သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စကိုမြို့ခံတွေ အိမ်ပြင်မထွက်ကြဖို့ မော်စကိုမြို့တော်ဝန် သတိပေး


မော်စကိုရင်ပြင်နီ လုံခြုံရေးစောင့်ကြပ်နေ
မော်စကိုရင်ပြင်နီ လုံခြုံရေးစောင့်ကြပ်နေ

ရုရှားစစ်ဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ကို သူ့လက် မအပ်ရင် မော်စကိုမြို့တော်ကို ချီတက်မယ်လို့ Wagner ကြေးစားစစ်တပ်ကို တည်ထောင်သူ Yevgeny Prigozhin ကကြေညာခဲ့ပြီးနောက် Wagner စစ်တပ်ယာဉ်တန်းတွေ မော်စကိုမြို့တော်နားအထိ ရောက်လာနေပုံရချိန်မှာ မြို့တော်ထဲက လူတွေကို အိမ်ပြင်မထွက်ကြဖို့ မြို့တော်ဝန်က သတိပေးထားပါတယ်။

မော်စကိုမြို့တော်မှာ အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေးလုပ်နေတယ်လို့ ကြေညာထားတဲ့အတွက် ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတယ်လို့ မြို့တော်ဝန် Sergei Sobyanin က Telegram ပေါ်မှာ ကြေညာပါတယ်။

ပြည်သူတွေကြုံရမယ့် အန္တရာယ်အနည်းဆုံးဖြစ်စေဖို့ တနင်္လာနေ့ကျရင် မဖြစ်မနေလိုအပ်တဲ့ အလုပ်တွေကလွဲလို့ ကျန်တဲ့အလုပ်တွေအားလုံးကို ပိတ်မှာဖြစ်တဲ့အကြောင်းနဲ့ တချို့နေရာတွေမှာ လမ်းတွေလည်း ပိတ်ထားမှာဖြစ်တဲ့အတွက် မြို့ထဲတဝိုက် အသွားအလာမလုပ်ကြဖို့လည်း မော်စကိုမြို့တော်ဝန်က သတိပေးထားပါတယ်။ ယူကရိန်းကို ရုရှားတပ်တွေ စေလွှတ်ရာမှာ အဓိကသုံးတဲ့ Rostov မြို့ကို ထိန်းချုပ်ထားပြီလို့ Wagner ကြေးစားစစ်တပ်တွေ ထိန်းချုပ်ထားပါတယ်။

ယူကရိန်းကို ရုရှားဘက်ကနေ အဓိကတိုက်ပေးနေတဲ့ Wagner အုပ်စုရဲ့ ကြေးစားတပ်တွေဟာ ရုရှားနိုင်ငံကို သစ္စာဖောက်တယ်လို့ သမ္မတ Vladimir Putin က ဒီနေ့ စနေနေ့မှာ အရေးပေါ် မိန့်ခွန်းပြောကြားပြီး လက်နက်ကိုင် ပုန်ကန်မှုတွေကို ချေမှုန်းသွားမယ်လို့ သတိပေးခဲ့ပါတယ်။

XS
SM
MD
LG