သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှု အဆုံးသတ်

ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုအတွင်း ကိုရီးယားမရိမ်းတပ်သားများကိုတွေ့ရစဉ် (မတ် ၃၊ ၂၀၂၃)
ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုအတွင်း ကိုရီးယားမရိမ်းတပ်သားများကိုတွေ့ရစဉ် (မတ် ၃၊ ၂၀၂၃)

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ အမေရိကန်၊ ထိုင်းနဲ့ တခြား ဒေသတွင်းနိုင်ငံတွေက တပ်ဖွဲ့ဝင် ၆၀၀ ကျော် ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။ CALFEX လို့ အတိုကောက်ခေါ်တဲ့ မြေပြင်ရော ဝေဟင်ပါ ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားတို့အပြင် သြစတေးလျ၊ တောင်ကိုရီးယားနိုင်ငံတွေလည်း ပါဝင်ပြီး အမြောက်လက်နက်တွေနဲ့လည်း ပစ်ခတ်လေ့ကျင့်ခဲ့ကြတာပါ။

ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှု အဆုံးသတ်
please wait

No media source currently available

0:00 0:01:45 0:00

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ ဒီကနေ့ မတ်လ ၁၀ ရက်နေ့အထိ ကျင်းပတဲ့ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုတွေမှာ ပုံစံမျိုးစုံ လေ့ကျင့်မှုတွေ ပါဝင်ပြီး ကမ္ဘာမှာ အချိန်အကြာဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်သလို၊ အရှေ့တောင်အာရှဒေသမှာတော့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။ ဒီကနေ့ လေ့ကျင့်မှု အပါအဝင် ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုတွေမှာ နိုင်ငံပေါင်း ၃၀ က တပ်ဖွဲ့အင်အား ၇,၀၀၀ ကျော် ပါဝင်ပါတယ်။ အမေရိကန် အတွက်တော့ ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ တရုတ်နိုင်ငံနဲ့ အင်အားပြိုင်ဆိုင်နေရတဲ့ အချိန်မှာ အာရှ မဟာမိတ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို ခိုင်မာအောင် လုပ်တဲ့ အရေးပါတဲ့ ဆောင်ရွက်မှုတခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ် အတွင်းမှာတော့ ကိုဗစ်ကပ်ဘေးကြောင့် ရွှေမြွေဟောက်စစ်ရေး လေ့ကျင့်မှုတွေမှာ တပ်ဖွဲ့အင်အား ပမာဏ လျော့ချ လေ့ကျင့်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကိုတော့ ဒီစစ်ရေးလေ့ကျင့်မှုတွေမှာပါဝင်ဖို့ ဒီနှစ် ဖိတ်ခေါ်ခဲ့တာ မရှိသလို၊ မနှစ်ကလည်း မြန်မာစစ်တပ် မပါခဲ့ပါဘူး။ ၂၀၁၇ ခုနှစ်ကတော့ Cobra Gold စစ်ရေးလေ့ကျင့်မှုတွေမှာ မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားခဲ့ဖူးပါတယ်။

ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှု အဆုံးသတ်
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG