်ကို အပြင်းအထန် ရင်ဆိုင်နေကြရတာပါ။

ကူးစက်မှုနှုန်း သိပ်ကိုမြင့်မားတဲ့ ဗီဇမျိုးကွဲဗိုင်းရပ်စ်ဟာ အပြင်းအထန် ပိတ်ပင်ကန့်သတ်တာတွေကို ဘယ်လောက်တောင် အလွယ်တကူ ချိုးဖျက်ပြီး ကူးစက်နိုင်တယ်ဆိုတာ ဗီယက်နမ်နိုင်ငံထက် ပိုပြီး သက်သေပြနိုင်တဲ့နိုင်ငံ မရှိပါဘူး။

ပြီးခဲ့တဲ့နှစ် အချိန်အများစုမှာ ဗီယက်နမ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဧပြီလကစပြီး Delta မျိုးကွဲကြောင့် ဟိုချီမင်းမြို့တော်ကနေစပြီး COVID-19 ကူးစက်သူ နည်းနည်းစတွေ့လာခဲ့တာပါ။
ကူးစက်သူအရေအတွက် ၃၇၀,၀၀၀ ထဲက အားလုံးနီးပါးဟာ မေလကတည်းက တွေ့ခဲ့တာဖြစ်ပြီး ဒီလထဲမှာတော့ နေ့စဉ်ကူးစက်သူအရေအတွက် ၁၀,၀၀၀ ကနေ စကျော်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတောင်ပိုင်းက ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်ခဲ့သလို သေဆုံးတဲ့နှုန်းလည်း တိုးလာခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့ COVAX အစီအစဉ်ကနေတဆင့် ကာကွယ်ဆေးဖြန့်ဝေပေးနေတာမှာ ဗီယက်နမ်ကို ဦးစားပေးပြီး ကာကွယ်ဆေးပို့ပေးဖို့ ဝန်ကြီးချုပ် Pham Minh Chinh က WHO အကြီးအကဲဆီ အင်္ဂါနေ့က စာရေးသား ပန်ကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG