သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအေပၚ ႐ုရွားက်ဴးေက်ာ္မႈကုိ ကာကြယ္ဖုိ႔ သမၼတဘုိင္ဒန္ ပုိလန္မွာ သတိေပး


အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္။ (မတ္ ၂၆၊ ၂၀၂၂)

(Zawgyi / Unicode)

ကမာၻတလႊား ေနာင္မ်ဳိးဆက္ေတြအတြက္ ဒီမုိကေရစီကုိ ကာကြယ္ႏုိင္ဖုိ႔ ယူကရိန္းအေပၚ ႐ုရွားရဲ႕ က်ဴးေက်ာ္မႈကုိ အေနာက္ႏုိင္ငံေတြက အကာအကြယ္ေပးဖုိ႔ အေရးႀကီးေၾကာင္း စေနေန႔က ပိုလန္ႏိုင္ငံကို ေရာက္ေနတဲ့ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ေျပာၾကားလိုက္ပါတယ္။

“ဒုတိယကမာၻစစ္ၿပီးေနာက္ပုိင္း ခ်မွတ္ခဲ့တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကုိ အေျခခံတဲ့ ႏိုင္ငံတကာဥပေဒကို တိုက္႐ိုက္စိန္ေခၚလုိက္တာပါ။” လုိ႔ ဒုတိယကမာၻစစ္အတြင္း ၿပိဳက်ပ်က္စီးခဲ့တဲ့ အပိုင္းအစေတြနဲ႔ ၁၉၇၀ နဲ႔ ၈၀ ျပည့္လြန္ႏွစ္ေတြမွာ ျပန္လည္တည္ေဆာက္ခဲ့တဲ့ ပိုလန္ႏိုင္ငံ ဝါေဆာၿမိဳ႕ေတာ္က အထင္ကရေနရာျဖစ္တဲ့ Royal Castle မွာ ေျပာၾကားတဲ့ မိန္႔ခြန္းမွာ ေျပာခဲ့တာပါ။

အႂကြင္းမဲ့အာဏာနဲ႔ ထိန္းခ်ဳပ္ႏုိင္ဖုိ႔ အျပင္းအထန္ အင္အားသုံး၊ သတင္းမွားေတြကုိ သုံးၿပီး စိတ္လိုက္မာန္ပါလုပ္ရပ္ အျဖစ္နဲ႔လည္း ေျပာဆုိခဲ့ပါတယ္။ ေရရွည္တုိက္ပဲြအတြက္ သႏၷိ႒ာန္ခ် ႀကိဳးပမ္းၾကဖုိ႔ တုိက္တြန္းခဲ့တာပါ။

သမၼတ ဘုိင္ဒန္ မိန္႔ခြန္း တုိက္႐ုိက္ထုတ္လႊင့္ခ်က္ကုိ နားေထာင္ဖုိ႔ ယူကရိန္း ဒုကၡသည္ေတြ အပါအဝင္ ပရိသတ္ ၃,၀၀၀ ေလာက္ဟာလည္း Royal Castle ေရွ႕မွာ စုေဝး ေရာက္ရွိခဲ့ၾကပါတယ္။

အေမရိကန္သမၼတကေတာ့ ႐ုရွားသမၼတ Vladimir Putin အေနနဲ႔ NATO ပိုင္နက္ထဲ တလက္မေတာင္ မက်ဴးေက်ာ္ဖို႔လည္း မိန္႔ခြန္းမွာ သတိေပးခဲ့တာပါ။

အေမရိကန္သမၼတ ဘိုင္ဒန္ဟာ မိန္႔ခြန္းမေျပာခင္ အေစာပုိင္းမွာ ပိုလန္သမၼတ Andrzej Duda အပါအဝင္ အစုိးရတာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုၿပီး ယူကရိန္းအေပၚ ႐ုရွားက်ဴးေက်ာ္မႈနဲ႔ ပတ္သက္လုိ႔ ေဆြးေႏြးခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ ယူကရိန္းအေနာက္ပိုင္းက Lviv ေဒသမွာ စေနေန႔က ေရာ့ကက္ေလာင္ခ်ာနဲ႔ တုိက္ခုိက္မႈ ၂ ခုေၾကာင့္ လူ ၅ ဦး ဒဏ္ရာရခဲ့ေၾကာင္း ကနဦး သတင္းအခ်က္အလက္ေတြကုိ ကုိးကားၿပီး ၿမိဳ႕ေတာ္ဝန္က ေျပာပါတယ္။ လူဦးေရ ၇ သိန္းေလာက္ရွိတဲ့ ၿမိဳ႕ဟာ ဒုကၡသည္ေတြ လာေရာက္ခိုလႈံတဲ့ အဓိကၿမိဳ႕တၿမိဳ႕ျဖစ္ၿပီး စေနေန႔မတုိင္ခင္ အခ်ိန္အထိ တုိက္ခုိက္ခံရတာ မရွိခဲ့ဖူးပါဘူး။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကို ကာကွယ်ဖို့ သမ္မတဘိုင်ဒန် ပိုလန်မှာ သတိပေး

ကမ္ဘာတလွှား နောင်မျိုးဆက်တွေအတွက် ဒီမိုကရေစီကို ကာကွယ်နိုင်ဖို့ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုကို အနောက်နိုင်ငံတွေက အကာအကွယ်ပေးဖို့ အရေးကြီးကြောင်း စနေနေ့က ပိုလန်နိုင်ငံကို ရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

“ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ချမှတ်ခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံတဲ့ နိုင်ငံတကာဥပဒေကို တိုက်ရိုက်စိန်ခေါ်လိုက်တာပါ။” လို့ ဒုတိယကမ္ဘာစစ်အတွင်း ပြိုကျပျက်စီးခဲ့တဲ့ အပိုင်းအစတွေနဲ့ ၁၉၇၀ နဲ့ ၈၀ ပြည့်လွန်နှစ်တွေမှာ ပြန်လည်တည်ဆောက်ခဲ့တဲ့ ပိုလန်နိုင်ငံ ဝါဆောမြို့တော်က အထင်ကရနေရာဖြစ်တဲ့ Royal Castle မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောခဲ့တာပါ။

အကြွင်းမဲ့အာဏာနဲ့ ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် အင်အားသုံး၊ သတင်းမှားတွေကို သုံးပြီး စိတ်လိုက်မာန်ပါလုပ်ရပ် အဖြစ်နဲ့လည်း ပြောဆိုခဲ့ပါတယ်။ ရေရှည်တိုက်ပွဲအတွက် သန္နိဋ္ဌာန်ချ ကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့တာပါ။

သမ္မတ ဘိုင်ဒန် မိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်ချက်ကို နားထောင်ဖို့ ယူကရိန်း ဒုက္ခသည်တွေ အပါအဝင် ပရိသတ် ၃,၀၀၀ လောက်ဟာလည်း Royal Castle ရှေ့မှာ စုဝေး ရောက်ရှိခဲ့ကြပါတယ်။

အမေရိကန်သမ္မတကတော့ ရုရှားသမ္မတ Vladimir Putin အနေနဲ့ NATO ပိုင်နက်ထဲ တလက်မတောင် မကျူးကျော်ဖို့လည်း မိန့်ခွန်းမှာ သတိပေးခဲ့တာပါ။

အမေရိကန်သမ္မတ ဘိုင်ဒန်ဟာ မိန့်ခွန်းမပြောခင် အစောပိုင်းမှာ ပိုလန်သမ္မတ Andrzej Duda အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းအနောက်ပိုင်းက Lviv ဒေသမှာ စနေနေ့က ရော့ကက်လောင်ချာနဲ့ တိုက်ခိုက်မှု ၂ ခုကြောင့် လူ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ကနဦး သတင်းအချက်အလက်တွေကို ကိုးကားပြီး မြို့တော်ဝန်က ပြောပါတယ်။ လူဦးရေ ၇ သိန်းလောက်ရှိတဲ့ မြို့ဟာ ဒုက္ခသည်တွေ လာရောက်ခိုလှုံတဲ့ အဓိကမြို့တမြို့ဖြစ်ပြီး စနေနေ့မတိုင်ခင် အချိန်အထိ တိုက်ခိုက်ခံရတာ မရှိခဲ့ဖူးပါဘူး။

XS
SM
MD
LG