သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကန် တူရကီကို ညှိုနှိုင်း


Belgium NATO Ukraine
Belgium NATO Ukraine

NATO အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတဲ့ ဆွီဒင်နိုင်ငံ အတွက် ရည်ရွယ်ပြီး အမေရိကသမ္မတ Joe Biden က တူရကီသမ္မတ Recep Tayyip Erdogan နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။ တူရကီရဲ့ ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရတဲ့ သက်တမ်းရှည်ကြာ သမ္မတ ဟာ NATO အဖွဲ့ဝင် ခန့်မှန်းရခက်ခဲတဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ အိမ်ဖြူတော်ဆိုင်ရာ VOA. သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့ သတင်းကို ကို အောင်အောင် တင်ပြပေးထားပါတယ်။

တူရကီသမ္မတ Recep Tayyip Erdogan ရွေးကောက်ပွဲ အနိုင်ရ အထိမ်းအမှတ်အနေနဲ့ သူ့ကိုထောက်ခံသူတွေက အောင်ပွဲခံနေကြတာပါ။. ကမ္ဘာ့ခေါင်းဆောင်တွေက ဂုဏ်ယူကြောင်း ဖုန်းဆက်ပြောဆိုကြတဲ့ထဲ သမ္မတ Joe Biden လည်း ပါဝင်ပါတယ်။

"F16 တွေ သူက လိုချင်နေတာပါ။ ဒါဆိုရင် ဆွီဒင်ကိစ္စကို သဘောတူပေးပါလို့ သူ့ကို ကျနော်ပြောထားပါတယ်။ "

ခုလို ဘိုင်ဒန်က ကမ်းလှမ်းလိုက်တာဟာ ပထမဆုံးအကြိမ်ပါ။ တူရကီဟာ အမေ၇ိကန်လုပ် F16 တိုက်လေယာဥ် အစီး ၄၀ ဝယ်ယူဖို့ ကာလကြာရှည်ကတည်းက ကြိုးစားနေတာဖြစ်ပေမယ့်လည်း အမေရိကန် ကွန်ဂရက်စ်လွှတ်တော်က ကန့်ကွက်နေတာပါ။ အမေ၇ိကန်အစိုးရဘက်ကတော့ သမ္မတရဲ့ ကမ်းလှမ်းချက်က အပေးအယူလုပ်တာမဟုတ်ဘူးလို့ ဆိုပါတယ်။ အိမ်ဖြူတော်ပြောခွင့်ရ Karine Jean-Pierreကခုလိုပြောပါတယ်။

" ဒါဟာ ကြိုတင် စည်းမျဥ်းစည်းကမ်းသတ်မှတ်တာမဟုတ်ပါဘူး။ သမ္မတက F 16 ရောင်းဖို့ကိစ္စ သဘောတူထားတာ ကြာလှပါပြီ။"

ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကန် တူရကီကို ညှိုနှိုင်း
please wait

No media source currently available

0:00 0:02:21 0:00

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက် ကတည်းက ဖင်လန်နဲ့ ဆွီဒင်တို့ဟာ NATO အဖွဲ့ဝင်ဖြစ်ဖို့ မေ ၂၀၂၂ မှာ စတင်လျှောက်ထားတာဖြစ်ပြီး NATO အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူအတည်ပြုပေးရမှာပါ။ ဖင်လန်နိုင်ငံဟာ ဧပြီမှာ NATO အဖွဲ့ဝင်ဖြစ်လာပေမယ့် ဆွီဒင် NATO အဖွဲ့ဝင်ဖြစ်ဖို့ တူရကီက အတည်ပြုမပေးသေးပါဘူး။ ဆွီဒင်ဟာ တူရကီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ Kardistan အလုပ်သမားပါတီနဲ့ ပတ်သတ်လို့သဘောထားပျော့ပြောင်းတာကြောင့်လို့ တူရကီက ဆိုပါတယ်။ လာမယ့် ဇူလိုင်မှာ ကျင်းပမယ့် NATO ထိပ်သီးအစည်းအဝေးမှာတော့ ဆွီဒင်အဖွဲ့ဝင်ဖြစ်ဖို့ အားလုံးက မျှော်လင့်နေတာပါ။ Brooking Institution က Asli Aydintaşbaş က Skype ကေန ခုလိုပြောပါတယ်။

" Vilnius (ဗေးလ်နီးယပ်စ်) ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်ကာလအတွင်း ရှင်းစရာရှိတာတွေ ရှင်းနေတဲ့သဘောပါ။ ဆွေးနွေးပွဲကျရင်တော့ ဒီကိစ္စအဖြေထွက်လာနိုင်ပါတယ်။ "

တိုက်လေယာဥ်ကိစ္စအပြင် အမေ၇ိကန်နဲ့ တူရကီဆက်ဆံရေးကလည်း အေးစက်စက် ဖြစ်နေခဲ့တာပါ။

"ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ့်ဘက်က ၁၀၀ ရာနှုန်းရှိမနေခဲ့ပါဘူး။ ၅၀ ရာနှုန်းကျော် ဟိုဘက်မှာ ရှိနေတာမဟုတ်ဘူးလို့ မျော်လင့်ရပေမယ့် ဘိုင်ဒန်နဲ့ အာဒိုဝမ်အကြား ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးအပေါ် အများကြီး မူတည်နေပါတယ်။ အရင်က ဆက်ဆံရေး တင်းမာနေပေမယ့် ဒီလိုပြောဆိုတာက ကောင်းမွန်တဲ့ ခြေလှမ်းအစပါ။ "

တူရကီသမ္မတ အာဒိုဝမ်ဟာ ယူကရိန်းကို ရုရှားကကျူးကျော် တိုက်ခိုက်တာကို ပြစ်တင်ရှုတ်ချပေမယ့် အနောက်နိုင်ငံတွေက ရုရှားကို ဒဏ်ခတ်ပိတ်ဆို့တဲ့အခါမှာ ပူးပေါင်းဆောင်ရွက်တာမျိုးမရှိတဲ့အပြင် ကုန်သွယ်ရေးပိုင်းမှာ ရုရှားနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG