သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘက်ထွက်ပြေးတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်မောင်းထုတ်ခံတာတွေရှိ 


ထိုင်းနယ်စပ်ကို ထွက်ပြေးလာခဲ့ကြသည့် မြန်မာစစ်ပြေးဒုက္ခသည်များ
ထိုင်းနယ်စပ်ကို ထွက်ပြေးလာခဲ့ကြသည့် မြန်မာစစ်ပြေးဒုက္ခသည်များ


[[Zawgyi/Unicode]]


မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်နေတဲ့ စစ်တပ်ရဲ့အကြမ်းဖက် နှိပ်ကွပ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက မြန်မာနိုင်ငံဘက် ပြန်မောင်းထုတ်နေတယ်လို့ ပြန်ပို့ခံရတဲ့ ဒုက္ခသည်တွေအပါအဝင် ထိုင်းအာဏာပိုင်တွေ နဲ့ တွေ့ဆုံ မေးမြန်းပြီး အေပီသတင်းမှာ ဖော်ပြထားပါတယ်။

မိခင်နိုင်ငံကိုပြန်သွားရင် ဘေးဒုက္ခတွေ့နိုင်တဲ့ ဒုက္ခသည်တွေကို အဓမ္မ နေရပ်ပြန်မပို့ရလို့ နိုင်ငံတကာဥပဒေအရ တားမြစ်ထားတဲ့ကြားက ထိုင်းအစိုးရက အခုလို ပြန်ပို့နေတာလို့ ဆိုပါတယ်။

ကိုယ့်ရပ်ကိုယ့်ရွာမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ထွက်ပြေးလာကြတဲ့ ဒီဒုက္ခသည်တွေဟာ ထိုင်းအစိုးရက ပြန်မောင်းထုတ်တဲ့အတွက် နေရပ်ရင်းကိုလည်း မပြန် ရဲသေးဘဲ နှစ်နိုင်ငံကြား သောင်ရင်းမြစ်ထဲက ကျွန်းလေးမှာ ယာယီတဲတွေထိုးပြီး နေထိုင်နေကြတယ်လို့ အေပီသတင်းက ရေးပါတယ်။ သူတို့အတွက် ရွေးချယ် စရာနေရာဟာ နေရပ်ပြန်လို့ အသက်သေဆုံးနိုင်တဲ့အခြေအနေနဲ့ သူတို့ကို လက်ခံလိုစိတ်မရှိတဲ့ တဘက်နိုင်ငံအကြား နယ်စပ်မြစ်ပဲဖြစ်တယ်လို့ အဲဒီနေရာမှာ ခိုလှုံနေရတဲ့ မိသားစုတခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းက ရေးပါတယ်။

ထိုင်းအစိုးရကတော့ မြန်မာဒုက္ခသည်တွေဟာ သူ့တို့သဘောနဲ့သူတို့ နေရပ်ကို ပြန်နေကြတာလို့ ပြောပါတယ်။ စစ်ပွဲတွေ ရပ်တန့်နေတဲ့ ကြားကာလတွေမှာ ဒုက္ခသည်တွေ ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာခဲ့ကြတယ်လို့ ထိုင်း-မြန်မာနယ်စပ် Tak ပြည်နယ် အုပ်ချုပ်ရေးမှူး Somchai Kitcharoenrungroj ပြောတာကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါ တယ်။ လက်ရှိမှာ Tak ပြည်နယ်ဟာ မြန်မာနိုင်ငံသားအများစု ခိုလှုံ နေထိုင်နေတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။ အဲဒီလူတွေ ကို ဥပဒေနဲ့အညီ မြန်မာပြည်ဘက်ကို ပြန်ခိုင်းတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း စစ်တပ်ရဲ့လက်ချက်ကြောင့် အနည်းဆုံး အရပ်သား ၁,၇၀၀ ကျော် သေဆုံးခဲ့ရပြီး ၁၃,၀၀၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတယ်လို့ AAPP အသင်းက ထုတ်ပြန်ထားပါ တယ်။ ဖမ်းဆီးခံရသူတွေထဲက အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အများစုဟာ စံနစ်တကျ ညှဉ်းပန်း နှိပ်စက်ခံကြရတယ်လို့လည်း အေပီသတင်းမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

===============
[[Unicode]]








===============

XS
SM
MD
LG