ျမန္မာႏိုင္ငံမွာ လုံျခံဳေရးနဲ႔ အကူအညီ လိုအပ္ခ်က္ေတြ တိုးလာတဲ့အေပၚ ကုလသတိေပး
{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ၁ ႏွစ္ေက်ာ္ ၾကာလာခ်ိန္မွာ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ အဖက္ဖက္က ယိုယြင္းက်ဆင္းလာေနတာဟာ စိုးရိမ္စရာ ေကာင္းတယ္လို႔ ကုလသမဂၢက ေျပာဆိုလိုက္ပါတယ္။
“ပဋိပကၡေတြ ႀကီးထြားလာတာေၾကာင့္ လုံၿခဳံေရး၊ လူသားခ်င္း စာနာမႈနဲ႔ လူ႔အခြင့္အေရး အေျခအေနေတြ ပိုမိုဆိုးရြားလာတဲ့အေပၚ ျမန္မာႏိုင္ငံက ကုလသမဂၢအဖဲြ႕အစည္းေတြ စိုးရိမ္ေနၾကပါတယ္။” လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က နယူးေယာက္ ကုသသမဂၢ ႐ုံးခ်ဳပ္က ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာၾကားလိုက္တာပါ။
ပဋိပကၡေတြေၾကာင့္ အရပ္သား ထိခိုက္ေသဆုံးမႈေတြ၊ အိုးအိမ္၊ အေဆာက္အဦးေတြ ပ်က္စီးမႈေတြနဲ႔ နယ္စပ္ျဖတ္ေက်ာ္ ထြက္ေျပး တိမ္းေရွာင္ရသူေတြ ပိုမ်ားလာတယ္လို႔လည္း ေျပာပါတယ္။
စစ္တပ္က အာဏာသိမ္းၿပီး ၁ ႏွစ္ေက်ာ္ ကာလအတြင္း ေနရပ္စြန္႔ခြာ ထြက္ေျပးရသူ ၄၃၈,၈၀၀ ရွိေၾကာင္း ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး (UNHCR) ကခန္႔မွန္းထားပါတယ္။ စစ္အာဏာသိမ္းမႈ မျဖစ္ခင္ ျမန္မာႏိုင္ငံမွာ ဒုကၡသည္ ၃၇၀,၀၀၀ ရွိေနတဲ့အျပင္ ေနာက္ထပ္ သိန္းနဲ႔ခ်ီ ထပ္တိုးလာခဲ့တာပါ။
အာဏာသိမ္းခဲ့တဲ့ ၁ ႏွစ္ေက်ာ္အတြင္း ေနအိမ္အေဆာက္အဦး၊ ဘုရားေက်ာင္း၊ စာသင္ေက်ာင္းနဲ႔ ေစ်းဆိုင္ စုစုေပါင္း (၃၅၀၀) ေက်ာ္ မီးရႈိ႕တာ၊ ဖ်က္ဆီးတာေတြခံခဲ့ရတဲ့အေပၚ အကူအညီေပးသူေတြ စိုးရိမ္ေနေၾကာင္းလည္း ကုလသမဂၢက ေျပာပါတယ္။ အကူအညီလိုအပ္သူေတြ တိုးလာေနခ်ိန္မွာ အကူအညီေပးသူေတြ လြတ္လြတ္လပ္လပ္နဲ႔ လုံျခံဳမႈရွိရွိ သြားေရာက္ခြင့္ လိုအပ္ေနတာကိုလည္း ကုလသမဂၢက ေထာက္ျပခဲ့တာပါ။
ႏိုင္ငံေရး အက်ပ္အတည္းေတြနဲ႔ ပဋိပကၡေတြေၾကာင့္ အကူအညီလိုအပ္ခ်က္ေတြ စံခ်ိန္တင္ မ်ားျပားလာေနတဲ့ ျမန္မာႏိုင္ငံမွာ ဒီႏွစ္ ၂၀၂၂ ခုႏွစ္ထဲ လူ (၆.၂) သန္းအတြက္ စာနာမႈအကူညီ ေပးႏိုင္ဖို႔ ရန္ပုံေငြ ေဒၚလာ(၈၂၆)သန္း လိုအပ္ေၾကာင္းလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ေျပာခြင့္ရက ေျပာဆိုခဲ့ပါတယ္။
......................................................
မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ အကူအညီ လိုအပ်ချက်တွေ တိုးလာတဲ့အပေါ် ကုလသတိပေး
{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော် ကြာလာချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အဖက်ဖက်က ယိုယွင်းကျဆင်းလာနေတာဟာ စိုးရိမ်စရာ ကောင်းတယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။
“ပဋိပက္ခတွေ ကြီးထွားလာတာကြောင့် လုံခြုံရေး၊ လူသားချင်း စာနာမှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေ ပိုမိုဆိုးရွားလာတဲ့အပေါ် မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့အစည်းတွေ စိုးရိမ်နေကြပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က နယူးယောက် ကုသသမဂ္ဂ ရုံးချုပ်က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။
ပဋိပက္ခတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ၊ အိုးအိမ်၊ အဆောက်အဦးတွေ ပျက်စီးမှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ထွက်ပြေး တိမ်းရှောင်ရသူတွေ ပိုများလာတယ်လို့လည်း ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ကျော် ကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၄၃၈,၈၀၀ ရှိကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကခန့်မှန်းထားပါတယ်။ စစ်အာဏာသိမ်းမှု မဖြစ်ခင် မြန်မာနိုင်ငံမှာ ဒုက္ခသည် ၃၇၀,၀၀၀ ရှိနေတဲ့အပြင် နောက်ထပ် သိန်းနဲ့ချီ ထပ်တိုးလာခဲ့တာပါ။
အာဏာသိမ်းခဲ့တဲ့ ၁ နှစ်ကျော်အတွင်း နေအိမ်အဆောက်အဦး၊ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ ဈေးဆိုင် စုစုပေါင်း (၃၅၀၀) ကျော် မီးရှို့တာ၊ ဖျက်ဆီးတာတွေခံခဲ့ရတဲ့အပေါ် အကူအညီပေးသူတွေ စိုးရိမ်နေကြောင်းလည်း ကုလသမဂ္ဂက ပြောပါတယ်။ အကူအညီလိုအပ်သူတွေ တိုးလာနေချိန်မှာ အကူအညီပေးသူတွေ လွတ်လွတ်လပ်လပ်နဲ့ လုံခြုံမှုရှိရှိ သွားရောက်ခွင့် လိုအပ်နေတာကိုလည်း ကုလသမဂ္ဂက ထောက်ပြခဲ့တာပါ။
နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပဋိပက္ခတွေကြောင့် အကူအညီလိုအပ်ချက်တွေ စံချိန်တင် များပြားလာနေတဲ့ မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၂၂ ခုနှစ်ထဲ လူ (၆.၂) သန်းအတွက် စာနာမှုအကူညီ ပေးနိုင်ဖို့ ရန်ပုံငွေ ဒေါ်လာ(၈၂၆)သန်း လိုအပ်ကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။