သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင်အဖွဲ့ဝင်ဖြစ်လာရေး NATO အတွင်းရေးမှုးချုပ် ဆွေးနွေးညှိနှိုင်း


NATO Sweden
NATO Sweden

မြောက်အတ္တလန်တိတ် စစ်ရေးစာချုပ်အဖွဲ့(နေတိုး)ကို ဆွီဒင် ဝင်ခွင့်ရဖို့အတွက် နေတိုးအတွင်းရေးမှူးချုပ် ယောင်န်း စတိုလ်တင်န်ဘဂ် Jens Stoltenberg က တူရကီ၊ ဆွီဒင် ၊ ဖင်လန်နိုင်ငံတွေက အကြီးတန်း တာဝန်ရှိသူတွေနဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဆွီဒင်ဝန်ကြီးချုပ် အာ့လ်ဖ် ခရစ္စတာဆန် Ulf Kristersson တို့ တွေ့ဆုံခဲ့ပြီး တရက်အကြာမှာ Stoltenberg ရဲ့ အစည်းအဝေးတွေက ဖြစ်လာခဲ့တာပါ။ သမ္မတ ဂျိုးဘိုင်ဒင်က ခုလို ပြောခဲ့ပါတယ်။

“နေတိုးအဖွဲ့ ဆွီဒင် ဝင်ရေးကို အမေရိကန်ပြည်ထောင်စုက အပြည့်အဝ၊ အပြည့်အဝ၊ အပြည့်အဝ ထောက်ခံကြောင်း ကျွန်တော် ထပ်မံပြောလိုပါတယ်။ အကြောင်းက ရိုးရှင်းပါတယ်။ ဆွီဒင်က ကျွန်တော်တို့ မဟာမိတ်အဖွဲ့ကို ပိုပြီး အားကောင်းစေမှာပါ။ နေတိုးမှာရှိတဲ့ တန်ဖိုးထားမှုတွေလည်း သူ့မှာ ရှိပါတယ်။”လို့ သမ္မတ ဘိုင်ဒင်က ပြောသွားခဲ့တာပါ။

လာမယ့်အပတ် လစ်သူရေးနီးယားနိုင်ငံ Vilnius ဗီးလ်နီးယာ့စ်မြို့မှာ ကျင်းပမယ့် နေတိုး ထိပ်သီးအစည်းအဝေး မတိုင်မီမှာ ဆွီဒင် နေတိုးအဖွဲ့ ဝင်ခွင့်ကို သဘောတူညီဖို့ တူရကီကို အမေရိကန်က စည်းရုံးနေတာပါ။ တူရကီက အကြမ်းဖက်အဖွဲ့လို့ ပြောတဲ့ ကဒ်အဖွဲ့အစည်းတွေ အပေါ်မှာ ဆွီဒင်က ပျော့ပျောင်းလွန်းတယ်လို့ အကြောင်းပြပြီး တူရကီက နေတိုးအဖွဲ့ဝင်ရေး သဘောတူညီချက်ပေးဖို့ ဆိုင်းငံ့ထားခဲ့ပါတယ်။ ဆွီဒင်က အကြမ်းဖက်ဥပဒေ အသစ် ပြဌာန်းတာ အပါအဝင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ပေမယ့် ကိုရန်ကျမ်း မီးရှို့မှုအပေါ် အရေးယူဖို့ ပျက်ကွက်တာ ကို နောက် အကြောင်းတစ်ကြောင်းအဖြစ် မကြာခင်က တူရကီက ပြောလာပြန်တာကြောင့် ဆွီဒင်အဖွဲ့ဝင်ဖြစ်ရေး က မရေမရာ ဖြစ်နေဆဲဖြစ်ပါတယ်။

ဆွီဒင်အဖွဲ့ဝင်ဖြစ်လာရေး NATO အတွင်းရေးမှုးချုပ် ဆွေးနွေးညှိနှိုင်း
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG