သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာဒုကၡသည္ေတြကို အကူအညီေပးေရး ပိတ္ဆို႔ခံရဟု HRW ထုတ္ျပန္


ျမန္မာႏုိင္ငံတြင္း စစ္ေဘးေၾကာင့္ ေနရပ္စြန္႔ခြါထြက္ေျပးေနၾကရသူမ်ား။

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအတြင္း ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပး ေနရသူေတြအတြက္ အေရးတႀကီးလိုအပ္ေနတဲ့ အကူအညီေတြ မေပးႏိုင္ေအာင္ အာဏာသိမ္း စစ္ေကာင္ စီက ပိတ္ဆို႔ေနတယ္ လို႔ လူ႔အခြင့္အေရး ေလ့လာေစာင့္ၾကည့္အဖြဲ႕ (Human Rights Watch – HRW) က ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

လိုေနတဲ့သူေတြဆီ အကူအညီေတြ ေရာက္ႏိုင္ေအာင္ခြင့္ျပဳဖို႔ ကုလသမဂၢ၊ အာဆီယံ နဲ႔ အစိုးရေတြဟာ စစ္ေကာင္စီကို ဖိအားေပးသင့္တယ္လို႔လည္း HRW က တိုက္တြန္းလိုက္ပါတယ္။

ကန႔္သတ္ခ်က္အသစ္ေတြ ခ်မွတ္လိုက္တာေၾကာင့္ ႏိုင္ငံတဝွမ္းမွာ လူသားခ်င္းစာနာေထာက္ထားမႈ ကပ္ေဘးႀကီးကို ႀကဳံေတြ႕ေနရတယ္လို႔ ေၾကညာခ်က္က ဆိုပါတယ္။ခုလိုစစ္ေကာင္စီရဲ႕ ကန႔္သတ္ခ်က္ေတြထဲမွာ စစ္တပ္ေၾကာင့္ခ်မွတ္လိုက္ရတဲ့ ဌာနဆိုင္ရာ လိုအပ္ခ်က္ ကန႔္သတ္ခ်က္ေတြလည္း တိုးမ်ားလာတယ္လို႔ ေၾကညာခ်က္က ေျပာထားပါတယ္။ ဒါ့အျပင္ စစ္ေဘးဒုကၡသည္ေတြဆီကို အကူအညီေတြ ေပးေနတဲ့ အင္န္ဂ်ီအိုေတြ သြားလာဖို႔ခက္ခဲေအာင္ လုပ္ေဆာင္ထားတာေတြလည္း ရွိတယ္လို႔ ဆိုပါတယ္။

ကုလသမဂၢ လုံၿခဳံေရးေကာင္စီဟာ ေၾကညာခ်က္ေတြ ထုတ္ေနတာထက္မက လုပ္ေဆာင္သင့္တယ္လို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ႀကီးက ဆိုပါတယ္။စစ္ေကာင္စီအေပၚ စစ္လက္နက္ပစၥည္းေရာင္းေနတာေတြကို ပိတ္ပင္ဖို႔၊ စစ္တပ္ပိုင္ စီးပြါးေရး လုပ္ငန္းႀကီးေတြနဲ႔ စစ္ေခါင္းေဆာင္ေတြအေပၚ ပိတ္ဆို႔အေရးယူဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။

အာဏာမသိမ္းမီက လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီလိုအပ္သူ ၁ သန္း ရွိရာက ၂၀၂၂ မွာ ၁၄.၄ သန္း ရွိလာမယ္လို႔ ကုသလမဂၢက ခန႔္မွန္းထားၿပီး အဲဒီထဲမွာ ကေလး ၅ သန္းေက်ာ္ ပါဝင္ပါတယ္။တိုင္းျပည္လူဦးေရ ရဲ႕ တဝက္ ၂၅ သန္းဟာ ဆင္းရဲမႈအဆင့္ သတ္မွတ္ခ်က္ထဲကို ေရာက္ေနၾကရမွာပါ။အာဏာသိမ္းၿပီး အေျခအေနမွာ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီ ေဒၚလာ ၁၀၉ သန္း လိုအပ္လိမ့္မယ္လို႔ ခန႔္မွန္းခဲ့ေပမဲ့ ၁၈ % ပဲ ရရွိခဲ့တာပါ။ ၂၀၂၂ ခုႏွစ္မွာေတာ့ ျမန္မာႏိုင္ငံအတြက္ လူသားခ်င္း စာနာေထာက္ထားမႈအကူအညီ ေဒၚလာ သန္းေပါင္း ၈၀၀ ေက်ာ္ လိုအပ္မယ္လို႔ ကုလသမဂၢ က ခန႔္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

မြန်မာဒုက္ခသည်တွေကို အကူအညီပေးရေး ပိတ်ဆို့ခံရဟု HRW ထုတ်ပြန်

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရသူတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ အကူအညီတွေ မပေးနိုင်အောင် အာဏာသိမ်း စစ်ကောင် စီက ပိတ်ဆို့နေတယ် လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်အဖွဲ့ (Human Rights Watch – HRW) က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လိုနေတဲ့သူတွေဆီ အကူအညီတွေ ရောက်နိုင်အောင်ခွင့်ပြုဖို့ ကုလသမဂ္ဂ၊ အာဆီယံ နဲ့ အစိုးရတွေဟာ စစ်ကောင်စီကို ဖိအားပေးသင့်တယ်လို့လည်း HRW က တိုက်တွန်းလိုက်ပါတယ်။

ကန့်သတ်ချက်အသစ်တွေ ချမှတ်လိုက်တာကြောင့် နိုင်ငံတဝှမ်းမှာ လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးကြီးကို ကြုံတွေ့နေရတယ်လို့ ကြေညာချက်က ဆိုပါတယ်။ခုလိုစစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေထဲမှာ စစ်တပ်ကြောင့်ချမှတ်လိုက်ရတဲ့ ဌာနဆိုင်ရာ လိုအပ်ချက် ကန့်သတ်ချက်တွေလည်း တိုးများလာတယ်လို့ ကြေညာချက်က ပြောထားပါတယ်။ ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေဆီကို အကူအညီတွေ ပေးနေတဲ့ အင်န်ဂျီအိုတွေ သွားလာဖို့ခက်ခဲအောင် လုပ်ဆောင်ထားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ကြေညာချက်တွေ ထုတ်နေတာထက်မက လုပ်ဆောင်သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဆိုပါတယ်။စစ်ကောင်စီအပေါ် စစ်လက်နက်ပစ္စည်းရောင်းနေတာတွေကို ပိတ်ပင်ဖို့၊ စစ်တပ်ပိုင် စီးပွါးရေး လုပ်ငန်းကြီးတွေနဲ့ စစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အာဏာမသိမ်းမီက လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်သူ ၁ သန်း ရှိရာက ၂၀၂၂ မှာ ၁၄.၄ သန်း ရှိလာမယ်လို့ ကုသလမဂ္ဂက ခန့်မှန်းထားပြီး အဲဒီထဲမှာ ကလေး ၅ သန်းကျော် ပါဝင်ပါတယ်။တိုင်းပြည်လူဦးရေ ရဲ့ တဝက် ၂၅ သန်းဟာ ဆင်းရဲမှုအဆင့် သတ်မှတ်ချက်ထဲကို ရောက်နေကြရမှာပါ။အာဏာသိမ်းပြီး အခြေအနေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၁၀၉ သန်း လိုအပ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ ၁၈ % ပဲ ရရှိခဲ့တာပါ။ ၂၀၂၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီ ဒေါ်လာ သန်းပေါင်း ၈၀၀ ကျော် လိုအပ်မယ်လို့ ကုလသမဂ္ဂ က ခန့်မှန်းထားပါတယ်။

#MyanmarViolence #MyanmarIDPs #HRWMyanmar #VOABurmese

#လူသားချင်းစာနာမှု #စစ်ဘေးရှောင်ပြည်သူ #လူ့အခွင့်အရေးအဖွဲ့ #ကလေး၅သန်းကျော် #ဗွီအိုအေမြန်မာ

===========

XS
SM
MD
LG