(Zawgyi/Unicode)
အေရွ ႔ေတာင္အာရွခရီးစဥ္အတြင္း ဗီယက္နမ္ႏုိင္ငံမွာေရာက္ေနတဲ့ အေမရိကန္ဒုသမၼတ Kamala Harris ကျမန္မာႏုိင္ငံမွာ က်န္းမာေရးဝန္ထမ္းေတြအေပၚ စစ္တပ္ရဲ ႔အၾကမ္းဖက္လုပ္ရပ္ေတြ အဆုံးသတ္ဖို႔ ေတာင္းဆိုသြားပါတယ္။
"ဆရာ၀န္ေတြ သူနာျပဳေတြအတြက္ ဂုဏ္ျပဳခ်ိီးက်ဴးေနရမယ့္ ကာလမ်ိဳးမွာ ျမန္မာႏုိင္ငံမွာေတာ့ က်န္းမာေရး၀န္ထမ္းေတြအေပၚ စစ္တပ္က တုိက္ခိုက္ေနတဲ့အတြက္ စိုးရိမ္မိပါတယ္။ အာဏာသိမ္းထားတဲ့စစ္တပ္က လူ႔အခြင့္အေရးေတြ ဆက္ၿပီး ခ်ိဳးေဖာက္ေနတဲ့အတြက္ သမၼတ ဂ်ိဳး ဘိုင္ဒန္ေရာ က်မပါ အထူးစိုးရိမ္ေနပါတယ္။ အၾကမ္းဖက္မႈေတြကို က်မတို႔ရႈတ္ခ်ပါတယ္။ ျမန္မာျပည္သူေတြနဲ႔အတူ အေမရိကန္ျပည္ေထာင္စုက ရပ္တည္ေနပါတယ္။ ဒီလုပ္ရပ္ေတြ ရပ္ရပါလိမ့္မယ္။ အၾကမ္းဖက္မႈေတြရပ္ဖို႔၊ မတရားဖမ္းဆီးခံထားရသူအားလုံးျပန္လြတ္ေပးဖို႔နဲ႔ ဒီမိုကေရစီစနစ္ျပန္ေဖာ္ေဆာင္ဖို႔ ထပ္ၿပီးေတာင္းဆိုပါတယ္“ လို႔ ဒီကေန႔ပဲ ဒုသမၼတ Harris က ေျပာဆိုသြားပါတယ္။
ဒုသမၼတ Harris ဟာ သီတင္းတပတ္ၾကာ စကၤာပူနဲ႔ ဗီယက္နမ္ ခရီးစဥ္အတြင္း ႏွစ္ႏုိ္င္ငံစလံုးမွာေျပာတဲ့ ႏုိင္ငံျခားေရးဆိုင္ရာမိန္႔ခြန္းထဲ ျမန္မာႏုိင္ငံနဲ႔ပတ္သက္ၿပီး ထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဗီယက္နမ္ ထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံခဲ့တဲ့ ဒုသမၼတ Harris က ေဒသတြင္းႏုိင္ငံေတြနဲ႔ တရုတ္တို႔ၾကား အျငင္းပြါးေနတဲ့ ေတာင္တရုတ္ေရျပင္ပုိင္နက္အေရးအပါအ၀င္ အျခားကိစၥရပ္အေတာ္မ်ားမ်ားမွာလည္း ဗီယက္နမ္ဖက္က ရပ္တည္ေၾကာင္း ေျပာဆိုခဲ့တာပါ။ ဗီယက္နမ္သမၼတ Nguyen Xuan Phuc၊ ဒုသမၼတ Vo Thi Anh Xuan အျပင္ ၀န္ႀကီးခ်ဳပ္ Pham Minh Chinh တို႔နဲ႔လည္း ဒုသမၼတ Harris ေတြ႔ဆုံခဲ့သလို၊ ေဒသတြင္း အေမရိကန္စစ္သေဘၤာေတြ ထပ္ၿပီး ေစလႊတ္ေပးႏုိင္ပါတယ္လို႔လည္း ကမ္းလွမ္းခဲ့ပါတယ္။ ေရျပင္နယ္နိ္ိမိတ္ေတြတိုးခ်ဲ ႔တရုတ္ႏိုင္ငံအေပၚ ဖိအားတိုးေပးဖို႔လိုတယ္လို႔လည္း ဗီယက္နမ္သမၼတနဲ႔ ေတြ႔ဆုံခ်ိန္အတြင္း ဒုသမၼတ Kamala Harris ကေျပာၾကားခဲ့ပါတယ္။
..........................................................................................
ကျန်းမာရေးလုပ်သားတွေပေါ် စစ်ကောင်စီအကြမ်းဖက်မှုရပ်ဖို့ ကန်ဒုသမ္မတတောင်းဆို
(Unicode)
အရှေ့တောင်အာရှခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံမှာရောက်နေတဲ့ အမေရိကန်ဒုသမ္မတ Kamala Harris ကမြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ဖို့ တောင်းဆိုသွားပါတယ်။
"ဆရာဝန်တွေ သူနာပြုတွေအတွက် ဂုဏ်ပြုချီးကျူးနေရမယ့် ကာလမျိုးမှာ မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးဝန်ထမ်းတွေအပေါ် စစ်တပ်က တိုက်ခိုက်နေတဲ့အတွက် စိုးရိမ်မိပါတယ်။ အာဏာသိမ်းထားတဲ့စစ်တပ်က လူ့အခွင့်အရေးတွေ ဆက်ပြီး ချိုးဖောက်နေတဲ့အတွက် သမ္မတ ဂျိုး ဘိုင်ဒန်ရော ကျမပါ အထူးစိုးရိမ်နေပါတယ်။ အကြမ်းဖက်မှုတွေကို ကျမတို့ရှုတ်ချပါတယ်။ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်နေပါတယ်။ ဒီလုပ်ရပ်တွေ ရပ်ရပါလိမ့်မယ်။ အကြမ်းဖက်မှုတွေရပ်ဖို့၊ မတရားဖမ်းဆီးခံထားရသူအားလုံးပြန်လွတ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ်ပြန်ဖော်ဆောင်ဖို့ ထပ်ပြီးတောင်းဆိုပါတယ်“ လို့ ဒီကနေ့ပဲ ဒုသမ္မတ Harris က ပြောဆိုသွားပါတယ်။
ဒုသမ္မတ Harris ဟာ သီတင်းတပတ်ကြာ စင်္ကာပူနဲ့ ဗီယက်နမ် ခရီးစဉ်အတွင်း နှစ်နိုင်ငံစလုံးမှာပြောတဲ့ နိုင်ငံခြားရေးဆိုင်ရာမိန့်ခွန်းထဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ဗီယက်နမ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ဒုသမ္မတ Harris က ဒေသတွင်းနိုင်ငံတွေနဲ့ တရုတ်တို့ကြား အငြင်းပွါးနေတဲ့ တောင်တရုတ်ရေပြင်ပိုင်နက်အရေးအပါအဝင် အခြားကိစ္စရပ်အတော်များများမှာလည်း ဗီယက်နမ်ဖက်က ရပ်တည်ကြောင်း ပြောဆိုခဲ့တာပါ။ ဗီယက်နမ်သမ္မတ Nguyen Xuan Phuc၊ ဒုသမ္မတ Vo Thi Anh Xuan အပြင် ဝန်ကြီးချုပ် Pham Minh Chinh တို့နဲ့လည်း ဒုသမ္မတ Harris တွေ့ဆုံခဲ့သလို၊ ဒေသတွင်း အမေရိကန်စစ်သင်္ဘောတွေ ထပ်ပြီး စေလွှတ်ပေးနိုင်ပါတယ်လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။ ရေပြင်နယ်နိမိတ်တွေတိုးချဲ့တရုတ်နိုင်ငံအပေါ် ဖိအားတိုးပေးဖို့လိုတယ်လို့လည်း ဗီယက်နမ်သမ္မတနဲ့ တွေ့ဆုံချိန်အတွင်း ဒုသမ္မတ Kamala Harris ကပြောကြားခဲ့ပါတယ်။