ယူကရိန္း သံမဏိစက္႐ုံက တိုက္ပဲြၾကားပိတ္မိေနသူ အရပ္သား ၅ဝ ခန္႔ ထပ္မံလြတ္ေျမာက္
{{Zawgyi/Unicode}}
ယူကရိန္းအေရွ႕ေတာင္ပိုင္းက ႐ုရွားတပ္သားေတြ ဝိုင္းထားတဲ့ Mariupol ၿမိဳ႕က သံမဏိစက္ရံုဝင္းရဲ႕ ေျမေအာက္လႈိဏ္ေခါင္းေတြထဲမွာ ရွိတဲ့ ေဒသခံအရပ္သား ေနာက္ထပ္ အေယာက္ ၅၀ ကို ေသာၾကာေန႔က ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ ယူကရိန္းဒုတိယဝန္ႀကီးခ်ဳပ္ Iryna Vereshchuk က ေျပာပါတယ္။
႐ုရွား လူသားခ်င္းစာနာမႈတုန္႔ျပန္ေရးဗဟိုဌာန ကေတာ့ ကယ္ထုတ္ခဲ့သူ ၅၀ ထဲမွာ ၁၁ ဦးက ကေလးငယ္ေတြ ျဖစ္ေၾကာင္း ေျပာပါတယ္။
မဟာဗ်ဴဟာက်တဲ့ Mariupol ဆိပ္ကမ္းၿမိဳ႕ကို ႐ုရွားေတြ အၿပီးတိုင္မသိမ္းပိုက္ႏိုင္ေအာင္ ခုခံတိုက္ခိုက္ေနတဲ့ ယူကရိန္း တိုက္ခိုက္ေရးသမား ေတြဟာ သံမဏိစက္ရံုကေန ေနာက္ဆံုးတြန္းလွန္ေနၾကတာ ျဖစ္ပါတယ္။
Mariupol က Azovstal သံမဏိစက္ရံုးဝင္းမွာရွိတဲ့ ရႈပ္ေထြးလွတဲ့ ေျမေအာက္လႈိဏ္ေခါင္းေတြ ကတုတ္က်င္းေတြ မွာ ယူကရိန္းတပ္ဖဲြ႕၀င္ ၂၀၀၀ ေလာက္ရွိေနဆဲ ျဖစ္ၿပီး သူတို႔က လက္နက္ခ်ဖို႔ အႀကိမ္ႀကိမ္ျငင္းဆန္ခဲ့တာ ျဖစ္ပါတယ္။
ဒီသံမဏိစက္ရံုက အရပ္သားေတြကို ကယ္ထုတ္လာတဲ့ ကားတစင္းကို ႐ုရွားတပ္ေတြက ပစ္ခတ္ခဲ့ၿပီး ယူကရိန္းတပ္သား တဦးကို သတ္ျဖတ္ခဲ့သလို အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကိုပါ ခ်ိဳးေဖါက္ခဲ့တယ္လို႔ Mariupol အာဏာပိုင္ေတြက စြပ္စြဲေၾကာင္း ႐ိုက္တာ သတင္းမွာ ေဖၚျပပါတယ္။
ယူကရိန္းမွာ ျဖစ္ပြားေနတဲ့စစ္ပြဲဟာ ရက္စက္ၾကမ္းၾကဳတ္တဲ့ စစ္ပြဲ ျဖစ္ေၾကာင္း ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ေသာၾကာေန႔က မိန္႔ၾကားခဲ့ပါတယ္။
႐ုရွားသမၼတ Vladimir Putin ကေတာ့ အေစာပိုင္း အစၥေရးဝန္ႀကီးခ်ဳပ္ Naftali Bennett နဲ႔ ဖံုးဆက္သြယ္ ေျပာၾကားစဥ္က ႐ုရွားတပ္ေတြဟာ စေနေန႔အထိ ေန႔ဘက္ တိုက္ခိုက္မႈေတြ ရပ္ထားၿပီး ဒီ သံမဏိစက္ရံုဝင္းထဲ ပိတ္မိေနသူေတြ ေဘးလြတ္ရာ ထြက္ခြာႏိုင္ေအာင္ စီစဥ္ေပးမွာျဖစ္ေၾကာင္း ကတိေပးခဲ့တာပါ။
အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price ကေတာ့ ႐ုရွားဘက္က အပစ္အခတ္ရပ္မယ္လို႔ ကတိျပဳခ်က္အတြက္ သံသယရွိေၾကာင္း ေျပာၾကားထားပါတယ္။
.....................................
ယူကရိန်း သံမဏိစက်ရုံက တိုက်ပွဲကြားပိတ်မိနေသူ အရပ်သား ၅၀ ခန့် ထပ်မံလွတ်မြောက်
{{Zawgyi/Unicode}}
ယူကရိန်းအရှေ့တောင်ပိုင်းက ရုရှားတပ်သားတွေ ဝိုင်းထားတဲ့ Mariupol မြို့က သံမဏိစက်ရုံဝင်းရဲ့ မြေအောက်လှိုဏ်ခေါင်းတွေထဲမှာ ရှိတဲ့ ဒေသခံအရပ်သား နောက်ထပ် အယောက် ၅၀ ကို သောကြာနေ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ ယူကရိန်းဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က ပြောပါတယ်။
ရုရှား လူသားချင်းစာနာမှုတုန့်ပြန်ရေးဗဟိုဌာန ကတော့ ကယ်ထုတ်ခဲ့သူ ၅၀ ထဲမှာ ၁၁ ဦးက ကလေးငယ်တွေ ဖြစ်ကြောင်း ပြောပါတယ်။
မဟာဗျူဟာကျတဲ့ Mariupol ဆိပ်ကမ်းမြို့ကို ရုရှားတွေ အပြီးတိုင်မသိမ်းပိုက်နိုင်အောင် ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်း တိုက်ခိုက်ရေးသမား တွေဟာ သံမဏိစက်ရုံကနေ နောက်ဆုံးတွန်းလှန်နေကြတာ ဖြစ်ပါတယ်။
Mariupol က Azovstal သံမဏိစက်ရုံးဝင်းမှာရှိတဲ့ ရှုပ်ထွေးလှတဲ့ မြေအောက်လှိုဏ်ခေါင်းတွေ ကတုတ်ကျင်းတွေ မှာ ယူကရိန်းတပ်ဖွဲ့ဝင် ၂၀၀၀ လောက်ရှိနေဆဲ ဖြစ်ပြီး သူတို့က လက်နက်ချဖို့ အကြိမ်ကြိမ်ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
ဒီသံမဏိစက်ရုံက အရပ်သားတွေကို ကယ်ထုတ်လာတဲ့ ကားတစင်းကို ရုရှားတပ်တွေက ပစ်ခတ်ခဲ့ပြီး ယူကရိန်းတပ်သား တဦးကို သတ်ဖြတ်ခဲ့သလို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုပါ ချိုးဖေါက်ခဲ့တယ်လို့ Mariupol အာဏာပိုင်တွေက စွပ်စွဲကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။
ယူကရိန်းမှာ ဖြစ်ပွားနေတဲ့စစ်ပွဲဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲ ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သောကြာနေ့က မိန့်ကြားခဲ့ပါတယ်။
ရုရှားသမ္မတ Vladimir Putin ကတော့ အစောပိုင်း အစ္စရေးဝန်ကြီးချုပ် Naftali Bennett နဲ့ ဖုံးဆက်သွယ် ပြောကြားစဉ်က ရုရှားတပ်တွေဟာ စနေနေ့အထိ နေ့ဘက် တိုက်ခိုက်မှုတွေ ရပ်ထားပြီး ဒီ သံမဏိစက်ရုံဝင်းထဲ ပိတ်မိနေသူတွေ ဘေးလွတ်ရာ ထွက်ခွာနိုင်အောင် စီစဉ်ပေးမှာဖြစ်ကြောင်း ကတိပေးခဲ့တာပါ။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price ကတော့ ရုရှားဘက်က အပစ်အခတ်ရပ်မယ်လို့ ကတိပြုချက်အတွက် သံသယရှိကြောင်း ပြောကြားထားပါတယ်။