သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်ငွေ့ ဝယ်ယူမှု ငွေကြိုပေးဖို့ ယူကရိန်းကို ရုရှားတောင်းဆို


 ရုရှားမှ ဝယ်ယူနေရတဲ့ ယူကရိန်း ဓာတ်ငွေ့ စက်ရုံ။
ရုရှားမှ ဝယ်ယူနေရတဲ့ ယူကရိန်း ဓာတ်ငွေ့ စက်ရုံ။
ယူကရိန်းနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် အစိုးရအနေနဲ့ ဘဏ္ဍာငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာပဲ အနာဂတ် ဓါတ်ငွေ့ဝယ်ယူမှုတွေ အတွက် ငွေကြိုပေးရမယ်လို့ ရုရှားနိုင်ငံက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ယူကရိန်းနိုင်ငံဟာ ရုရှားထံက ဓါတ်ငွေ့တွေကို မှီခို အားထားနေရ တာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံအနေနဲ့ ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပေးရမယ့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံခွဲကို အချိန်မှီ ပေးနိုင်ခဲ့ခြင်းမရှိဘူးလို့ ရုရှား လောင်စာ စွမ်းအင်ဝန်ကြီးဌာနက ပြောကြားလိုက်ပြီး ဇွန်လ ၁ ရက်နေ့နောက်ပိုင်း ဝယ်ယူတဲ့ ဓါတ်ငွေ့တွေအတွက် ငွေသား ကြိုပေးရမယ်လို့ ဆိုပါတယ်။

အခုလို ဆုံးဖြတ်ချက်အသစ် ချမှတ်တာက ကြာသပတေးနေ့ နှောင်းပိုင်းအထိ ဥရောပသမဂ္ဂအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိမယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ အနောက်ဥရောပနိုင်ငံတွေက လိုအပ်တဲ့ ဓါတ်ငွေ့ ၃၀ ရာခိုင်နှုန်းကို ရုရှားနိုင်ငံက ဝယ်ယူနေတာဖြစ်ပြီး အဲဒီထဲက ထက်ဝက်လောက်ဟာ ယူကရိန်းနိုင်ငံက ဖြတ်သွားတာ ဖြစ်ပါတယ်။

တခြား ဖြစ်ပေါ်မှုတခုမှာတော့ - ရုရှားသမ္မတ Vladimir Putin က တောင်းဆိုထားတဲ့ကြားကပဲ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက Donetsk နဲ့ Luhansk ဒေသက ယူကရိန်းနိုင်ငံက ခွဲထွက်ပြီး ရုရှားနဲ့ ပေါင်းစည်းရေး မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို မူလစီစဉ်ထားတဲ့အတိုင်း တနင်္ဂနွေနေ့မှာ ပြုလုပ်သွားမယ်လို့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး အုပ်စုတွေက ပြောပါတယ်။

လွတ်လပ်တဲ့ပြည်နယ်အဖြစ် ကြေငြာတာကို ထောက်ခံသလား ၊ ကန့်ကွက်သလားဆိုတာကို မဲဆန္ဒရှင်တွေက မဲခွဲ ဆုံးဖြတ်ကြမှာဖြစ်တယ်လို့ Donetsk ပြည်ထောင်စုခေါင်းဆောင်လို့ သူ့ကိုယ်သူ ရာထူးခန့်ထားတဲ့ ခွဲထွက်ရေးသမား Denis Pushilin ပြောတာကို ကိုးကားပြီး ရုရှား မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG