သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကျွန်းအနီး ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု တရုတ်စတင်


China Taiwan Military Drills
China Taiwan Military Drills

ထိုင်ဝမ်ကျွန်းနားမှာ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ဒီနေ့ စတင်လိုက်တယ်လို့ တရုတ်နိုင်ငံက ကြေညာပါတယ်။ ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy တို့ California မှာတွေ့ဆုံခဲ့ပြီး ရက်ပိုင်းအကြာမှာ အခုလို တရုတ်က စစ်ရေးလေ့ကျင့်မှုတွေကို လုပ်နေတာပါ။

ထိုင်ဝမ်သီးခြားခွဲထွက်ရေး အုပ်စုတွေနဲ့ ပြင်ပအုပ်စုတွေ ပူးပေါင်းကြံစည် ရန်စတာကို ပြင်းပြင်းထန်ထန် သတိပေးတာ ဖြစ်တယ်လို့ တရုတ်စစ်တပ်က ဖော်ပြပြောဆိုပြီး စစ်ပွဲအတွက် အသင့်ပြင်ထားတဲ့ ကင်းလှည့်မှုတွေနဲ့ Joint Sword လို့ဆိုတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို စီစဉ်ထားတဲ့အတိုင်း စတင်လိုက်ပြီလို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်ကိုကာကွယ်ဖို့ လိုအပ်တဲ့ စစ်ဆင်ရေးဖြစ်တယ်လို့လည်း တရုတ်စစ်တပ်က ပြောပါတယ်။ ထိုင်ဝမ်းကျွန်းတဝိုက် တရုတ်စစ်သင်္ဘော ၈ စီး၊ တိုက်လေယာဉ် ၄၂ စီးကို တွေ့ရှိခဲ့ပြီး၊ တချို့ တိုက်လေယာဉ်တွေက ထိုင်ဝမ်ရေလက်ကြား ဗဟိုမျဉ်းကို ဖြတ်ကျော်ခဲ့ကြတယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ထိုင်ဝမ် ရေလက်ကြားဗဟိုမျဉ်းဟာ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီး ပိုင်နက်ကို ပိုင်းခြားထားတယ်လို့ ယေဘူယျပြောကြပေမဲ့၊ တရုတ်ကတော့ ထိုင်ဝမ်ဟာ သူတို့ပိုင်နက်ဖြစ်တယ်လို့ အမြဲပြောနေတာ ဖြစ်ပါတယ်။ အခုလို တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုအပေါ် ထိုင်ဝမ်သမ္မတ Tsai Ing-wen ကရှုတ်ချခဲ့ပြီး တရုတ်ရဲ့ အာဏာလွှမ်းမိုး ချဲ့ထွင်နိုင်အောင် အဆင်မပြတ် ကြိုးစားနေတာ ခံနေရတဲ့ ထိုင်ဝမ်အနေနဲ့ အမေရိကန်သာမက တခြားဒီမိုကရေစီနိုင်ငံတွေနဲ့ ဆက်လက် အလုပ်လုပ်သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ထိုင်ဝမ်စစ်တပ်ကလည်း သူတို့စစ်မှုထမ်းတွေ ပုံစံမျိုးစုံ စစ်ရေးလေ့ကျင့်နေတဲ့ ဗွီဒီယိုကို ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ တရုတ်တပြည်ထောင်မူကို လက်ကိုင်ထားပါတယ်။ တချိန်ထဲမှာလည်း ထိုင်ဝမ်ကျွန်း ကာကွယ်နိုင်ရေးအတွက် စစ်ရေးအရ ပံ့ပိုးမှုတွေကို လုပ်နေပါတယ်။

==== Unicode ====






XS
SM
MD
LG