သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းမာမှု လျော့ပါးရေးအတွက် ကန်တုံ့ပြန်ချက် ရုရှား ဘဝင်မကျ


RUSSIA-USA/SECURITY
RUSSIA-USA/SECURITY

တင်းမာမှု လျော့ပါးရေးအတွက် ကန်တုံ့ပြန်ချက် ရုရှား ဘဝင်မကျ

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံကို မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့ဝင်အဖြစ် လက်မခံဖို့၊ ရုရှားနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေက စစ်တပ်တွေနဲ့ လက်နက်တွေကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုချက်တွေကို အမေရိကန်က လက်မခံတာကြောင့် အရှေ့ဥရောပက တင်းမာမှုတွေ လျော့ကျလာမယ့် အလားအလာ သိပ်မတွေ့ရဘူးလို့ ရုရှားနိုင်ငံက ပြောလိုက်ပါတယ်။

ရုရှားရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ အမေရိကန်က တရားဝင်ပြန်ကြားချက်မှာ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို မတွေ့ရပေမဲ့ တချို့အချက်အလက်တွေအရ နောက်တဆင့် အလေးအနက် ဆွေးနွေးမှုတွေ စတင်နိုင်မယ့် အလားအလာတွေ ရှိတာတွေ့ရကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေကတော့ ရုရှားက အဓိက တောင်းဆိုနေတဲ့ ကိစ္စတွေဟာ မဖြစ်နိုင်တဲ့ ကိစ္စတွေအဖြစ် ငြင်းပယ်ထားပါတယ်။ အဆိုပြုချက်တွေကို သမ္မတ Vladimir Putin ထံတင်ပြသွားမှာ ဖြစ်ကြောင်းလည်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ရုရှားသမ္မတ ပြောခွင့်ရ Dmitry Peskov ကတော့ အဆိုပြုချက်တွေနဲ့ ပတ်သက်လို့ ရုရှားဖက်က မကြာခင်တုံ့ပြန်သွားမှာဖြစ်ပြီး၊ ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်မယ့် အလားအလာတွေ ရှိနေဆဲဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ တချိန်က ဆိုဗီယက်ယူနီယံ လက်အောက်ခံ ယူကရိန်း နယ်စပ်မှာ ရုရှားက တပ်အင်အား ၁ သိန်းကျော် တိုးမြှင့်ထားတာကြောင့် ကျုးကျော်တိုက်ခိုက်မှာ အမေရိကန်နဲ့ ဥရောပမဟာမိတ်တွေ စိုးရိမ်နေတာ ဖြစ်ပါတယ်။

ရုရှားကတော့ တိုက်ခိုက်ဖို့ရည်ရွယ်မထားကြောင်း ပြောဆိုထားတာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ ရုရှားကို တရားဝင်ပြန်ကြားချက်မှာ လုံခြုံရေးကို ထိခိုက်စေတဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် အမေရိကန်နဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေရဲ့ စိုးရိမ်မှုတွေ ပါဝင်ကြောင်း ပြောဆိုထားပါတယ်။

..........................................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}





XS
SM
MD
LG