သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ NATO အတွင်းရေးမှူးချုပ်နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံ


အမေရိကန်သမ္မတ Joe Bien နဲ့ NATO မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg အိမ်ဖြူတော်မှာတွေ့ဆုံ၊ ဂျွန် ၁၃၊၂၀၂၃
အမေရိကန်သမ္မတ Joe Bien နဲ့ NATO မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg အိမ်ဖြူတော်မှာတွေ့ဆုံ၊ ဂျွန် ၁၃၊၂၀၂၃

ရုရှားကျူးကျော်မှုကို တန်ပြန်ထိုးစစ်ဆင်မှုမှာ ယူကရိန်းတွေတိုးတက်မှုရနေပြီး လာမယ့်လ NATO ခေါင်းဆောင်တွေ ဆုံတွေ့တဲ့အခါ ယူကရိန်းကိုစစ်ရေးအထောက်အပံ့တွေပိုတိုးပေးဖို့ ခန့်မှန်းတယ်လို့ NATO မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောပါတယ်။ အမေရိကန်သမ္မတ Joe Bien နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံစဉ် Jens Stoltenberg က အခုလို မှတ်ချက်ပြုပြောတာပါ။

ယူကရိန်းတပ်တွေရဲ့ တန်ပြန်ထိုးစစ်မှာ မြေပြင်မှာ တိုးတက်မှုရနေတယ်လို့ NATO အတွင်းရေးမှူးချုပ်က ပြောပါတယ်။ Lithuanian မြို့တော်မှာ NATO မဟာမိတ်တွေရဲ့ထိပ်သီးညီလာခံလုပ်ဖို့ ပြင်ဆင်နေပြီး၊ ယူကရိန်းကို ထောက်ပံ့ကူညီဖို့ နောက်ထပ်ခြေလှမ်းတွေရှိလာမယ်လို့ ခန့်မှန်းရပါတယ်။ သမ္မတ ဘိုင်ဒန် ကတော့ အမေရိကန်အနေနဲ့ NATO နဲ့ပတ်သက်လို့ စိတ်ပိုင်းဖြတ်မှုဟာ အခိုင်အမာရှိတယ်လို့ပြောပါတယ်။

အဲဒီနောက်တော့ ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီ ဒေါ်လာ ၃၂၅ သန်းပေးဖို့ အမေရိကန် အစိုးရက ကြေညာခဲ့ပါတယ်။ Jens Stoltenberg ဟာ NATO အတွင်းရေးမှူးချုပ်အနေနဲ့ ၉ နှစ်တာဝန်ယူခဲ့ပြီး၊ အခု စက်တင်ဘာလကုန်ပိုင်းမှာ တာဝန်သက်တမ်းကုန်ဆုံးဖို့ရှိပါတယ်။ သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲဆိုတဲ့ တူညီတဲ့သဘောထားမျိုး ထွက်မလာသေးပါဘူး။

Stoltenberg တာဝန်ယူနေချိန်အတွင်း NATO အဖွဲ့ဟာ စုစုစည်းစည်းရှိခဲ့တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Karine Jean-Pierre က ပြောပါတယ်။ NATO ခေါင်းဆောင်အဖြစ် ဘယ်သူဆက်ဆံမလဲဆိုတာကိုတော့ သမ္မတ ဘိုင်ဒန်ကိုယ်တိုင်လည်း မဆုံးဖြတ်ရသေးဘူးလို့ အိမ်ဖြူပြောခွင့်ရသူက ပြောခဲ့ပါတယ်။

ရုရှားသိမ်းပိုက်မြေတွေကို ပြန်သိမ်းပိုက်ဖို့ ယူကရိန်းက ကြိုးပမ်းနေချိန်မှာပဲ အခုလို NATO အတွင်းရေးမှူးချုပ် အမေရိကန်ပြည်ထောင်စု ရောက်လာတာပါ။ ယူကရိန်းတပ်ပြန်ထိုးစစ်နဲ့ပတ်သက်လို့ ပြောဖို့ အချိန်စောသေးပေမယ့်လည်း ယူကရိန်းက နေရာများများပြန်သိမ်းပိုက်နိုင်လေလေ၊ တဖက်မှာ ညှိုနှိုင်းမယ်ဆိုရင် အသာစီးရလေလေပဲလို့ NATO အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ကန်သမ္မတ NATO အတွင်းရေးမှုးချုပ်နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG