သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအေပၚ ကုလသမဂၢက ထိေရာက္ေအာင္ အေရးယူဖုိ႔ HRW တုိက္တြန္း 


လံုျခံဳေရးေကာင္စီစည္းေဝးပဲြ ျမန္မာအေျခအေနေျပာင္းလဲ ႏိုင္မည္မဟုတ္ (HRW)

အာဏာသိမ္းစစ္ေကာင္စီရဲ႕ မတရားအႏိုင္က်င့္တာေတြကို အဆုံးသတ္ေအာင္လုပ္ဖို႔ ကုလသမဂၢလူအခြင့္အေရးေကာင္စီအေနနဲ႔ လက္နက္ ပိတ္ပင္ေရးနဲ႔ ပိုမိုထိုေရာက္တဲ့ပိတ္ဆို႔အေရးယူေရးအပါအဝင္ျမန္မာႏိုင္ငံ ဆိုင္ရာမဟာဗ်ဴဟာတရပ္ခ်မွတ္သင့္တယ္လို႔ လူ႔အခြင့္အေရးေစာင့္ၾကည့္ ေရးအဖြဲ႕ Human Right Watch (HRW) ကတိုက္တြန္း လိုက္ပါတယ္။  

စစ္ေကာင္စီအေပၚ ကုလသမဂၢက ထိေရာက္ေအာင္ အေရးယူဖုိ႔ HRW တုိက္တြန္း

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ အာဏာသိမ္းစစ္ေကာင္စီရဲ့ မတရားအႏုိင္က်င့္တာေတြကုိ အဆုံးသတ္ေအာင္လုပ္ဖုိ႔ ကုလသမဂၢလူအခြင့္အေရးေကာင္စီအေနနဲ႔ လက္နက္ ပိတ္ပင္ေရးနဲ႔ ပုိမုိထုိေရာက္တဲ့ပိတ္ဆုိ႔အေရးယူေရးအပါအဝင္ျမန္မာႏုိင္ငံ ဆုိင္ရာမဟာဗ်ဴဟာတရပ္ခ်မွတ္သင့္တယ္လုိ႔ လူ့အခြင့္အေရးေစာင့္ၾကည့္ ေရးအဖဲြ့ Human Right Watch (HRW) ကေသာၾကာေန႔မွာ တုိက္တြန္း လုိက္ပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရးဆုိင္ရာ မဟာမင္းႀကီးရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ အစီရင္ခံစာနဲ႔ ပတ္သက္လုိ႔ လာမယ့္ တနလၤာေန႔က်ရင္ လူ့အခြင့္ေရးေကာင္စီမွာ ေဆြးေႏြးဖုိ႔ ရွိေနခ်ိန္မွာပဲ အခုလုိ္တုိက္တြန္းလုိက္တာပါ။

ျမန္မာႏုိင္ငံဆုိင္ရာ လူ႔အခြင့္ေရးေကာင္စီရဲ့ ဆုံးျဖတ္ခ်က္ထဲမွာ ကုလသမဂၢ အဖဲြ႔ဝင္ႏုိင္ငံေတြအားလုံး ျမန္မာႏုိင္ငံကုိ လက္ႏွက္တင္ပုိ႔ေရာင္းခ်မႈတားျမစ္ ပိတ္ပင္ဖုိ႕နဲ႔ စစ္ဘက္ဆုိင္ရာ အက်ိဳးစီးပြားေတြကုိ ပိတ္ပင္ဖုိ႔အတြက္ပုိမုိထိ ေရာက္ျပင္းထန္ၿပီး လူတဦးခ်င္းစီကုိပစ္မွတ္ထားတဲ့ ပိတ္ဆို့အေရး ယူမွုေတြ ကုိလုပ္ေဆာင္ဖုိ စတာေတြပါဝင္သင့္တယ္လုိ႔တုိက္တြန္းထားပါတယ္။ ဒါ့အျပင္ျမန္မာ ႏုိင္ငံကုိႏုိင္ငံတကာ ရာဇဝတ္မႈခုံရုံးကုိတင္ဖုိ႔ လုံၿခဳံေရးေကာင္စီကုိ တုိက္တြန္းသင့္တယ္လုိ႔လည္းHRW က အႀကံေပးထားပါတယ္။

ျမန္မာႏုိင္ငံက လူသားခ်င္း စာနာမွုဆုိင္ရာအၾကပ္အတည္းနဲ႔ လူအခြင့္အေရး ခ်ိဳးေဖါက္မွုေတြအတြက္ ကုလသမဂၢလူ့အခြင့္အေရးေကာင္စီအေနနဲ႔ လ်င္လ်င္ျမန္ျမန္နဲ႔ ဦးတည္ခ်က္ရွိရွိတုံျပန္လုပ္ေဆာင္သင့္တယ္လုိ႔ လူ႕အခြင့္ အေရးေစာင့္ၾကည့္အဖဲြ႕ HRW ရဲ့ကုလသမဂၢဆုိင္ရာ ဒုတိယညြန္ၾကားေရးမွဴး Lucy Mckernan ကေျပာဆုိပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြအတြင္းမွာတင္ ျမန္မာစစ္တပ္က အရပ္သားျပည္ သူေတြကုိေလေၾကာင္းကေန တုိက္ခုိက္မွုနဲ႔ ျပင္းထန္တဲ့လက္ႏွက္ႀကီးေတြနဲ႔ တိုက္ခုိက္မွုေတြေၾကာင့္ အရပ္သားျပည္သူေတြ အသက္ဆုံးရွုံးရမႈေတြနဲ႔ အုိးအိမ္ ပစၥည္းပုိင္ဆုိင္မႈေတြ ဆုံးရႈံးရတာေတြတုိး လာေနတယ္လုိ႔ လည္းေျပာဆုိထားပါတယ္။

ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းခဲ့တဲ့လုပ္ရပ္နဲ႔ ေနာက္ဆက္တဲြ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ အေနာက္ႏုိင္ငံေတြက ပိတ္ဆုိ႔ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္တာေတြ ရွိေပမဲ့ လုံေလာက္မႈမရွိဘူးဆုိၿပီး ျပည္တြင္း၊ ျပည္ပ လူ႔အခြင့္အေရး လႈပ္ရွားမႈ အဖဲြ႔ေတြနဲ႔ တက္ၾကြလႈပ္ရွားသူေတြက ေျပာဆုိေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................

စစ်ကောင်စီအပေါ် ကုလသမဂ္ဂက ထိရောက်အောင် အရေးယူဖို့ HRW တိုက်တွန်း

{{Unicode}}
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားအနိုင်ကျင့်တာတွေကို အဆုံးသတ်အောင်လုပ်ဖို့ ကုလသမဂ္ဂလူအခွင့်အရေးကောင်စီအနေနဲ့ လက်နက် ပိတ်ပင်ရေးနဲ့ ပိုမိုထိုရောက်တဲ့ပိတ်ဆို့အရေးယူရေးအပါအဝင်မြန်မာနိုင်ငံ ဆိုင်ရာမဟာဗျူဟာတရပ်ချမှတ်သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့် ရေးအဖွဲ့ Human Right Watch (HRW) ကသောကြာနေ့မှာ တိုက်တွန်း လိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာနဲ့ ပတ်သက်လို့ လာမယ့် တနင်္လာနေ့ကျရင် လူ့အခွင့်ရေးကောင်စီမှာ ဆွေးနွေးဖို့ ရှိနေချိန်မှာပဲ အခုလိုတိုက်တွန်းလိုက်တာပါ။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအားလုံး မြန်မာနိုင်ငံကို လက်နှက်တင်ပို့ရောင်းချမှုတားမြစ် ပိတ်ပင်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ အကျိုးစီးပွားတွေကို ပိတ်ပင်ဖို့အတွက်ပိုမိုထိ ရောက်ပြင်းထန်ပြီး လူတဦးချင်းစီကိုပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေး ယူမှုတွေ ကိုလုပ်ဆောင်ဖို စတာတွေပါဝင်သင့်တယ်လို့တိုက်တွန်းထားပါတယ်။ ဒါ့အပြင်မြန်မာ နိုင်ငံကိုနိုင်ငံတကာ ရာဇဝတ်မှုခုံရုံးကိုတင်ဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းသင့်တယ်လို့လည်းHRW က အကြံပေးထားပါတယ်။

မြန်မာနိုင်ငံက လူသားချင်း စာနာမှုဆိုင်ရာအကြပ်အတည်းနဲ့ လူအခွင့်အရေး ချိုးဖေါက်မှုတွေအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေနဲ့ လျင်လျင်မြန်မြန်နဲ့ ဦးတည်ချက်ရှိရှိတုံပြန်လုပ်ဆောင်သင့်တယ်လို့ လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့ HRW ရဲ့ကုလသမဂ္ဂဆိုင်ရာ ဒုတိယညွန်ကြားရေးမှူး Lucy Mckernan ကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာတင် မြန်မာစစ်တပ်က အရပ်သားပြည် သူတွေကိုလေကြောင်းကနေ တိုက်ခိုက်မှုနဲ့ ပြင်းထန်တဲ့လက်နှက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးရမှုတွေနဲ့ အိုးအိမ် ပစ္စည်းပိုင်ဆိုင်မှုတွေ ဆုံးရှုံးရတာတွေတိုး လာနေတယ်လို့ လည်းပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခဲ့တဲ့လုပ်ရပ်နဲ့ နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်တာတွေ ရှိပေမဲ့ လုံလောက်မှုမရှိဘူးဆိုပြီး ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG