သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ဓာတုလက်နက်သုံးရင် စစ်ရေးအရ တုံ့ပြန်မည် (သမ္မတ Biden)


NATO နဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး Brussels မြို့က NATO ဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ အမေရိကန်သမ္မတ Joe Biden ( March 24, 2022 )
NATO နဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး Brussels မြို့က NATO ဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ အမေရိကန်သမ္မတ Joe Biden ( March 24, 2022 )

[[ ZAWGYI / UNICODE ]]

ရုရှားဓာတုလက်နက်သုံးရင် စစ်ရေးအရ တုံ့ပြန်မည် (သမ္မတ Biden)

ယူကရိန်းမှာ ရုရှားက ဓာတုလက်နက်သုံး တိုက်ခိုက်လာမယ်ဆိုရင်၊ အနောက်နိုင်ငံတွေရဲ့ စစ်ရေးအရ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်သမ္မတ Joe Biden က သတိပေးလိုက်ပါတယ်။

မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့က နယ်စပ်ဖြတ်ကျော်ပြီး ယူကရိန်းမှာ ရုရှားတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မလား ဆိုတာကတော့ လက်တွေ့အခြေအနေအပေါ်မှာ မူတည်လိမ့်မယ်လို့လည်း ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံ ၂၀ (G-20) အဖွဲ့ကနေ ရုရှားကို ထုတ်ပယ်ပြီး၊ ယူကရိန်းကို တက်ခွင့်ပေးသင့်တယ်လို့လည်း NATO မဟာမိတ်အဖွဲ့ ရုံးချုပ်က သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတက ပြောဆိုခဲ့ပါတယ်။ ယူကရိန်းအပေါ် ရုရှားရဲ့ ကျုးကျော်မှု တလပြည့်အဖြစ် ကြာသပတေးနေ့က ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ဒီကိစ္စကို တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။

ရုရှားနဲ့ အပစ်အခတ်ရပ်စဲဖို့ ယူကရိန်းက နယ်မြေတချို့ကို စွန့်လွှတ်ဖို့ လိုမလားဆိုပြီး သတင်းထောက်က မေးမြန်းရာမှာတော့ ဒီလိုလုပ်စရာလိုလိမ့်မယ်လို့ မယုံကြည်ကြောင်း ပြောဆိုခဲ့ပေမဲ့ ယူကရိန်း အစိုးရကသာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ဖြေကြားခဲ့တာပါ။ စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေရတဲ့ သန်းနဲ့ချီတဲ့ ယူကရိန်းနိုင်ငံသားတွေကို ကူညီဖို့ အမေရိကန်က ဒေါ်လာသန်း ၁ ထောင်ကျော် ကူညီမှာဖြစ်ကြောင်းလည်း အမေရိကန်သမ္မတက သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = = = = =

{{ UNICODE }}






XS
SM
MD
LG