သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလောင်စာအပေါ် မှီခိုရမှု ဂျာမနီ အဆုံးသတ်နိုင်တော့မည်


ဂျာမနီနိုင်ငံ Hamburg မြို့ရှိ ဇီဝဓာတ်ငွေ့ ထုတ်လုပ်ရာနေရာတခု။ (ဧပြီ ၁၉၊ ၂၀၂၂)
ဂျာမနီနိုင်ငံ Hamburg မြို့ရှိ ဇီဝဓာတ်ငွေ့ ထုတ်လုပ်ရာနေရာတခု။ (ဧပြီ ၁၉၊ ၂၀၂၂)

(Zawgyi / Unicode)

ဂျာမနီဟာ ရုရှားရဲ့ လောင်စာဆီပေါ် မှီခိုနေရမှုကင်းအောင် လုပ်ဆောင်ရာမှာ တိုးတက်မှုရှိလာပြီဖြစ်ပြီး အခုနွေအကုန်လောက်ဆိုရင် ရုရှားဆီက ရေနံစိမ်းတင်သွင်းမှုအပေါ် လုံးဝ မှီခိုစရာမလိုတဲ့ အခြေအနေ ရောက်သွားမယ်လို့ မျှော်လင့်ကြောင်း ဂျာမနီအစိုးရက ပြောပါတယ်။

ဥရောပရဲ့ စီးပွားရေးအင်အား အကြီးမားဆုံးဖြစ်တဲ့ ဂျာမနီဟာ ရုရှားဆီက တင်သွင်းနေတဲ့ စွမ်းအင်တွေထဲက ရေနံအတွက် ၁၂ ရာခိုင်နှုန်း၊ ကျောက်မီးသွေးအတွက် ၈ ရာခိုင်နှုန်းနဲ့ သဘာဝဓာတ်ငွေ့အတွက် ၃၅ ရာခိုင်နှုန်း တင်သွင်းမှု လျှော့ချနိုင်တော့မှာဖြစ်ကြောင်း စီးပွားရေးနဲ့ ဥတုရာသီဆိုင်ရာဝန်ကြီး Robert Habeck က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒီလောင်စာကရတဲ့ ဝင်ငွေ ယူရို ဘီလီယံပေါင်းများစွာဟာ ရုရှားသမ္မတ Vladimir Putin ကို ငွေကြေးဖြည့်ဆည်းပေးနေတာကြောင့် ရုရှားဆီက စွမ်းအင်မယူဖို့ ယူကရိန်းနဲ့ တခြား ဥရောပနိုင်ငံတွေက ဂျာမနီကို ဖိအားပေးနေတာ ဖြစ်ပါတယ်။

အခု ဂျာမနီက ရုရှားဆီက လောင်စာဝယ်ယူမှု လျှော့ချဖို့ လုပ်တာဟာ စီးပွားရေးအတွက် သက်ရောက်မှု ရှိလာနိုင်သလို စားသုံးသူတွေအတွက်ပါ ဈေးကြီးတာနဲ့ ကြုံရနိုင်တယ်လို့ ဝန်ကြီး Habeck က သတိပေးပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ ခြိမ်းခြောက် အကျပ်ကိုင်တာ မခံချင်ရင်တော့ ဒီလိုလုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

အီးယူ ဥရောပသမဂ္ဂက ရုရှားရဲ့ လောင်စာဆီအတွက် ကုန်သွယ်မှုပိတ်ပင်မိန့် ချမှတ်ဖို့ စဉ်းစားနေချိန်မှာပဲ ဂျာမနီက အခုလို ကြေညာလိုက်တာပါ။ အီးယူက ရုရှားဆီက ကျောက်မီးသွေး တင်သွင်းမှုတွေကို သြဂုတ်လမှာ စပြီး ပိတ်ပစ်ဖို့ ဆုံးဖြတ်ထားတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)







XS
SM
MD
LG