သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှု နိုင်ငံတကာအရေးယူဖို့ HRW ထပ်မံတိုက်တွန်း 


ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့ကရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြကန့်ကွက်မှုတွေကို နှိမ်နင်းနေတဲ့မြင်ကွင်း။ (ဖေဖေါ်ဝါရီ ၂၈၊ ၂၀၂၁)
ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့ကရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြကန့်ကွက်မှုတွေကို နှိမ်နင်းနေတဲ့မြင်ကွင်း။ (ဖေဖေါ်ဝါရီ ၂၈၊ ၂၀၂၁)

[[Zawgyi/Unicode]]

မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နေရာအနှံ့ ကျူးလွန်နေပြီး လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု မြောက်နိုင်တဲ့အထိ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် နိုင်ငံတကာအစိုးရတွေက ထိထိရောက်ရောက် ဖိအားပေး တုံ့ပြန်ကြဖို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch (HRW) က ဒီကနေ့ ထပ်မံ တိုက်တွန်းပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ စစ်တပ် က အာဏာသိမ်းယူ လိုက်တာကြောင့် ဒီမိုကရေစီ အုပ်ချုပ်ရေး ဖယ်ရှားခံလိုက်ရပြီး တိုင်းပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ဆိုးရွား လာခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ HRW ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၀၀ နီးပါးက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာသုံးသပ်ထားတဲ့ ဒီ အစီရင်ခံစာထဲမှာ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမို ဆိုးရွားလာတာကို အဓိက ထောက်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ အရပ်သားအစိုးရကို ဖြုတ်ချပြီး ဆန့်ကျင်ကန့်ကွက်သူတွေအပေါ် လူသားမဆန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်နေသလို တိုင်းရင်းသား လူနည်းစုဒေသတွေမှာလည်း အကြမ်းဖက်မှုတွေ တဖန် ပြန်လည် ကျူးလွန်နေတယ်လို့ HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

ဒါကြောင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ကို လက်နက် တင်ပို့ ရောင်းချတာတွေ မလုပ်ဖို့၊ မြန်မာစစ်တပ်အတွက် ဝင်ငွေရစေမယ့် လမ်းကြောင်းတွေကို ဖြတ်တောက်ပစ် ဖို့နဲ့ စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူတာတွေ လုပ်ဆောင်ရလိမ့်မယ်လို့လည်း HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]








============

XS
SM
MD
LG