သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးအဖွဲ့ စစ်ကူပေးမယ့် အမေရိကန်တပ်တွေ ပိုလန်နိုင်ငံ စတင်ရောက်ရှိ


ပိုလန်နိုင်ငံ Rzeszow ရှိ Jasionka လေဆိပ်ကို ရောက်ရှိလာတဲ့ အမေရိကန် စစ်ဘက်သုံးပစ္စည်းများ။ (ဖေဖော်ဝါရီ ၅၊ ၂၀၂၂)
ပိုလန်နိုင်ငံ Rzeszow ရှိ Jasionka လေဆိပ်ကို ရောက်ရှိလာတဲ့ အမေရိကန် စစ်ဘက်သုံးပစ္စည်းများ။ (ဖေဖော်ဝါရီ ၅၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းနယ်စပ်မှာ ရုရှားက တပ်အင်အား အလုံးအရင်း ချထားတာကြောင့် ယူကရိန်းကို ရုရှား ဝင်ကျူးကျော်မှာ စိုးရိမ်နေကြချိန်မှာပဲ အရှေ့ဥရောပက NATO မဟာမိတ်တပ်တွေကို အင်အားဖြည့်ပေးမယ့် ပထမဆုံး အမေရိကန်တပ်တွေ ပိုလန်ကို စနေနေ့မှာ ရောက်လာတယ်လို့ ပိုလန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်စစ်တပ် အမှတ် ၈၂ လေတပ် တပ်မဟာက ပထမအသုတ် တိုက်ခိုက်ရေးအဖွဲ့ ပိုလန်ကို ရောက်လာပြီလို့ ပိုလန်စစ်တပ်ပြောခွင့်ရက ပြောပါတယ်။

တပ်သား ၁,၇၀၀ ချထားဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့မှာ ညွှန်ကြားလိုက်ပြီးနောက် စနေနေ့မှာ ပထမဆုံး အမေရိကန်တပ်တွေ ပိုလန်အရှေ့တောင်ပိုင်း ယူကရိန်းနယ်စပ်နားက Rzeszow စစ်အခြေစိုက်စခန်းကို ရောက်လာတာ ဖြစ်ပါတယ်။ ပိုလန်မှာ ၂၀၁၇ ခုနှစ်ကတည်းက အမေရိကန်စစ်သည် ၄,၀၀၀ ကို အလှည့်နဲ့ ချထားတာပါ။

ရိုမေးနီးယားနဲ့ ဂျာမနီမှာ ချထားတဲ့ တပ်ဖွဲ့ဝင်အင်အားကို သမ္မတ ဘိုင်ဒန်က တိုးမြှင့်လိုက်တာကြောင့် အခုဆို အဲဒီမှာ စုစုပေါင်း တပ်အင်အားက ၃,၀၀၀ နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

အမေရိကန်စစ်တပ် တာဝန်ရှိသူတွေကတော့ အမှတ် ၈၂ လေတပ် တပ်မဟာဌာနချုပ် တည်ရှိရာ မြောက်ကာရိုလိုင်းနားပြည်နယ် Fort Bragg တပ်စခန်းက တပ်ဖွဲ့ဝင် ၁,၇၀၀ ကို ပိုလန်မှာ ချထားမှာဖြစ်ကြောင်း ပြောပါတယ်။ ပိုလန်မှာချထားတဲ့ တပ်တွေကို အထောက်အကူပေးဖို့အတွက် ဂျာမနီမှာ ဌာနချုပ်တခုဖွင့်မှာဖြစ်ကြောင်း အမေရိကန်စစ်တပ် ဥရောပစစ်ဌာနချုပ်က ပြောပါတယ်။ ဂျာမနီကိုတော့ အမှတ် ၁၈ လေတပ်က ပထမအသုတ် အမေရိကန်တပ်သားတွေ သောကြာနေ့မှာ ရောက်သွားပြီ ဖြစ်ပါတယ်။

အမေရိကန်တပ်သား နောက်ထပ် ၈,၅၀၀ ကို လိုအပ်ရင် ဥရောပကို စေလွှတ်ဖို့ ဇန်နဝါရီလကစပြီး ခုချိန်ထိ တပ်လှန့်ထားတာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၁၆၊ ၁၇ မှာ ပြုလုပ်မယ့် NATO ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကျရင် နောက်ထပ် တပ်အင်အား ထပ်တိုးရေးဆိုင်ရာကို ဆွေးနွေးဖို့ရှိပါတယ်။

နေတိုးအဖွဲ့ စစ်ကူပေးမယ့် အမေရိကန်တပ်တွေ ပိုလန်နိုင်ငံ စတင်ရောက်ရှိ
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

----------------------

(Unicode)








XS
SM
MD
LG