သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATOရဲ့ အကြီးမားဆုံးလေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်


NATOရဲ့ လေကြောင်းစစ်ရေးလေ့ကျင့်မှုမှာပါဝင်လေ့ကျင့်နေတဲ့ တူရကီ F-16 တိုက်လေယာဉ်၊ ဇွန် ၉ ။ ၂၀၂၃
NATOရဲ့ လေကြောင်းစစ်ရေးလေ့ကျင့်မှုမှာပါဝင်လေ့ကျင့်နေတဲ့ တူရကီ F-16 တိုက်လေယာဉ်၊ ဇွန် ၉ ။ ၂၀၂၃

နေတိုးမဟာမိတ်အဖွဲ့ရဲ့သမိုင်းမှာ အကြီးမားဆုံးဖြစ်တဲ့ လေတပ်စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ဂျာမဏီနိုင်ငံမှာ ဇွန်လ ၁၂ ရက် မနေ့ကစတင်လိုက်ပါတယ်။ မြောက်ပိုင်းနဲ့ ဘောလ်တစ်ပင်လယ်ပြင်မှာ လေကြောင်း ပျံသန်းမှု ၂၀၀၀ ဝန်းကျင်ပျံသန်း လေ့ကျင့်ကြမှာဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံ ၂၅ နိုင်ငံ၊ လေယာဥ် အစီး ၂၅၀ နဲ့ တပ်သား ၁၀၀၀၀ ဟာလာမယ့် ရက်တွေ မှာ ပါဝင်လေ့ကျင့်ကြမှာ ဖြစ်တယ်လို့ဂျာမာန်လေတပ်ကပြောပါတယ်။ ဒီလေ့ကျင့်မှုက နိုင်ငံတစ်နိုင်ငံကို ဦးတည်တာမဟုတ်ဘဲ နေတိုးမဟာမိတ်နိုင်ငံတွေရဲ့ ကာကွယ်ရေးစွမ်းဆောင်ရည်ကို ပြသဖို့ ဖြစ်တယ်လို့ ဂျာမန်လေတပ် ဦးစီးချုပ် Ingo Gerhartz ကပြောပါတယ်။ ဒါပေမဲ့ယူကရိန်းနဲ့ရုရှား စစ်ဖြစ်နေရာမှာ နေတိုး အဖွဲ့ကယူကရိန်းကိုပံ့ပိုးကူညီနေတာပါ။

ဂျာမဏီနိုင်ငံဟာ ဥရောပရဲ့ဗဟိုမှာတည်ရှိနေတာကြောင့် အဓိကထောက်ပံ့ရေး ဆုံချက်နေရာဖြစ်ပြီး၊ လေ့ကျင့်ရေးအတွက် ခုလိုနေရာလည်းဖြစ်လာရတာပါ။ ဂျာမဏီနိုင်ငံမှာ အမေရိကန် တပ်သား ၃၅၀၀၀ လည်းတပ်ချထားပါတယ်။

စစ်ရေးလေ့ကျင့်ကြရာမှာဂျာမဏီမှာ ရှိတဲ့လေတပ်စခန်းတွေကို အဓိကထားသလို၊ နယ်သာလန်နဲ့ ချက် သမ္မတနိုင်ငံက နေရာတွေလည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။ အမေရိကန်ကလည်း ဒီ လေ့ကျင့်ရေးထဲမှာ ပါဝင်ကြဖို့လေယာဥ် ၁၀၀ ကျော်စေလွှတ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG