သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါဆောရောက် သမ္မတဘိုင်ဒန် ရုရှားကျူးကျော်စစ်အရေး ဆွေးနွေး


ပိုလန်နိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်။ (မတ် ၂၆၊ ၂၀၂၂)
ပိုလန်နိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်။ (မတ် ၂၆၊ ၂၀၂၂)

(Zawgyi / Unicode)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီကနေ့ ပိုလန်နိုင်ငံ၊ ဝါဆောမြို့တော်မှာ ရောက်နေပြီး ရုရှားကျူးကျော်စစ်အရေး သမ္မတ Andrzej Duda အပါအဝင် ပိုလန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

ရုရှားထိုးစစ်ဟာ ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့တော်ကနေ နိုင်ငံအရှေ့ခြမ်းဘက်ကို ဦးတည်ပြောင်းလဲနေချိန်မှာပဲ သမ္မတဘိုင်ဒန်နဲ့ ပိုလန်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမယ့်အကြောင်း အမေရိကန်က ပြောတာပါ။

မြောက်အတ္တလန္တိတ်စာချုပ် (NATO) မဟာမိတ်အဖွဲ့ဝင် ပိုလန်နိုင်ငံဟာ ယူကရိန်းဒုက္ခသည် ၂ သန်းကျော်ကို လက်ခံထားပါတယ်။ သမ္မတဘိုင်ဒန်ဟာ ဝါဆောမြို့တော်ဝန် Rafal Trzaskowski နဲ့အတူ ဒုက္ခသည်တချို့နဲ့ ဒီကနေ့တွေ့ဆုံပြီး လူသားစာနာမှု အကူအညီပေးရေး လုပ်ဆောင်ချက်တွေကို ဆွေးနွေးမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီကနေ့နှောင်းပိုင်းကျရင်တော့ ဝါဆောမြို့တော်က Royal Castle မှာ လက်ရှိအချိန်ကာလရဲ့ အန္တရာယ်အသွယ်သွယ်နဲ့ စပ်လျဉ်းပြီး သမ္မတဘိုင်ဒန် မိန့်ခွန်းပြောမယ်လို့ အမေရိကန် လုံခြုံရေးဆိုင်ရာ အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ် Jake Sullivan က ပြောပါတယ်။

သောကြာနေ့တုန်းကတော့ ဒုက္ခသည် အကျပ်အတည်းအပေါ် ပိုလန်နိုင်ငံရဲ့ တုံ့ပြန်လုပ်ဆောင်မှုကို သမ္မတဘိုင်ဒန်က ချီးကျူး ပြောဆိုခဲ့သလို လူသားစာနာမှု အကူအညီပေး ပိုလန်လုပ်သားတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် ယူကရိန်းနယ်စပ်နားက အမေရိကန် တပ်ဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

“ရဲဘော်တို့ဟာ ဒီမိုကရေစီနိုင်ငံတွေနဲ့ လူနည်းစုက အာဏာချုပ်ကိုင်ထားတဲ့ နိုင်ငံတွေကြားက တိုက်ပွဲတခုထဲမှာ ရောက်နေပါတယ်” လို့ အမေရိကန်၊ အမှတ် ၈၃ လေကြောင်းချီတပ်မက တပ်ဖွဲ့ဝင်တွေနဲ့ Rzeszów မြို့မှာ တွေ့ဆုံချိန် သမ္မတဘိုင်ဒန်က ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)








XS
SM
MD
LG