Zawgyi/Unicode
အေမရိကန္ ဒုသမၼတ Kamala Harris ဟာ အေရွ႕ေတာင္အာရွ ႏွစ္ႏိုင္ငံကိုသြားေရာက္တဲ့ ခရီးစဥ္ရဲ႕ ပထမ ခရီးတေထာက္အျဖစ္နဲ႔ ဒီကေန႔ တနဂၤေႏြေန႔မွာပဲ စကၤာပူႏိုင္ငံကို ေရာက္ရွိသြားပါၿပီ။ ဒုတိယ သမၼတ Harris ဟာ မနက္ျဖန္ တနလၤာေန႔မွာေတာ့ စကၤာပူ သမၼတ Halimah Yacob နဲ႔ ေတြဆုံၿပီး တဲ့ေနာက္ စကၤာပူ ဝန္ႀကီးခ်ဳပ္ Lee Hsien Loong နဲ႔ ဆက္လက္ေတြ႕ဆုံမွာ ျဖစ္ပါတယ္။
ေဒသတြင္း စီးပြားေရးအဓိကႏိုင္ငံျဖစ္တဲ့ စကၤာပူခရီးစဥ္အတြင္း ဒုသမၼတ Kamala Harris ဟာ Changi ေရတပ္ အေျခစိုက္စခန္းကိုသြားေရာက္ၿပီး စကၤာပူကိုေရာက္လာတဲ့ USS Tulsa ေလယာဥ္ တင္ စစ္သေဘၤာေပၚက အေမရိကန္ ေရတပ္သားေတြကို ေတြ႔ဆုံ စကားေျပာဖို႔ စီစဥ္ထားပါတယ္။ အဂၤါေန႔ ေႏွာင္းပိုင္းမွာေတာ့ Harris ဟာ အေမရိကန္ ဒုတိယ သမၼတတဦးအေနနဲ႔ ပထမဆုံးအႀကိမ္ ဗီယက္နမ္ႏိုင္ငံကို သြားေရာက္မွာ ျဖစ္ပါတယ္။
ဒုသမၼတ Kamala Harris ဟာ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္လို႔ စည္းမ်ဥ္းအေျခခံ ႏိုင္ငံ တကာ စနစ္တရပ္ ထားရွိေရး၊ လုံၿခဳံေရး၊ ရာသီဥတု ေဖါက္ျပန္ေျပာင္းလဲမႈတိုက္ဖ်က္ေရးနဲ႔ ကပ္ေရာဂါ တိုက္ဖ်က္ေရး ပူးေပါင္းႀကိဳးပမ္းၾကဖို႔ကိစၥေတြကို စကၤာပူ နဲ႔ ဗီယက္နမ္ အရာရွိေတြအားလုံးနဲ႔ ေဆြးေႏြးမယ့္အေၾကာင္း အေမရိကန္အစိုးရ ေျပာခြင့္ရ Symone Sanders က ေျပာဆိုထားပါတယ္။
ဒုသမၼတ Harris ရဲ႕ အေရွ႕ေတာင္အာရွ ၂ ႏိုင္ငံခရီးစဥ္အတြင္း ျမန္မာျပည္အေရး ထည့္သြင္း ေဆြးေႏြးမႈေတြ ျပဳလုပ္ဖို႔ ရွိမရွိဆိုတာေတာ့ အတိအက် မသိရေသးပါဘူး။
ၿပီးခဲ့တဲ့ ဇူလိုင္လထဲ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin နဲ႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး Antony Blinken တို႔ အေရွ႕ေတာင္အာရွႏိုင္ငံေတြကို သြားေရာက္ခဲ့တဲ့ခရီးစဥ္ေတြမွာ ေတာ့ ျမန္မာ့အေရးကို ထည့္သြင္း ေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။ အေမရိကန္ ဒုတိယသမၼတရဲ႕ခရီးစဥ္ဟာ လူဦးေရ သန္း ၆၆၀ ဝန္းက်င္ရွိတဲ့ အေရွ႕ေတာင္ အာရွေဒသတြင္း တ႐ုတ္ႏိုင္ငံရဲ႕ ဩဇာကို တံု႔ျပန္ဖို႔ လက္ရွိ အေမရိကန္အစိုးရရဲ႕ ဆက္လက္ ႀကိဳးပမ္းအားထုတ္ေနမႈတခုလည္း ျဖစ္ပါတယ္။
======
Unicode
ကန် ဒုသမ္မတ စင်္ကာပူရောက်
အမေရိကန် ဒုသမ္မတ Kamala Harris ဟာ အရှေ့တောင်အာရှ နှစ်နိုင်ငံကိုသွားရောက်တဲ့ ခရီးစဉ်ရဲ့ ပထမ ခရီးတထောက်အဖြစ်နဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ စင်္ကာပူနိုင်ငံကို ရောက်ရှိသွားပါပြီ။ ဒုတိယ သမ္မတ Harris ဟာ မနက်ဖြန် တနင်္လာနေ့မှာတော့ စင်္ကာပူ သမ္မတ Halimah Yacob နဲ့ တွေဆုံပြီး တဲ့နောက် စင်္ကာပူ ဝန်ကြီးချုပ် Lee Hsien Loong နဲ့ ဆက်လက်တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒေသတွင်း စီးပွားရေးအဓိကနိုင်ငံဖြစ်တဲ့ စင်္ကာပူခရီးစဉ်အတွင်း ဒုသမ္မတ Kamala Harris ဟာ Changi ရေတပ် အခြေစိုက်စခန်းကိုသွားရောက်ပြီး စင်္ကာပူကိုရောက်လာတဲ့ USS Tulsa လေယာဉ် တင် စစ်သင်္ဘောပေါ်က အမေရိကန် ရေတပ်သားတွေကို တွေ့ဆုံ စကားပြောဖို့ စီစဉ်ထားပါတယ်။ အင်္ဂါနေ့ နှောင်းပိုင်းမှာတော့ Harris ဟာ အမေရိကန် ဒုတိယ သမ္မတတဦးအနေနဲ့ ပထမဆုံးအကြိမ် ဗီယက်နမ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
ဒုသမ္မတ Kamala Harris ဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်လို့ စည်းမျဉ်းအခြေခံ နိုင်ငံ တကာ စနစ်တရပ် ထားရှိရေး၊ လုံခြုံရေး၊ ရာသီဥတု ဖေါက်ပြန်ပြောင်းလဲမှုတိုက်ဖျက်ရေးနဲ့ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းကြိုးပမ်းကြဖို့ကိစ္စတွေကို စင်္ကာပူ နဲ့ ဗီယက်နမ် အရာရှိတွေအားလုံးနဲ့ ဆွေးနွေးမယ့်အကြောင်း အမေရိကန်အစိုးရ ပြောခွင့်ရ Symone Sanders က ပြောဆိုထားပါတယ်။
ဒုသမ္မတ Harris ရဲ့ အရှေ့တောင်အာရှ ၂ နိုင်ငံခရီးစဉ်အတွင်း မြန်မာပြည်အရေး ထည့်သွင်း ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိမရှိဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လထဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken တို့ အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ခရီးစဉ်တွေမှာ တော့ မြန်မာ့အရေးကို ထည့်သွင်း ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ အမေရိကန် ဒုတိယသမ္မတရဲ့ခရီးစဉ်ဟာ လူဦးရေ သန်း ၆၆၀ ဝန်းကျင်ရှိတဲ့ အရှေ့တောင် အာရှဒေသတွင်း တရုတ်နိုင်ငံရဲ့ ဩဇာကို တုံ့ပြန်ဖို့ လက်ရှိ အမေရိကန်အစိုးရရဲ့ ဆက်လက် ကြိုးပမ်းအားထုတ်နေမှုတခုလည်း ဖြစ်ပါတယ်။
#KamalaHarris#VOABurmese#ကင်မလာ#အမေရိကန်ဒုသမ္မတ