သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ဝါဒ ပူးေပါင္းတိုက္ဖ်က္ေရး ကန္-ျပင္သစ္ ထပ္မံကတိျပဳ


EU France US Harris

အၾကမ္းဖက္ဝါဒ ပူးေပါင္းတိုက္ဖ်က္ေရး ကန္-ျပင္သစ္ ထပ္မံကတိျပဳ

{{Zawgyi/Unicode}}

အေမရိကန္ နဲ့ျပင္သစ္အၾကား ကမၻာ့အၾကမ္းဖက္သမားႏွိမ္နင္းေရးမွာ ပူးေပါင္းလုပ္ေဆာင္ၾကဖုိ့ သေဘာတူညီမွုရရွိထားတာကုိထပ္မံအတည္ျပုႏုိင္ခဲ့ေၾကာင္း ျပင္သစ္ႏုိင္ငံမွာေရာက္ရွိေနတဲ့အေမရိကန္ဒုတိယ သမတ Kamala Harris ကေသာၾကာေန့မွာေျပာဆုိလုိက္ပါတယ္။

အထူးသျဖင့္ေတာ့ အေျခအေနဆုိးရြားေနတဲ့ အာဖရိကတုိက္ Sahel ဆာဟဲ ေဒသကအၾကမ္းဖက္ သမားတုိက္ဖ်က္ေရးေတြကုိပူးေပါင္းလုပ္ေဆာင္ၾကဖုိ့ျဖစ္ပါတယ္လုိ့ ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ ဒုတိယ သမတဟာ ျပင္သစ္ႏုိင္ငံကုိ ၄ ရက္ၾကာသြားေရာက္လည္ပတ္တာျဖစ္ၿပီး သမတ ဘုိင္ဒင္အစုိးရကုိကုိယ္စားျပုၿပီး အေမရိကန္နဲ့ျပင္သစ္အၾကား ဆက္ဆံေရးေတြျပန္လည္တုိးတက္ ေကာင္းမြန္လာေအာင္ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

သူ့ရဲ့ခရီးစဥ္အတြင္း အေျခအတင္ျဖစ္ခဲ့ရတဲ့ ၾသစေၾတလ် ေရငုတ္သေဘၤာကိစၥ မေဆြးေႏြးပါဘူးလုိ့ လည္း ဒုသမတ Harris ကေျပာဆုိပါတယ္။

အတၱလန္တိတ္ေဒသ လုံၿခဳံေရးကိစၥ၊ အာကာသစူးစမ္းေလ့လာေရး၊ ကမၻာက်န္းမာေရးျပႆနာ စတဲ့ကိစၥရပ္ေတြကုိ ျပင္သစ္သမၼတ Macron နဲ့ေဆြးေႏြးခဲ့ေၾကာင္း အေမရိကန္ဒုတိယ သမတ Kamala Harris က ပါရီၿမိဳ့ မွာျပုလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိခဲ့ပါတယ္။

ဒုတိယသမၼတဟာ ေသာၾကာေန့မွာေတာ့ လစ္ဗ်ားႏုိင္ငံဆုိင္ရာထိပ္သီးအစည္းေ၀းကုိ တက္ေရာက္ မွာျဖစ္ၿပီး၊ ဒီအစည္းအေ၀းမွာ လစ္ဗ်ားႏုိင္ငံမွာ သတ္မွတ္ထားတဲ့အတုိင္း လာမယ့္လအတြင္း ေရြးေကာက္ပဲြက်င္းပနုိင္ေရးကုိ ဒီထိပ္သီးအစည္းေ၀မွာေဆြးေႏြးဖုိ့ရွိပါတယ္။

.............................

တိုက္႐ိုက္ လင့္ခ္

အကြမ်းဖက်ဝါဒ ပူးပေါင်းတိုက်ဖျက်ရေး ကန်-ပြင်သစ် ထပ်မံကတိပြု

{{Unicode}}

အမေရိကန် နဲ့ပြင်သစ်အကြား ကမ္ဘာ့အကြမ်းဖက်သမားနှိမ်နင်းရေးမှာ ပူးပေါင်းလုပ်ဆောင်ကြဖို့ သဘောတူညီမှုရရှိထားတာကိုထပ်မံအတည်ပြုနိုင်ခဲ့ကြောင်း ပြင်သစ်နိုင်ငံမှာရောက်ရှိနေတဲ့အမေရိကန်ဒုတိယ သမတ Kamala Harris ကသောကြာနေ့မှာပြောဆိုလိုက်ပါတယ်။

အထူးသဖြင့်တော့ အခြေအနေဆိုးရွားနေတဲ့ အာဖရိကတိုက် Sahel ဆာဟဲ ဒေသကအကြမ်းဖက် သမားတိုက်ဖျက်ရေးတွေကိုပူးပေါင်းလုပ်ဆောင်ကြဖို့ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် ဒုတိယ သမတဟာ ပြင်သစ်နိုင်ငံကို ၄ ရက်ကြာသွားရောက်လည်ပတ်တာဖြစ်ပြီး သမတ ဘိုင်ဒင်အစိုးရကိုကိုယ်စားပြုပြီး အမေရိကန်နဲ့ပြင်သစ်အကြား ဆက်ဆံရေးတွေပြန်လည်တိုးတက် ကောင်းမွန်လာအောင်ကြိုးပမ်းနေတာဖြစ်ပါတယ်။

သူ့ရဲ့ခရီးစဉ်အတွင်း အခြေအတင်ဖြစ်ခဲ့ရတဲ့ သြစတြေလျ ရေငုတ်သင်္ဘောကိစ္စ မဆွေးနွေးပါဘူးလို့ လည်း ဒုသမတ Harris ကပြောဆိုပါတယ်။

အတ္တလန်တိတ်ဒေသ လုံခြုံရေးကိစ္စ၊ အာကာသစူးစမ်းလေ့လာရေး၊ ကမ္ဘာကျန်းမာရေးပြဿနာ စတဲ့ကိစ္စရပ်တွေကို ပြင်သစ်သမ္မတ Macron နဲ့ဆွေးနွေးခဲ့ကြောင်း အမေရိကန်ဒုတိယ သမတ Kamala Harris က ပါရီမြို့ မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒုတိယသမ္မတဟာ သောကြာနေ့မှာတော့ လစ်ဗျားနိုင်ငံဆိုင်ရာထိပ်သီးအစည်းဝေးကို တက်ရောက် မှာဖြစ်ပြီး၊ ဒီအစည်းအဝေးမှာ လစ်ဗျားနိုင်ငံမှာ သတ်မှတ်ထားတဲ့အတိုင်း လာမယ့်လအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ဒီထိပ်သီးအစည်းဝေမှာဆွေးနွေးဖို့ရှိပါတယ်။


XS
SM
MD
LG