သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရုရွားေရနံစိမ္း ေလ်ွာ႔ေစ်းနဲ႔ဝယ္ဖို႔ အိႏၵိယညွိႏိႈင္း


Germany Russia Pipeline

အေနာက္ႏုိင္ငံေတြရဲ႕ ပိတ္ဆုိ႔ဒဏ္ခတ္မႈေတြနဲ႔ ရင္ဆုိင္ေနရတဲ့ ႐ုရွားကေန ေရနံစိမ္းေတြ ၀ယ္ယူႏုိင္ဖုိ႔ အိႏၵိယက နည္းလမ္းေတြ ရွာေဖြေနပါတယ္။ ေရနံစိမ္းေတြ ၀ယ္ယူဖုိ႔ ႐ုရွားနဲ႔ ေဆြးေႏြးေနေၾကာင္း အိႏၵိယ ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႔ဆုိင္ရာ ၀န္ႀကီး Hardeep Singh Puri က အဂၤါေန႔မွာ ပါလီမန္ကုိ ေျပာၾကားလုိက္တာပါ။

ရုရွားေရနံစိမ္း ေလ်ွာ႔ေစ်းနဲ႔ဝယ္ဖို႔ အိႏၵိယညွိႏိႈင္း

{{Zawgyi/Unicode}}
ယူကရိန္းကုိ က်ဳးေက်ာ္မႈေၾကာင့္ အေနာက္ႏုိင္ငံေတြရဲ႕ ပိတ္ဆုိ႔ဒဏ္ခတ္မႈေတြနဲ႔ ရင္ဆုိင္ေနရတဲ့ ႐ုရွားကေန ေရနံစိမ္းေတြ ဝယ္ယူႏုိင္ဖုိ႔ အိႏၵိယက နည္းလမ္းေတြ ရွာေဖြေနပါတယ္။ ေရနံစိမ္းေတြ ဝယ္ယူဖုိ႔ ႐ုရွားနဲ႔ ေဆြးေႏြးေနေၾကာင္း အိႏၵိယ ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႔ဆုိင္ရာ ၀န္ႀကီး Hardeep Singh Puri က အဂၤါေန႔မွာ ပါလီမန္ကုိ ေျပာၾကားလုိက္တာပါ။

႐ုရွားအစုိးရက သက္ဆုိင္ရာ ပုဂၢိဳလ္ေတြနဲ႔ သူကုိယ္တုိင္ ေဆြးေႏြးတာေတြ ရွိေၾကာင္းလည္း လႊတ္ေတာ္အမတ္ေတြကုိ ေျပာပါတယ္။ ေရနံစိမ္းဝယ္ယူမယ့္ အစီအစဥ္အတြက္ ရႏုိင္မယ့္ ပမာဏ၊ ေပးေခ်ရမယ့္ ပုံစံေတြနဲ႔ ပတ္သက္လုိ႔ အစိုးရက နည္းလမ္းရွာေနတယ္လုိ႔လည္း ေျပာခဲ့တာပါ။

အိႏၵိယသတင္းစာ Times of India ကေတာ့ ႐ုရွားကေန ေရနံစိမ္း စည္ေပပါ ၃ သန္းခဲြကုိ အိႏၵိယက အႀကီးအက်ယ္ ေစ်းေလွ်ာ့ၿပီး ဝယ္ယူဖုိ႔ သေဘာတူညီခ်က္ ရေတာ့မယ္လုိ႔ အမည္မေဖာ္လုိတဲ့ နီးစပ္သူေတြကုိ ကုိးကားၿပီး ေဖာ္ျပခဲ့ပါတယ္။

အိႏၵိယဟာ ကမာၻမွာ ေရနံတင္သြင္းမႈ တတိယအမ်ားဆုံး ႏုိင္ငံတခုျဖစ္ၿပီး၊ တုိင္းျပည္အတြက္ ေရနံစိမ္းလုိအပ္ခ်က္ ၈ဝ ရာခုိင္ႏႈန္းေက်ာ္ကုိလည္း ျပည္ပက တင္သြင္းေနရတာပါ။ ေရနံစိမ္းေတြကုိ အေရွ႕အလယ္ပုိင္းနဲ႔ အေမရိကန္ကေန အဓိက တင္သြင္းေနၿပီး၊ ႐ုရွားက တင္သြင္းတဲ့ ပမာဏကေတာ့ ၃ ရာခုိင္ႏႈန္းေလာက္သာ ရွိပါတယ္။

ဒါေပမဲ့လည္း ယူကရိန္းကုိ ႐ုရွားက က်ဳးေက်ာ္တုိက္ခုိက္မႈေၾကာင့္ ေရနံေစ်းေတြ အဆမတန္ တက္လာတာေၾကာင့္ စီးပြားေရး ျပန္လည္နာလန္ထူဖုိ႔ ႀကိဳးပမ္းေနရတဲ့ အိႏၵိယမွာ ေရနံအတြက္ ကုန္က်စရိတ္ေတြ ျမင့္တက္လာမွာကုိ စုိးရိမ္မႈေတြလည္း ထြက္ေပၚေနတာပါ။

႐ုရွားက ေရနံစိမ္း တင္ပုိ႔ဖုိ႔ အိႏၵိယက ေဆြးေႏြးေနတာေၾကာင့္ ကုန္သြယ္မႈေတြအတြက္လည္း လမ္းဖြင့္ထားလိမ့္မယ္လုိ႔ အကဲခတ္ေတြက ခန္႔မွန္းၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................................

ရုရှားရေနံစိမ်း လျှော့ဈေးနဲ့ဝယ်ဖို့ အိန္ဒိယညှိနှိုင်း

{{Zawgyi/Unicode}}
ယူကရိန်းကို ကျုးကျော်မှုကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားကနေ ရေနံစိမ်းတွေ ဝယ်ယူနိုင်ဖို့ အိန္ဒိယက နည်းလမ်းတွေ ရှာဖွေနေပါတယ်။ ရေနံစိမ်းတွေ ဝယ်ယူဖို့ ရုရှားနဲ့ ဆွေးနွေးနေကြောင်း အိန္ဒိယ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ ဝန်ကြီး Hardeep Singh Puri က အင်္ဂါနေ့မှာ ပါလီမန်ကို ပြောကြားလိုက်တာပါ။

ရုရှားအစိုးရက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သူကိုယ်တိုင် ဆွေးနွေးတာတွေ ရှိကြောင်းလည်း လွှတ်တော်အမတ်တွေကို ပြောပါတယ်။ ရေနံစိမ်းဝယ်ယူမယ့် အစီအစဉ်အတွက် ရနိုင်မယ့် ပမာဏ၊ ပေးချေရမယ့် ပုံစံတွေနဲ့ ပတ်သက်လို့ အစိုးရက နည်းလမ်းရှာနေတယ်လို့လည်း ပြောခဲ့တာပါ။

အိန္ဒိယသတင်းစာ Times of India ကတော့ ရုရှားကနေ ရေနံစိမ်း စည်ပေပါ ၃ သန်းခွဲကို အိန္ဒိယက အကြီးအကျယ် ဈေးလျှော့ပြီး ဝယ်ယူဖို့ သဘောတူညီချက် ရတော့မယ်လို့ အမည်မဖော်လိုတဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အိန္ဒိယဟာ ကမ္ဘာမှာ ရေနံတင်သွင်းမှု တတိယအများဆုံး နိုင်ငံတခုဖြစ်ပြီး၊ တိုင်းပြည်အတွက် ရေနံစိမ်းလိုအပ်ချက် ၈၀ ရာခိုင်နှုန်းကျော်ကိုလည်း ပြည်ပက တင်သွင်းနေရတာပါ။ ရေနံစိမ်းတွေကို အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်ကနေ အဓိက တင်သွင်းနေပြီး၊ ရုရှားက တင်သွင်းတဲ့ ပမာဏကတော့ ၃ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။

ဒါပေမဲ့လည်း ယူကရိန်းကို ရုရှားက ကျုးကျော်တိုက်ခိုက်မှုကြောင့် ရေနံဈေးတွေ အဆမတန် တက်လာတာကြောင့် စီးပွားရေး ပြန်လည်နာလန်ထူဖို့ ကြိုးပမ်းနေရတဲ့ အိန္ဒိယမှာ ရေနံအတွက် ကုန်ကျစရိတ်တွေ မြင့်တက်လာမှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။

ရုရှားက ရေနံစိမ်း တင်ပို့ဖို့ အိန္ဒိယက ဆွေးနွေးနေတာကြောင့် ကုန်သွယ်မှုတွေအတွက်လည်း လမ်းဖွင့်ထားလိမ့်မယ်လို့ အကဲခတ်တွေက ခန့်မှန်းကြပါတယ်။

XS
SM
MD
LG