သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအေပၚ ရုရွားလုပ္ရပ္ စစ္ရာဇဝတ္မႈအျဖစ္ ကန္ စြပ္စဲြ


UKRAINE-CRISIS/USA-WARCRIMES

ယူကရိန္းႏုိင္ငံမွာ ႐ုရွားတပ္ဖဲြ႔ေတြရဲ႕ လုပ္ရပ္ေတြဟာ စစ္ရာဇ၀တ္မႈ ေျမာက္ေၾကာင္း အေမရိကန္ျပည္ေထာင္စုက ဗုဒၶဟူးေန႔မွာပဲ တရား၀င္ သတ္မွတ္ေၾကညာလုိက္ပါတယ္။ စစ္ရာဇ၀တ္မႈ က်ဳးလြန္သူေတြကုိ အေရးယူႏုိင္ေအာင္ လက္တဲြႀကိဳးပမ္းသြားမွာ ျဖစ္ေၾကာင္းလည္း အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken ကေျပာဆုိခဲ့တာပါ။

ယူကရိန္းအေပၚ ရုရွားလုပ္ရပ္ စစ္ရာဇဝတ္မႈအျဖစ္ ကန္ စြပ္စဲြ

{{Zawgyi/Unicode}}
ယူကရိန္းႏုိင္ငံမွာ ႐ုရွားတပ္ဖဲြ႔ေတြရဲ႕ လုပ္ရပ္ေတြဟာ စစ္ရာဇဝတ္မႈ ေျမာက္ေၾကာင္း အေမရိကန္ျပည္ေထာင္စုက ဗုဒၶဟူးေန႔မွာပဲ တရားဝင္ သတ္မွတ္ေၾကညာလုိက္ပါတယ္။ စစ္ရာဇဝတ္မႈ က်ဳးလြန္သူေတြကုိ အေရးယူႏုိင္ေအာင္ လက္တဲြႀကိဳးပမ္းသြားမွာ ျဖစ္ေၾကာင္းလည္း အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken ကေျပာဆုိခဲ့တာပါ။

လတ္တေလာ ရရွိထားတဲ့ သတင္းအခ်က္အလက္ေတြအရ ႐ုရွားတပ္ဖဲြ႔ေတြဟာ ယူကရိန္းမွာ စစ္ရာဇဝတ္မႈ က်ဳးလြန္ေနတယ္လုိ႔ အေမရိကန္အစုိးရက သုံးသပ္ေၾကာင္း NATO အဖဲြ႔ အေရးေပၚ အစည္းအေဝးအတြက္ ဘယ္လ္ဂ်ီယံႏုိင္ငံ ဘရပ္ဆဲလ္ၿမိဳ႕ကုိ သမၼတ Joe Biden နဲ႔အတူ ဗုဒၶဟူးေန႔က ထြက္ခြာသြားတဲ့ ဝန္ႀကီးဘလင္ကန္က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆုိလုိက္တာ ျဖစ္ပါတယ္။

က်ဳးလြန္သူေတြကုိ တရားဥပေဒနဲ႔အညီ အေရးယူႏုိင္ေအာင္ ႀကိဳးပမ္းသြားမွာ ျဖစ္ေၾကာင္းလည္း အေမရိကန္ ႏုိင္ငံျခားေရးဌာန ႏုိင္ငံတကာ ရာဇဝတ္မႈခင္းဆုိင္ရာ အထူးသံတမန္ Beth Van Schaack ကေျပာပါတယ္။

“ယူကရိန္းမွာ စစ္ရာဇဝတ္မႈ က်ဳးလြန္တယ္ဆုိတဲ့ သတင္းေတြနဲ႔ ပတ္သက္လုိ႔ အေမရိကန္က ဆက္လက္ ေျခရာခံစုံစမ္းသြားမွာျဖစ္ၿပီး ရရွိလာတဲ့ သတင္းအခ်က္အလက္ေတြကုိလည္း လုိအပ္သလုိ မဟာမိတ္ေတြ၊ မိတ္ဖက္ေတြ၊ ႏုိင္ငံတကာ အဖဲြ႔အစည္းေတြနဲ႔ မွ်ေ၀သြားမွာ ျဖစ္ပါတယ္။” လုိ႔ အထူးသံတမန္ Schaack က ဗုဒၶဟူးေန႔ ႏုိင္ငံျခားေရးဝန္ႀကီးဌာန သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိလုိက္တာပါ။

ဘယ္သူဘယ္ဝါ မခဲြျခားပဲ တုိက္ခုိက္တာေတြ၊ အရပ္သားေတြကုိ တမင္သက္သက္ တုိက္ခုိက္တာေတြ၊ တျခား ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြနဲ႔ ပတ္သက္လုိ႔ ခုိင္လုံတဲ့သတင္းေတြ ရရွိထားေၾကာင္းလည္း ဝန္ႀကီးဘလင္ကန္က ေၾကညာခ်က္မွာ ေျပာဆုိထားပါတယ္။

႐ုရွားတပ္ဖဲြ႔ေတြဟာ လူေနတုိက္ခန္းေတြ၊ စာသင္ေက်ာင္းေတြ၊ အေရးႀကီးတဲ့ အေျခခံအေဆာက္အအုံေတြ၊ အရပ္သား ေမာ္ေတာ္ယာဥ္ေတြ၊ ကုန္တုိက္ေတြ၊ အေရးေပၚယာဥ္ေတြကုိ ဖ်က္ဆီးခဲ့သလုိ၊ အျပစ္မဲ့အရပ္သား ေထာင္ခ်ီ ေသေက်ထိခုိက္ရေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

အေမရိကန္သမၼတ Joe Biden ကေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ႐ုရွားသမၼတ Vladimir Putin ကုိ စစ္ရာဇဝတ္သားအျဖစ္ သုံးႏႈန္းေျပာဆုိထားပါတယ္။

.............................................................

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းအပေါ် ရုရှားလုပ်ရပ် စစ်ရာဇဝတ်မှုအဖြစ် ကန် စွပ်စွဲ

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံမှာ ရုရှားတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု မြောက်ကြောင်း အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့မှာပဲ တရားဝင် သတ်မှတ်ကြေညာလိုက်ပါတယ်။ စစ်ရာဇဝတ်မှု ကျုးလွန်သူတွေကို အရေးယူနိုင်အောင် လက်တွဲကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုခဲ့တာပါ။

လတ်တလော ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းမှာ စစ်ရာဇဝတ်မှု ကျုးလွန်နေတယ်လို့ အမေရိကန်အစိုးရက သုံးသပ်ကြောင်း NATO အဖွဲ့ အရေးပေါ် အစည်းအဝေးအတွက် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို သမ္မတ Joe Biden နဲ့အတူ ဗုဒ္ဓဟူးနေ့က ထွက်ခွာသွားတဲ့ ဝန်ကြီးဘလင်ကန်က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကျုးလွန်သူတွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ အထူးသံတမန် Beth Van Schaack ကပြောပါတယ်။

“ယူကရိန်းမှာ စစ်ရာဇဝတ်မှု ကျုးလွန်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အမေရိကန်က ဆက်လက် ခြေရာခံစုံစမ်းသွားမှာဖြစ်ပြီး ရရှိလာတဲ့ သတင်းအချက်အလက်တွေကိုလည်း လိုအပ်သလို မဟာမိတ်တွေ၊ မိတ်ဖက်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မျှဝေသွားမှာ ဖြစ်ပါတယ်။” လို့ အထူးသံတမန် Schaack က ဗုဒ္ဓဟူးနေ့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ဘယ်သူဘယ်ဝါ မခွဲခြားပဲ တိုက်ခိုက်တာတွေ၊ အရပ်သားတွေကို တမင်သက်သက် တိုက်ခိုက်တာတွေ၊ တခြား ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့သတင်းတွေ ရရှိထားကြောင်းလည်း ဝန်ကြီးဘလင်ကန်က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ လူနေတိုက်ခန်းတွေ၊ စာသင်ကျောင်းတွေ၊ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ၊ အရပ်သား မော်တော်ယာဉ်တွေ၊ ကုန်တိုက်တွေ၊ အရေးပေါ်ယာဉ်တွေကို ဖျက်ဆီးခဲ့သလို၊ အပြစ်မဲ့အရပ်သား ထောင်ချီ သေကျေထိခိုက်ရကြောင်းလည်း ပြောဆိုခဲ့တာပါ။

အမေရိကန်သမ္မတ Joe Biden ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရုရှားသမ္မတ Vladimir Putin ကို စစ်ရာဇဝတ်သားအဖြစ် သုံးနှုန်းပြောဆိုထားပါတယ်။

XS
SM
MD
LG