သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကြေးစားတပ်တွေ တောင်ပိုင်းဒေသက ပြန်လည်ဆုတ်ခွာ


Russian Wagner fighters start pulling out of Rostov-on-Don
Russian Wagner fighters start pulling out of Rostov-on-Don

ရုရှားသမ္မတ Vladimir Putin ကို ရှားရှားပါးပါး အာဏာဖီဆန်ပြီး မော်စကိုမြို့တော်အထိ ချီတက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ရုရှားကြေးစားတပ်ဖွဲ့ဟာ ဘဲလာရုစ်နိုင်ငံက ကြားဝင်ညှိနှိုင်းမှုနဲ့ အခုနောက်ဆုံး နိုင်ငံတောင်ပိုင်းကနေ ပြန်လည်ဆုတ်ခွာသွားကြပါပြီ။ ဘဲလာရုစ်သမ္မတ Alexander Lukashenko ရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ Wagner ကြေးစားတပ်ဖွဲ့တွေ မော်စကိုမြို့တော်ကို ချီတက်နေတာကို ရပ်ဆိုင်းခဲ့ကြတာပါ။

ကြေးစားတပ်ဖွဲ့ခေါင်းဆောင် Yevgeny Prigozhin ကို ရုရှားက ရာဇဝတ်ကြောင်းနဲ့ အရေးယူဖို့ စီစဉ်နေတာကို ရုပ်သိမ်းပြီး၊ အပြန်အလှန်အနေနဲ့ မော်စကိုမြို့တော်ကို ချီတက်နေတဲ့ ကြေးစားတပ်တွေ ပြန်လည်ဆုတ်ခွာဖို့နဲ့ ဘဲလာရုစ်နိုင်ငံကို ထွက်ခွာဖို့ ကြေးစားတပ်ဖွဲ့ခေါင်းဆောင်က လက်ခံခဲ့တာ ဖြစ်ပါတယ်။ သဘောတူညီချက်အရ ကြေးစားတပ်ဖွဲ့တွေကို အရေးယူမှာ မဟုတ်ကြောင်းလည်း ရုရှားအစိုးရက အာမခံခဲ့တာပါ။

ရှေ့တန်းစစ်မျက်နှာမှာ သတ္တိရှိရှိ စွမ်းဆောင်ခဲ့ကြတဲ့ Wagner တပ်ဖွဲ့တွေကို အစဉ်အမြဲလေးစားကြောင်းလည်း ရုရှားသမ္မတ ပြောခွင့်ရ Dmitry Peskov က မနေ့ကပဲ ပြောခဲ့ပါတယ်။ ပုန်ကန်မှုမှာ မပါတဲ့ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဖို့ ကမ်းလှမ်းခဲ့တာပါ။ သဘောတူညီမှု ရခဲ့ပြီးနောက် မော်စကိုမြို့တော်ကို ချီတက်ခဲ့ကြတဲ့ ကြေးစားတပ်ဖွဲ့တွေလည်း မနေ့ညကစ ရုရှားတောင်ပိုင်းကနေ ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။

Rostov မြို့ကနေ ကြေးစားတပ်ဖွဲ့တွေ ပြန်လည်ထွက်ခွာသွားပြီလို့လည်း ဒေသခံအုပ်ချုပ်ရေးမှူးက အတည်ပြုခဲ့တာပါ။ အင်အားကြီးကြေးစားတပ်ဖွဲ့နဲ့ ရုရှားသမ္မတကြား ထိပ်တိုက်ရင်ဆိုင်မှု အဆုံးသတ်သွားပေမဲ့ ရုရှားသမ္မတအပေါ် ကြီးမားတဲ့ စိန်ခေါ်မှုတခုလည်း ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG