သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို သဘာဝဓာတ်ငွေ့တင်ပို့မှု ရုရှားရပ်ဆိုင်း


ယူကရိန်းစွမ်းအင်ဝန်ကြီး Yuri Prodan သတင်းထောက်များအား ရုရှားက သဘာဝဓာတ်ငွေ့ဖြတ်တောက်မှုအပါ် ဖြေကြားစဉ်။ (ဂျွန် ၁၆၊ ၂၀၁၄)
ယူကရိန်းစွမ်းအင်ဝန်ကြီး Yuri Prodan သတင်းထောက်များအား ရုရှားက သဘာဝဓာတ်ငွေ့ဖြတ်တောက်မှုအပါ် ဖြေကြားစဉ်။ (ဂျွန် ၁၆၊ ၂၀၁၄)
ယူကရိန်းနိုင်ငံက ရုရှားကိုပေးဖို့ရှိတဲ့ သဘာဝဓာတ်ငွေ့ဖိုး အကြွေးငွေ ဒေါ်လာ သန်း ၂,၀၀၀ နီးပါးကို နောက်ဆုံးပေးရမယ့်ရက်ဖြစ်တဲ့ ဒီကနေ့မှာ မပေးနိုင်တာကြောင့် ယူကရိန်းဆီ သဘာဝဓာတ်ငွေ့ပို့တာ ရပ်လိုက်ပြီလို့ ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom က ပြောလိုက်ပါတယ်။

“ကန်ထရိုက်စာချုပ်အရ ဒီနေ့ မော်စကိုစံတော်ချိန် မနက် (၁၀) နာရီမှာ ယူကရိန်း Naftogaz ဓာတ်ငွေ့ကုမ္ပဏီ အနေနဲ့ ငွေ ပေးထားတဲ့အတိုင်းပဲ သဘာဝဓာတ်ငွေ့ကို ရမှာပါ။ ဒါပေမယ့် အခုချိန်ထိ အရင်ကျန်နေတဲ့ အကြွေးရော၊ ဇွန်လအတွက် ကြိုတင်ငွေကိုပါ မရသေးပါဘူး။ ငွေရမှတ်တမ်းမှာ သုညပဲတွေ့နေရတာကြောင့် Naftogaz က ပေးပြီးသားငွေပမာဏအတိုင်းပဲ သဘာဝဓာတ်ငွေ့ ရပါမယ်။” လို့ Gazprom ရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောသွားခဲ့ပါတယ်။

အကြွေးပြန်ပေးဖို့ သတ်မှတ်ထားတဲ့အချိန် ကျော်သွားပြီးတဲ့နောက် ယူကရိန်းအနေနဲ့ သဘာဝဓာတ်ငွေ့ကို ဝယ်မယ်ဆိုရင် ကြိုတင်ငွေ အရင်ဆုံးပေးရမယ်လို့ Gazprom ကဆိုပါတယ်။ ဒါ့အပြင် ယူကရိန်းအနေနဲ့ အကြွေးစုစုပေါင်း အမေရိကန်ဒေါ်လာ လေးသန်းခွဲ ပြန်ဆပ်ဖို့ စတော့ဟုမ်းမှာရှိတဲ့ စီးပွားရေးဆိုင်ရာ အငြင်းပွားမှုတွေကိုဖြေရှင်းတဲ့ တရားခုံရုံးမှာ ရုရှား စွမ်းအင်ကုမ္ပဏီကြီးက ဒီကနေ့မှာပဲ တရားစွဲဆိုခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ ဥရောပတိုက် တခြားနေရာတွေဆီ သဘာဝဓာတ်ငွေ့ကို ကြားခံပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG