သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရေနံတင်သွင်းမှု ပိတ်ပင်ဖို့ ကန်နဲ့ EU ညှိနှိုင်း


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken. (မတ် ၆၊ ၂၀၂၂)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken. (မတ် ၆၊ ၂၀၂၂)

(Zawgyi / Unicode)

အမေရိကန်နဲ့ ဥရောပမဟာမိတ်တွေဟာ ရုရှားနိုင်ငံကနေ သူတို့နိုင်ငံတွေဆီ ရေနံတင်သွင်းမှုကို ပိတ်ပင်ဖို့ ဆွေးနွေးနေကြကြောင်းနဲ့ တချိန်တည်းမှာပဲ ကမ္ဘာတလွှား ရေနံတင်ပို့မှု ပုံမှန်ဖြစ်အောင်လည်း လုပ်ဆောင်နေကြကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ယူကရိန်းကို ရုရှားဝင်တိုက်တာ လက်မခံတဲ့ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းအောင်ရွက်ဖို့ ဥရောပဒေသ ခရီးစဉ် သွားရောက်နေတဲ့ ဝန်ကြီး Blinken က စနေနေ့မှာ သမ္မတဂျိုးဘိုင်ဒန်နဲ့ ဝန်ကြီးများအဖွဲ့နဲ့အတူ ရေနံတင်ပို့မှုဆိုင်ရာကို ဆွေးနွေးခဲ့တယ်လို့လည်း NBC ရုပ်သံမေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။

အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ချခဲ့တဲ့နောက်ပိုင်း လောင်စာဆီဈေးနှုန်းတွေ ထိုးတက်လာတာ ဖြစ်ပါတယ်။ အမေရိကန်က ရုရှားရေနံချက်စက်ရုံတွေအတွက် နည်းပညာတင်ပို့မှု ပိတ်ပင်လိုက်သလို ဥရောပက အသုံးမပြုရသေးတဲ့ Nord Stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက်ပါ အရေးယူခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဘက်က တဖက်သတ် ပိတ်ပင်မှုတွေ လုပ်သင့်ရင် လုပ်မှာဖြစ်ပြီး ဘာပဲလုပ်လုပ် မဟာမိတ်တွေနဲ့ လက်တွဲလုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Blinken က ပြောပါတယ်။

တကယ်တော့ အမေရိကန်နိုင်ငံမှာ ဓာတ်ဆီဈေးဟာ ၂၀၀၈ ခုနှစ်ကနေစပြီး အခု တနင်္ဂနွေနေ့မှာဆို တဂါလံ ၄ ဒေါ်လာကျော်နဲ့ အများဆုံး ဖြစ်လာနေတာပါ။ အမေရိကန်ဟာ ၂၀၂၁ ခုနှစ်အတွင်း ရုရှားဆီက ရေနံစိမ်းစည်ပေါင်း ၂၀ ဒသမ ၄ သန်း လစဉ်တင်သွင်းနေတာ ဖြစ်ကြောင်းလည်း EIA စွမ်းအင်အချက်အလက် စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)







XS
SM
MD
LG