သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-20 ထိပ်သီးစည်းဝေးပွဲ ယူကရိန်းသမ္မတကိုဖိတ်ဖို့ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား တရားဝင် မပြောသေး 


G-20 ကမ္ဘာ့စီးပွါးရေးအင်အားကြီးနိုင်ငံတွေရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့သမ္မတ Joko Widodo
G-20 ကမ္ဘာ့စီးပွါးရေးအင်အားကြီးနိုင်ငံတွေရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့သမ္မတ Joko Widodo

[[Zawgyi/Unicode]]

ယူကရိန်းသမ္မတကို G-20 ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့ လာမယ့်ထိပ်သီးပွဲဖိတ်ဖို့ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားက အတည်မပြုသေးပါဘူး။

အင်ဒိုနီးရှားသမ္မတ Joko Widodo အနေနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ မနေ့က စကားပြောခဲ့ပြီး ယူကရိန်း ငြိမ်းချမ်းရေးအတွက် ထောက် ခံကြောင်း သူ့ Twitter မှာ ပြောခဲ့ပေမယ့် အခုလို ဖိတ်ကြားဖို့ကိုတော့ ထည့်မပြောခဲ့ပါဘူး။

ဒါပေမယ့် ယူကရိန်းသမ္မတ Zelenskyy ဘက်ကတော့ အခုလို အင်ဒိုနီးရှားသမ္မတနဲ့ ပြောခဲ့ရာမှာ ယူကရိန်းအရေး ကုလသမဂ္ဂမှာပါ ထောက်ခံပေးတာနဲ့ နိုဝင်ဘာကျရင် ဘာလီကျွန်းမှာလုပ်မယ့် G-20 ထိပ်သီးပွဲကို ဖိတ်လာတာတွေအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ မနေ့က ထုတ်ပြောထားပါတယ်။

အမေရိကန် သမ္မတအိမ်ဖြူတော်ကလည်း အခုလို သမ္မတ Zelenskyy ဖိတ်ကြားခံရမယ်လို့ သတင်းတွေရထားပြီး ဒါကို ထောက်ခံပါတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က ပြောခဲ့ပေမဲ့ အင်ဒိုနီးရှားဘက်က အတည်ပြုချက်တော့ တရားဝင် မရသေးဘူးလို့ မနေ့ကပြောခဲ့ပါတယ်။

တကယ်တော့ ရုရှားကို G-20 ပေးမတက်ဖို့အပေါ် G-20 အဖွဲ့ဝင် တရုတ်ကလည်း ကန့်ကွက်နိုင်ချိန်မှာ အမေရိကန်သမ္မတ Joe Biden ဘက်ကတော့ ယူကရိန်းကို G-20 မှာ လေ့လာသူအဖြစ် ပေးတက်ဖို့ ပြီးခဲ့တဲ့လက အဆိုပြုထားတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က ဆက်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာပဲ အင်ဒိုနီးရှားအနေနဲ့ ရုရှားရဲ့ ယူကရိန်းကျုးကျော်မှုအပေါ် ကန့်ကွက်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် နှစ်ခုကို ထောက်ခံခဲ့ပေမယ့် ကုလလူ့အခွင့်အရေးကောင်စီကနေ ရုရှားကို ထုတ်ပစ်ဖို့ကိုတော့ တခြား ၅၇ နိုင်ငံနဲ့အတူ မဲမပေးဘဲနေခဲ့ပါတယ်။

#Ukraine #G20 #RussiaInvasion #voaburmese #စက်မှုထိပ်သီး #ယူကရိန်း #ဗွီအိုအေမြန်မာပိုင်း
==================

[[Unicode]]








==================

XS
SM
MD
LG