သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO အဖွဲ့ဝင်ဖြစ်ရေး ဆွီဒင်လျှောက်လွှာ တူရကီလွှတ်တော်မှာတင်သွင်း


Sweden NATO Explainer
Sweden NATO Explainer

ဆွီဒင်နိုင်ငံက မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်နိုင်ငံများအဖွဲ့ (NATO) အဖွဲ့ဝင် လျှောက်လွှာကို တူရကီသမ္မတ ရီဆက်ပ် တေယစ်ပ် အာဒိုဂန် (Recep Tayyip Erdogan) က ပါလီမန်ကို တနင်္လာနေ့က တရားဝင်တင်ပြလိုက်တယ်လို့ သူ့ရဲ့ရုံး က ပြောပါတယ်။ ခုလို တင်လိုက်တာကို အမေရိကန်နိုင်ငံက တနင်္လာနေ့မှာပဲ ကြိုဆိုလိုက်ပါတယ်။

ဥပဒေကြမ်ကို တူရကီလွှတ်တော်မှာ စဥ်းစားပြီး မြန်နိုင်သမျှအမြန်ဆုံး အတည်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Matthew Miller က သတင်းထောက်တွေကို ပြောပါတယ်။ တူရကီနဲ့ ဟန်ဂေရီနိုင်ငံတို့ဟာ ဆွီဒင်ရဲ့ နေတိုးဝင်ခွင့် လျှောက်ထားချက်ကို အတည်ပြုမပေးသေးတဲ့ နေတိုးအဖွဲ့ဝင် ၂ နိုင်ငံ ဖြစ်ကြပါတယ်။

ရုရှားက ယူကရိန်းကို မနှစ်က ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် ဆွီဒင်နိုင်ငံဟာ သူ့ရဲ့ ဘယ်ဘက်မှမလိုက်ရေးမူဝါဒကို စွန့်လွှတ်လိုက်ပြီး နေတိုးအဖွဲ့ဝင်ဖို့ လျှောက်ထားခဲ့တာပါ။ တူရကီနိုင်ငံရဲ့ကြေညာချက်က အားတက်ဖွယ်သတင်းစကားဖြစ်ပါတယ်လို့ ဆွီဒင်ဝန်ကြီးချုပ် အားလ်ဖ် ခရစ္စတာဆောန် (Ulf Kristersson) က ပြောပါတယ်။ တူရကီနိုင်ငံက ကိုရာမ်ကျမ်း မီးရှို့မှုကို အရေးယူဖို့နဲ့ ကာ့ဒ် စစ်သွေးကြွအဖွဲ့ကို ဆွီဒင်ကနေ တူရကီပြန်ပို့ဖို့ ဆွီဒင်အပေါ် ဖိအားပေးပြီး နေတိုးဝင်ခွင့်ကို အချိန်ဆွဲထားခဲ့တာပါ။ ဆွီဒင်နဲ့တချိန်တည်းလို လျှောက်ထားခဲ့တဲ့ ဖင်လန်နိုင်ငံက ဧပြီလမှာ ဝင်ခွင့်ရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG