သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO အဖွဲ့ဝင်ဖြစ်ရေး ဆွီဒင်နဲ့ ဟန်ဂေရီ ဝန်ကြီးချုပ်နှစ်ဦးဆွေးနွေး


NATO အတွင်းရေးမှူးချုပ် Jens Stoltenberg (ဝဲ) နဲ့ ဆွီဒင် ဝန်ကြီးချုပ် Ulf Kristersson တို့ လစ်သူရေးနီးယားနိုင်ငံ၊ နေတိုးညီလာခံမှာ တွေ့ဆုံကြစဥ်။ (ဇူလိုင် ၁၁၊ ၂၀၂၃)
NATO အတွင်းရေးမှူးချုပ် Jens Stoltenberg (ဝဲ) နဲ့ ဆွီဒင် ဝန်ကြီးချုပ် Ulf Kristersson တို့ လစ်သူရေးနီးယားနိုင်ငံ၊ နေတိုးညီလာခံမှာ တွေ့ဆုံကြစဥ်။ (ဇူလိုင် ၁၁၊ ၂၀၂၃)

ဆွီဒင်နိုင်ငံက မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ဝင်ရေးအတွက် ဟန်ဂေရီဝန်ကြီးချုပ်နဲ့ ဆွီဒင်ဝန်ကြီးချုပ်တို့ဟာ ကြာသပတေးနေ့ ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာ ဘေးပန်းဆွေးနွေးကြမှာဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက် လိုအပ်ပါတယ်။

ဆွီဒင်ရဲ့လျှောက်ထားချက်ကို ဟန်ဂေရီတနိုင်ငံကပဲ သဘောတူညီချက် မပေးသေးတာပါ။ ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ဆင်နွှဲပြီး သုံးလအကြာမှာ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့က နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ကတည်းက ဟန်ဂေရီအာဏာရပါတီအမတ်တွေက ဆွီဒင်အဖွဲ့ဝင်ဖြစ်ရေး အပေါ် မဲပေးဖို့ အချိန်ဆိုင်းထားခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကတော့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်းက ဆွီဒင်နိုင်ငံ နေတိုးဝင်ရေးကို သူ ထောက်ခံကြောင်း၊ ဖေဖော်ဝါရီလလယ် လွှတ်တော်ပြန်စတဲ့အခါ သူ့ပါတီအမတ်တွေကို မဲပေးကြဖို့ ပြောမယ်လို့ဆိုပါတယ်။ နေတိုးအတွင်းရေးမှူးချုပ်နဲ့ ဆွေးနွေးပြီးနောက် တနင်္လာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်န်ကန်က ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေး မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ ဟန်ဂေရီကို တိုက်တွန်းလိုက်ပါတယ်။ ဟန်ဂေရီလွှတ်တော် ပြန်စတာနဲ့ ဒီကိစ္စဖြစ်ပေါ်လာလိမ့်မယ်လို့ သူ မျှော်လင့်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။

NATO အဖွဲ့ဝင်ဖြစ်ရေး ဆွီဒင်နဲ့ ဟန်ဂေရီ ဝန်ကြီးချုပ်နှစ်ဦးဆွေးနွေး
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG