သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားသမၼတကို ဖိတ္ထားတဲ့ G-20 ညီလာခံ အေမရိကန္တက္ဖို႔ မေသခ်ာ


Biden

G 20 စက္မႈထိပ္သီး ႏိုင္ငံ ၂၀ ရဲ႕ လာမယ့္ ႏိုဝင္ဘာ ဘာလီမွာ က်င္းပမယ့္ စီးပြါးေရးဖိုရမ္ကို အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ ဒီအစည္းေဝးကို တက္ေရာက္ဖို႔ မေသခ်ာေၾကာင္းနဲ႔ ႐ုရွားသမၼတ Vladimir Putin မပါမွပဲ တက္ေရာက္ႏိုင္ေခ်ရွိတဲ့ သေဘာ သမၼတအိမ္ျဖဴက ေသာၾကာေန႔မွာ ေျပာၾကားခဲ့ပါတယ္။

Zawgyi/Unicode

႐ုရွားသမၼတကို ဖိတ္ထားတဲ့ G-20 ညီလာခံ အေမရိကန္တက္ဖို႔ မေသခ်ာ

G 20 စက္မႈထိပ္သီး ႏိုင္ငံ ၂၀ ရဲ႕ ဒီႏွစ္အတြက္ အလွည့္က်သဘာပတိ အင္ဒိုနီးရွားက သမၼတ Joko Widodo က လာမယ့္ ႏိုဝင္ဘာ ဘာလီမွာ က်င္းပမယ့္ စီးပြါးေရးဖိုရမ္ကို တက္ေရာက္ဖို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy ကို ဖိတ္ၾကား႐ုံနဲ႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ ဒီအစည္းေဝးကို တက္ေရာက္ဖို႔ မေသခ်ာေၾကာင္းနဲ႔ ႐ုရွားသမၼတ Vladimir Putin မပါမွပဲ တက္ေရာက္ႏိုင္ေခ်ရွိတဲ့ သေဘာ သမၼတအိမ္ျဖဴက ေသာၾကာေန႔မွာ ေျပာၾကားခဲ့ပါတယ္။

"ဒီကိစၥကို အင္ဒိုနီးရွားေတြ ဆီကပဲ အတည္ျပဳဖို႔ လုပ္ႏိုင္မွာပါ။ က်မတို႔ သီးသန္႔ ေမးၾကည့္တုန္း ကေတာ့ ယူကရိန္းကို မက်ဳးေက်ာ္ခင္ကတည္းက ႐ုရွားကို ဖိတ္ထားတာလို႔ သိရပါတယ္။ က်မတို႔ကေတာ့ ဒီအစည္းေဝးမွာ ႐ုရွားမပါသင့္ဘူးလို႔ တင္ျပခဲ့ပါတယ္။" လို႔ သမၼတအိမ္ျဖဴေျပာခြင့္ရ Jen Psaki က သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာပါ။

ေသာၾကာေန႔ အေစာပိုင္းတုန္းကေတာ့ အင္ဒိုနီးရွားသမၼတ Widodo က သူဟာ ယူကရိန္းသမၼတကို G 20 စီးပြါးေရးဖိုရမ္ကို ဖိတ္ၾကားခဲေၾကာင္း ေၾကညာခဲ့ပါတယ္။ G20 ဟာ ကမာၻ႔စီးပြါးေရး ျပန္နလံထူေစေရး အတြက္ အေျပာင္းအလဲျဖစ္ေစတဲ့ အေထာက္အကူ ျဖစ္ေၾကာင္းနဲ႔ ကမာၻ႔စီးပြါးေရး ျပန္နလံထူေရးမွာ ကိုဗစ္ ၁၉ ကပ္ေရာဂါနဲ႔ ယူကရိန္းစစ္ပြဲ က အဓိကလႊမ္းမိုးေနတဲ့ အေၾကာင္းရာ ၂ ခု ျဖစ္တာေၾကာင့္ သမၼတ Zelenskiy ကို G 20 ထိပ္သီးအစည္းေဝးကို တက္ဖို႔ ဖိတ္ေခၚခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

သမၼတ Zelenskyy နဲ႔ ဗုဒၶဟူးေန႔ ဖံုးေျပာခ်ိန္က သူဖိတ္ေခၚခဲ့တာ ျဖစ္ၿပီး ယူကရိန္းက လက္နက္ေပးဖို႔ ေတာင္းဆိုခ်က္ကို လက္မခံေပမယ့္ ယူကရိန္းကို လူသားစာနာမႈအကူညီေပးမွာ ျဖစ္ေၾကာင္း ကမ္းလွမ္းခဲ့တယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ႐ုရွားသမၼတ Vladimir Putin နဲ႔လည္း ၾကာသပေတးေန႔မွာ စကားေျပာခဲ့သလို ႐ုရွားသမၼတကေတာ့ ဒီထိပ္သီးညီလာခံကို တက္ေရာက္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အင္ဒိုနီးရွား အေနနဲ႔ G-20 ကို စည္းစည္း လံုးလံုး ရွိေစခ်င္ၿပီး ကမာၻ႔စီးပြါးေရး ျပန္နလံထူဖို႔နဲ႔ ႀကီးထြားလာဖို႔ အတြက္ အဓိက အေရးပါတာက ၿငိမ္းခ်မ္းမႈနဲ႔ တည္ၿငိမ္မႈ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ဒါေပမယ့္ စီးပြါးေရးအင္အားႀကီး ႏိုင္ငံ ၂၀ ပါတဲ့ အဖြဲ႔ထဲကေန ႐ုရွားကို ထုတ္ပစ္ဖို႔ အေနာက္ႏိုင္ငံ ေခါင္းေဆာင္ေတြက ေတာင္းဆိုေနတဲ့အတြက္ ဒါမ်ိဳး ျဖစ္လာဖို႔ ေတာ့ သိပ္မလြယ္လွပါဘူး။ ဒီအစည္းေဝးကို သမၼတ ပူတင္ လာေရာက္မယ္ဆိုရင္ မတက္ေရာက္ဘူးလို႔ ေျပာၾကားတဲ့ ေခါင္းေဆာင္ေတြထဲမွာ သမၼတ ဘိုင္ဒန္၊ ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau နဲ႔ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Scott Morrison တို႔လည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

##

Unicode

ရုရှားသမ္မတကို ဖိတ်ထားတဲ့ G-20 ညီလာခံ အမေရိကန်တက်ဖို့ မသေချာ

G 20 စက်မှုထိပ်သီး နိုင်ငံ ၂၀ ရဲ့ ဒီနှစ်အတွက် အလှည့်ကျသဘာပတိ အင်ဒိုနီးရှားက သမ္မတ Joko Widodo က လာမယ့် နိုဝင်ဘာ ဘာလီမှာ ကျင်းပမယ့် စီးပွါးရေးဖိုရမ်ကို တက်ရောက်ဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို ဖိတ်ကြားရုံနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒီအစည်းဝေးကို တက်ရောက်ဖို့ မသေချာကြောင်းနဲ့ ရုရှားသမ္မတ Vladimir Putin မပါမှပဲ တက်ရောက်နိုင်ချေရှိတဲ့ သဘော သမ္မတအိမ်ဖြူက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

"ဒီကိစ္စကို အင်ဒိုနီးရှားတွေ ဆီကပဲ အတည်ပြုဖို့ လုပ်နိုင်မှာပါ။ ကျမတို့ သီးသန့် မေးကြည့်တုန်း ကတော့ ယူကရိန်းကို မကျုးကျော်ခင်ကတည်းက ရုရှားကို ဖိတ်ထားတာလို့ သိရပါတယ်။ ကျမတို့ကတော့ ဒီအစည်းဝေးမှာ ရုရှားမပါသင့်ဘူးလို့ တင်ပြခဲ့ပါတယ်။" လို့ သမ္မတအိမ်ဖြူပြောခွင့်ရ Jen Psaki က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

သောကြာနေ့ အစောပိုင်းတုန်းကတော့ အင်ဒိုနီးရှားသမ္မတ Widodo က သူဟာ ယူကရိန်းသမ္မတကို G 20 စီးပွါးရေးဖိုရမ်ကို ဖိတ်ကြားခဲကြောင်း ကြေညာခဲ့ပါတယ်။ G20 ဟာ ကမ္ဘာ့စီးပွါးရေး ပြန်နလံထူစေရေး အတွက် အပြောင်းအလဲဖြစ်စေတဲ့ အထောက်အကူ ဖြစ်ကြောင်းနဲ့ ကမ္ဘာ့စီးပွါးရေး ပြန်နလံထူရေးမှာ ကိုဗစ် ၁၉ ကပ်ရောဂါနဲ့ ယူကရိန်းစစ်ပွဲ က အဓိကလွှမ်းမိုးနေတဲ့ အကြောင်းရာ ၂ ခု ဖြစ်တာကြောင့် သမ္မတ Zelenskiy ကို G 20 ထိပ်သီးအစည်းဝေးကို တက်ဖို့ ဖိတ်ခေါ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ Zelenskyy နဲ့ ဗုဒ္ဓဟူးနေ့ ဖုံးပြောချိန်က သူဖိတ်ခေါ်ခဲ့တာ ဖြစ်ပြီး ယူကရိန်းက လက်နက်ပေးဖို့ တောင်းဆိုချက်ကို လက်မခံပေမယ့် ယူကရိန်းကို လူသားစာနာမှုအကူညီပေးမှာ ဖြစ်ကြောင်း ကမ်းလှမ်းခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ရုရှားသမ္မတ Vladimir Putin နဲ့လည်း ကြာသပတေးနေ့မှာ စကားပြောခဲ့သလို ရုရှားသမ္မတကတော့ ဒီထိပ်သီးညီလာခံကို တက်ရောက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အင်ဒိုနီးရှား အနေနဲ့ G-20 ကို စည်းစည်း လုံးလုံး ရှိစေချင်ပြီး ကမ္ဘာ့စီးပွါးရေး ပြန်နလံထူဖို့နဲ့ ကြီးထွားလာဖို့ အတွက် အဓိက အရေးပါတာက ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါပေမယ့် စီးပွါးရေးအင်အားကြီး နိုင်ငံ ၂၀ ပါတဲ့ အဖွဲ့ထဲကနေ ရုရှားကို ထုတ်ပစ်ဖို့ အနောက်နိုင်ငံ ခေါင်းဆောင်တွေက တောင်းဆိုနေတဲ့အတွက် ဒါမျိုး ဖြစ်လာဖို့ တော့ သိပ်မလွယ်လှပါဘူး။ ဒီအစည်းဝေးကို သမ္မတ ပူတင် လာရောက်မယ်ဆိုရင် မတက်ရောက်ဘူးလို့ ပြောကြားတဲ့ ခေါင်းဆောင်တွေထဲမှာ သမ္မတ ဘိုင်ဒန်၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ သြစတြေးလျဝန်ကြီးချုပ် Scott Morrison တို့လည်း ပါဝင်ပါတယ်။

XS
SM
MD
LG