သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ရုရှား ဓာတ်ငွေ့ရောင်းဝယ်မှု သဘောတူညီမှုမရ


တရုတ်နဲ့ ရုရှားနိုင်ငံကြား ဒေါ်လာ ဘီလီယံ ၄၀၀ တန် သဘာဝဓာတ်ငွေ့ ရောင်းချရေး သဘောတူညီချက် မရခဲ့ကြပါဘူး။ နှစ်နိုင်ငံလုံးရဲ့ နိုင်ငံရေး အကျိူးစီးပွားကြောင့် ဒီသဘောတူညီမှုဖြစ်မယ်လို့ အတော်ကြီး မျှော်လင့်ထားကြတဲ့ကြားကပဲ သဘောတူညီမှု မရခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရှန်ဟိုင်းကိုရောက်နေတဲ့ ရုရှားသမ္မတ Vladimir Putin နဲ့ တရုတ်သမ္မတ ရှီဂျင်းပင်းတို့ကြား စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ပေါင်း ၄၉ ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ရှေ့အနှစ် ၃၀ အတွင်း ရုရှားက တရုတ်ကို ဓာတ်ငွေ့ဖြန့်ဖြူးပေးရင် တရုတ်ဘက်က ဘယ်လောက် ပေးမလဲဆိုတာနဲ့ ပတ်သက်လို့ သဘောတူညီချက် မရခဲ့ကြတာဖြစ်ပါတယ်။

ရုရှားကနေ တရုတ်ကို သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချဖို့ ၁၀ နှစ်ကြာအောင် ဆွေးနွေး ညှိနှိုင်းခဲ့ကြတာပါ။ ရုရှားက သူ့ရဲ့ သဘာဝဓာတ်ငွေ့တွေကို ဥရောပမဟုတ်တဲ့ တခြားနိုင်ငံတွေကို ရောင်းချနိုင်ဖို့ လုပ်နေချိန်မှာ တရုတ်နဲ့ သဘောတူညီမှု ရလိမ့်မယ်လို့ သုံးသပ်သူတွေက ခန့်မှန်းခဲ့ကြပါတယ်။

စီးပွားရေးချဲ့ထွင်နိုင်အောင် ကြိုးစားနေတဲ့ တရုတ်နိုင်ငံကလည်း စွမ်းအင်လိုအပ်ချက်အတွက် ကျောက်မီးသွေးကို အဓိကထား သုံးနေရတာကနေ လောင်စာကို အစားထိုးအသုံးပြုနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ သမ္မတ ပူတင် ဗုဒ္ဓဟူးနေ့မှာ သူ့ရဲ့ နှစ်ရက်ကြာ တရုတ်နိုင်ငံခရီးစဉ် အဆုံးမသတ်ခင် သဘာဝ ဓာတ်ငွေ့ဆိုင်ရာ သဘောတူညီချက် ရနိုင်သေးတယ်လို့ တချို့ကလည်း ခန့်မှန်းနေကြပါတယ်။
XS
SM
MD
LG