သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို လက္နက္ပံ့ပိုးရံုမွတပါး အျခားနည္းလမ္း မရွိေတာ႔ (ဂ်ာမနီဝန္ႀကီးခ်ဳပ္)


GERMANY-SERBIA/

႐ုရွားသမၼတ Vladimir Putin ရဲ႕ လုပ္ရပ္ေၾကာင့္ ယူကရိန္းကို ဂ်ာမနီက လက္နက္ေတြ ပံ့ပိုးေပး႐ုံမွတပါး တျခားေ႐ြးစရာလမ္း မရွိပဲ ျဖစ္ေနၿပီလို႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz က တနလၤာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

Zawgyi/Unicode

ယူကရိန္းကို လက္နက္ပံ့ပိုးရံုမွတပါး အျခားနည္းလမ္း မရွိေတာ႔ (ဂ်ာမနီဝန္ႀကီးခ်ဳပ္)


႐ုရွားသမၼတ Vladimir Putin ရဲ႕ လုပ္ရပ္ေၾကာင့္ ယူကရိန္းကို ဂ်ာမနီက လက္နက္ေတြ ပံ့ပိုးေပး႐ုံမွတပါး တျခားေ႐ြးစရာလမ္း မရွိပဲ ျဖစ္ေနၿပီလို႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz က တနလၤာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ယူကရိန္းကို ဂ်ာမနီကလည္း လက္နက္ေတြ အမ်ားအျပားပံ့ပိုးေပးမွာျဖစ္သလို ဥေရာပနဲ႔ ေျမာက္အေမရိကတိုက္က ဂ်ာမနီရဲ႕ မဟာမိတ္ေတြနဲ႔ မိတ္ေဆြေတြ အားလုံးကလည္း ပံ့ပိုးၾကမွာ ျဖစ္ေၾကာင္းေျပာသြားတာပါ။

ဒီလိုဆုံးျဖတ္မႈကို လြယ္လြယ္နဲ႔ ရခဲ့တာမဟုတ္ဘူးလို႔လည္း ေျပာပါတယ္။ ပဋိပကၡ ျဖစ္ပြါးေနတဲ့ ေနရာေတြကို လက္နက္ေတြ မေပးဖို႔ စဥ္းစားေနၾကေပမယ့္ သမၼတ Putin ရဲ႕ လုပ္ရပ္ေၾကာင့္ တျခားေ႐ြးစရာ လမ္းမရွိေတာ့ပဲ အခုလို ေပးဖို႔ ဆုံးျဖတ္ရတာ ျဖစ္ေၾကာင္း ဂ်ာမနီအလုပ္သမားသမဂၢအဖြဲ႕ခ်ဳပ္မွာ အဖြဲ႕ဝင္ေတြကို ဂ်ာမနီဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့တာပါ။

ပဋိပကၡျဖစ္ပြါ့းတဲ့ ေနရာေတြဆီ လူကို ေသေစတဲ့ လက္နက္ေတြ မေပးဖို႔ ခ်မွတ္ထားတဲ့ မူကို ဂ်ာမနီက ကာလတာရွည္ စြဲကိုင္ထားခဲ့တာ ျဖစ္ပါတယ္။

ဂ်ာမနီဝန္ႀကီးခ်ဳပ္က တကယ္လို႔ တတိယကမာၻစစ္ ျဖစ္လာမယ္ဆိုရင္ န်ဴကလီယားလက္နက္ပိုင္တဲ့ ႐ုရွားနဲ႔ ျဖစ္လာႏိုင္တယ္လို႔ သတိေပးရင္း NATO ဟာ တတိယကမာၻစစ္ထဲမွာ ဝင္ပါမွာ မဟုတ္ေၾကာင္း ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ဂ်ာမနီကေတာ့ တကိုယ္ေတာ္ အျဖစ္ ပါဝင္မွာမဟုတ္ပဲ ဘာပဲလုပ္လုပ္ မိတ္ေဆြေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

##

တိုက္႐ိုက္ လင့္ခ္

Unicode

ယူကရိန်းကို လက်နက်ပံ့ပိုးရုံမှတပါး အခြားနည်းလမ်း မရှိတော့ (ဂျာမနီဝန်ကြီးချုပ်)


ရုရှားသမ္မတ Vladimir Putin ရဲ့ လုပ်ရပ်ကြောင့် ယူကရိန်းကို ဂျာမနီက လက်နက်တွေ ပံ့ပိုးပေးရုံမှတပါး တခြားရွေးစရာလမ်း မရှိပဲ ဖြစ်နေပြီလို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ယူကရိန်းကို ဂျာမနီကလည်း လက်နက်တွေ အများအပြားပံ့ပိုးပေးမှာဖြစ်သလို ဥရောပနဲ့ မြောက်အမေရိကတိုက်က ဂျာမနီရဲ့ မဟာမိတ်တွေနဲ့ မိတ်ဆွေတွေ အားလုံးကလည်း ပံ့ပိုးကြမှာ ဖြစ်ကြောင်းပြောသွားတာပါ။

ဒီလိုဆုံးဖြတ်မှုကို လွယ်လွယ်နဲ့ ရခဲ့တာမဟုတ်ဘူးလို့လည်း ပြောပါတယ်။ ပဋိပက္ခ ဖြစ်ပွါးနေတဲ့ နေရာတွေကို လက်နက်တွေ မပေးဖို့ စဉ်းစားနေကြပေမယ့် သမ္မတ Putin ရဲ့ လုပ်ရပ်ကြောင့် တခြားရွေးစရာ လမ်းမရှိတော့ပဲ အခုလို ပေးဖို့ ဆုံးဖြတ်ရတာ ဖြစ်ကြောင်း ဂျာမနီအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှာ အဖွဲ့ဝင်တွေကို ဂျာမနီဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

ပဋိပက္ခဖြစ်ပွါ့းတဲ့ နေရာတွေဆီ လူကို သေစေတဲ့ လက်နက်တွေ မပေးဖို့ ချမှတ်ထားတဲ့ မူကို ဂျာမနီက ကာလတာရှည် စွဲကိုင်ထားခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီဝန်ကြီးချုပ်က တကယ်လို့ တတိယကမ္ဘာစစ် ဖြစ်လာမယ်ဆိုရင် နျူကလီယားလက်နက်ပိုင်တဲ့ ရုရှားနဲ့ ဖြစ်လာနိုင်တယ်လို့ သတိပေးရင်း NATO ဟာ တတိယကမ္ဘာစစ်ထဲမှာ ဝင်ပါမှာ မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဂျာမနီကတော့ တကိုယ်တော် အဖြစ် ပါဝင်မှာမဟုတ်ပဲ ဘာပဲလုပ်လုပ် မိတ်ဆွေတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

XS
SM
MD
LG