သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ လႊတ္ေတာ္ဥကၠ႒ အာရွခရီး စမယ့္ သတင္းထြက္


အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi

[[ ZAWGYI / UNICODE ]]

အေမရိကန္ လႊတ္ေတာ္ဥကၠ႒ အာရွခရီး စမယ့္ သတင္းထြက္

အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ဟာ လႊတ္ေတာ္ကိုယ္စားလွယ္ အဖြဲ႕နဲ႔အတူ ေသာၾကာေန႔မွာ အာရွခရီးစဥ္ စတင္မယ့္အေၾကာင္း သတင္းေတြ ထြက္ေပၚလာေပမဲ့ ထိုင္ဝမ္ကို သြား၊မသြား ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။ ေသာၾကာေန႔က သတင္းစာ ရွင္းလင္းပြဲမွာလည္း အေစာပိုင္းမွာတုန္းကလိုပဲ လုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ ခရီးထြက္မယ့္ရက္ အတိအက်ကို လႊတ္ေတာ္ဥကၠ႒က မေျပာပါဘူး။

ၾသဂုတ္လထဲ အာရွခရီးစဥ္မွာ ထိုင္ဝမ္ကို သြားႏိုင္ေျခရွိေၾကာင္း ဒီလဆန္းမွာ ေျပာထားၿပီးကတည္းက တ႐ုတ္ႏိုင္ငံကေတာ့ ျပင္းျပင္းထန္ထန္ သတိေပးထားပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကေတာ့ ထိုင္ဝမ္အေရးနဲ႔ ပတ္သက္လို႔ ၂ ႏိုင္ငံၾကား အျမင္က်ယ္က်ယ္ ေျဖရွင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။

“ထိုင္ဝမ္ကိစၥနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔တ႐ုတ္အၾကားမတူညီမႈေတြရွိပါတယ္။ ဒါကိုလြန္ခဲ့တဲ့ႏွစ္ေပါင္း ၄၀ ေလာက္အထိထိန္းညႇိေဆာင္႐ြက္ႏိုင္ခဲ့တဲ့အတြက္ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကိုထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္။ ဒီလိုဘဲဆက္လက္ထိန္း သိမ္းထားႏိုင္ဖို႔အတြက္ အေမရိကန္အေနနဲ႔လည္းတာဝန္ရွိပါတယ္။” လို႔ ဝန္ႀကီး Blinken က ေသာၾကာေန႔မွာ သတင္းေထာက္ေတြကို ေျပာဆိုခဲ့တာပါ။

လႊတ္ေတာ္ဥကၠ႒ Pelosi ကလည္း သမၼတ ဂ်ိဳးဘိုင္ဒင္ရဲ႕ႏိုင္ငံျခားေရးမူဝါဒမွာ အာရွပစၥဖိတ္ေဒသကိုအေလးအနက္ထားေၾကာင္းနဲ႔ ဒီေနရာမွာ လႊတ္ေတာ္ကလည္း က႑တခုကေန ပါဝင္ရမွာျဖစ္ေၾကာင္း ေသာၾကာေန႔သတင္းစာရွင္းလင္းပြဲမွာေျပာဆိုပါတယ္။

ထိုင္ဝမ္အေရးဟာ တ႐ုတ္၊ အေမရိကန္ ဆက္ဆံေရး တင္းမာမႈ အေၾကာင္းရင္းေတြထဲမွာ တခုအျဖစ္ ရွိေနတာပါ။ တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ကို လက္ေအာက္ခံနယ္ေျမတခုအျဖစ္သာ သေဘာထားပါတယ္။ အေမရိကန္ကေတာ့ တ႐ုတ္နဲ႔ထိုင္ဝမ္ဟာ တႏိုင္ငံတည္းအျဖစ္ မူအားျဖင့္ လက္ခံထားေပမဲ့ ဆက္ဆံေရးမွာေတာ့ မဟာဗ်ဳဟာအရ ကြဲျပားမႈေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

=====================

{{ UNICODE }}

အမေရိကန် လွှတ်တော်ဥက္ကဋ္ဌ အာရှခရီး စမယ့် သတင်းထွက်

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဟာ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့နဲ့အတူ သောကြာနေ့မှာ အာရှခရီးစဉ် စတင်မယ့်အကြောင်း သတင်းတွေ ထွက်ပေါ်လာပေမဲ့ ထိုင်ဝမ်ကို သွား၊မသွား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲမှာလည်း အစောပိုင်းမှာတုန်းကလိုပဲ လုံခြုံရေးအကြောင်းပြချက်နဲ့ ခရီးထွက်မယ့်ရက် အတိအကျကို လွှတ်တော်ဥက္ကဋ္ဌက မပြောပါဘူး။

သြဂုတ်လထဲ အာရှခရီးစဉ်မှာ ထိုင်ဝမ်ကို သွားနိုင်ခြေရှိကြောင်း ဒီလဆန်းမှာ ပြောထားပြီးကတည်းက တရုတ်နိုင်ငံကတော့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ ၂ နိုင်ငံကြား အမြင်ကျယ်ကျယ် ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နဲ့တရုတ်အကြားမတူညီမှုတွေရှိပါတယ်။ ဒါကိုလွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ လောက်အထိထိန်းညှိဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒီလိုဘဲဆက်လက်ထိန်း သိမ်းထားနိုင်ဖို့အတွက် အမေရိကန်အနေနဲ့လည်းတာဝန်ရှိပါတယ်။” လို့ ဝန်ကြီး Blinken က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

လွှတ်တော်ဥက္ကဋ္ဌ Pelosi ကလည်း သမ္မတ ဂျိုးဘိုင်ဒင်ရဲ့နိုင်ငံခြားရေးမူဝါဒမှာ အာရှပစ္စဖိတ်ဒေသကိုအလေးအနက်ထားကြောင်းနဲ့ ဒီနေရာမှာ လွှတ်တော်ကလည်း ကဏ္ဍတခုကနေ ပါဝင်ရမှာဖြစ်ကြောင်း သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုပါတယ်။

ထိုင်ဝမ်အရေးဟာ တရုတ်၊ အမေရိကန် ဆက်ဆံရေး တင်းမာမှု အကြောင်းရင်းတွေထဲမှာ တခုအဖြစ် ရှိနေတာပါ။ တရုတ်နိုင်ငံက ထိုင်ဝမ်ကို လက်အောက်ခံနယ်မြေတခုအဖြစ်သာ သဘောထားပါတယ်။ အမေရိကန်ကတော့ တရုတ်နဲ့ထိုင်ဝမ်ဟာ တနိုင်ငံတည်းအဖြစ် မူအားဖြင့် လက်ခံထားပေမဲ့ ဆက်ဆံရေးမှာတော့ မဟာဗျုဟာအရ ကွဲပြားမှုတွေလည်း ရှိပါတယ်။

XS
SM
MD
LG