သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အတွင်းရေးမှုးချုပ် ရုရှားသမ္မတ နဲ့ တွေ့ဆုံမည်


FILE PHOTO: News conference at the U.N. Headquarters, in New York City
FILE PHOTO: News conference at the U.N. Headquarters, in New York City

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ဟာ လာမယ့်အင်္ဂါ ဧပြီလ ၂၆ ရက်မှာ ရုရှားနိုင်ငံကို သွားရောက်ပြီး၊ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးအတွက် သမ္မတ ပူတင် နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ အတွင်းရေးမှုချုပ်ရဲ့ လက်ထောက်ပြောရေးဆို ခွင့်ရှိသူ  Eri Kaneko က သောကြာနေ့ က ပြောဆိုလိုက်ပါတယ်။  

ကုလ အတွင်းရေးမှုးချုပ် ရုရှားသမ္မတ နဲ့ တွေ့ဆုံမည်

{{Zawgyi/Unicode}}
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ဟာ လာမယ့်အင်္ဂါ ဧပြီလ ၂၆ ရက်မှာ ရုရှားနိုင်ငံကို သွားရောက်ပြီး၊ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးအတွက် သမ္မတ ပူတင် နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ အတွင်းရေးမှုချုပ်ရဲ့ လက်ထောက်ပြောရေးဆို ခွင့်ရှိသူ Eri Kaneko က သောကြာနေ့ က ပြောဆိုလိုက်ပါတယ်။

“ယူကရိန်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရမယ့် အရာတွေနဲ့ ပတ်သက်ပြီး အတွင်းရေးမှုးချုပ် အနေနဲ့ ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။” လို့ ပြောရေးဆိုခွင့်ရှိသူ Kaneko ကပြောဆိုသွားတာပါ။

အတွင်းရေးမှူးချုပ် ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော နဲ့ ဦးစွာတွေ့ ဆုံဆွေးနွေးမှာပါ၊ အဲဒီနောက် ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

တချိန်ထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး အနေနဲ့ ယူကရိန်းအစိုးရနဲ့ ဆက်သွယ်ပြီး အတွင်းရေးမှုးချုပ်ရဲ့ ယူကရိန်း ခရီးစဉ်ကို စီစဉ်နေပါတယ်။

ဒီရက်သတ္တပတ် အစောပိုင်းက ရုရှား သမ္မတ နဲ့ရော၊ ယူကရိန်းသမ္မတနဲ့ပါ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံဖို့ ကိစ္စတွေအတွက် နှစ်နိုင်ငံစလုံးရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့တွေ ကနေတဆင့် အတွင်းရေးမှုးချုပ်က သီးခြားစီစာရေးသားပေးပို့ခဲ့ပါတယ်။

စစ်ပွဲအတွင်းပိတ်မိနေတဲ့ အရပ်သားတွေကို ထွက်ခွါနိုင်ဖို့နဲ့ လူသားခြင်းစာနာမှု အထောက်အကူတွေပေးနိုင်ဖို့ အော်သိုဒေါ့ခရစ်ယန် အီစတာပွဲတော် အတွက် ၄ ရက်ကြာ အပစ်အခတ်ရပ်ဆိုင်းထားဖို့ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့တုန်းက အတွင်းရေးမှုးချုပ် ဂူတားရပ်စ် မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီအပစ်အခတ်ရပ်စဲမှုကို ဧပြီ ၂၁ ရက်နေ့က စတင်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

........................................................................


{{Zawgyi/Unicode}}






XS
SM
MD
LG