သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wagner ပုန်ကန်မှုမှာ ပါဝင်ပတ်သက်မရှိကြောင်း ကန် ရုရှားကိုအသိပေးခဲ့


အမေရိကန်သမ္မတ Joe Biden
အမေရိကန်သမ္မတ Joe Biden

ရုရှားမှာ Wagner ကြေးစားတပ်ဖွဲ့က ခဏတာ ပုန်ကန်မှုဖြစ်ရပ်မှာ အမေရိကန်ရော NATO မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ပါ ပါဝင်ပတ်သက်မှုမရှိဘူးလို့ အမေရိကန်သမ္မတ Joe Biden က ပြောပါတယ်။ အခုဖြစ်ရပ်ကြောင့်တော့ ယူကရိန်းမှာဖြစ်နေတဲ့ စစ်အပေါ် ဘယ်လို သက်ရောက်မှုဖြစ်လာမလဲဆိုတာ အကဲဖြတ်ဖို့ စောလွန်းနေသေးတယ်လို့လည်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။ ဒီဖြစ်စဉ်ဖြစ်တဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ပိတ်ရက်အတွင်းမှာပဲ သူဟာမဟာမိတ်တွေနဲ့ ဗွီဒီယိုကတဆင့် ဆွေးနွေးစကားပြောပြီး သူတို့ဟာဒီကိစ္စမှာ အနောက်အုပ်စု ဒါမှမဟုတ် NATO အဖွဲ့အပေါ် အပြစ်တင်လို့မရအောင် တညီတည်း လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သမ္မတ Biden က ပြောပါတယ်။

ဒါဟာ ရုရှားနိုင်ငံရဲ့ စနစ်အတွင်းဖြစ်နေတဲ့ အစိတ်အပိုင်းသာဖြစ်ပြီး သူတို့နဲ့ ဘယ်လို မပတ်သက်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း လုပ်ခဲ့တယ်လို့ သမ္မတ Biden က ပြောတာပါ။ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကြီးဟာ ရုရှားတာဝန်ရှိသူတွေကို စနေနေ့က ဆက်သွယ်ပြီး အခုကြေးစားတပ်ရဲ့ လက်နက်ကိုင်ပုန်ကန်မှုမှာ အမေရိကန်က မပတ်သက်ဘူးဆိုတာ အသိပေးခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကလည်း ပြောပါတယ်။

အခုဖြစ်ပျက်တဲ့ကိစ္စတွေမှာ ရုရှားပြည်တွင်းရေးအဖြစ် အမေရိကန်က ရှုမြင်တယ်ဆိုတာကိုလည်း သံအမတ်ကြီး Lynne Tracy က ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုပုန်ကန်မှုစီစဉ်တယ်ဆိုတာကို အမေရိကန်ထောက်လှမ်းရေးက သိထားပေမယ့်၊ ရုရှားကို သတင်းပေးတာမျိုးမလုပ်ခဲ့ဘူးလို့တော့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG