သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ အီးယူသွင်းကုန်တွေအပေါ် သမ္မတထရမ့် အခွန်တိုးကောက်မည်


အိမ်ဖြူတော်မှာ သတင်းထောက်တွေကို စကားပြောကြားနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (ဇန်နဝါရီ ၂၁၊ ၂၀၂၅)
အိမ်ဖြူတော်မှာ သတင်းထောက်တွေကို စကားပြောကြားနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (ဇန်နဝါရီ ၂၁၊ ၂၀၂၅)

အမေရိကန်သမ္မတ Donald Trump က ဥရောပသမဂ္ဂ နိုင်ငံတွေက သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ဖို့ ပြောဆိုလိုက်ပြီး၊ အစောဆုံး ဖေဖော်ဝါရီ ၁ ရက်ကစ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ်မှာလည်း အခွန် ၁၀% တိုး ကောက်ခံသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

“မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေကို Fentanyl ဓာတုမူးယစ်ဆေးတွေ ပို့နေတဲ့အချက်ကြောင့် တရုတ် သွင်းကုန်တွေအပေါ် အခွန် ၁၀% တိုးကောက်သွားမှာဖြစ်ပါတယ်” - လို့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တနေ့ အိမ်ဖြူတော်မှာ သမ္မတ Trump က ပြောခဲ့တာပါ။ အီးယူ - ဥရောပသမဂ္ဂနဲ့ပတ်သက်လို့တော့ အမေရိကန်နဲ့ ကုန်သွယ်ရေးမညီမျှမှု ဖြစ်ပေါ်နေတာကို ချိန်ခွင်လျှာပြန်ညှိဖို့လိုတယ်လို့ ပြောပါတယ်။

အီးယူအနေနဲ့ အမေရိကန်ကုန်ပစ္စည်းတွေကို ဝယ်သင့်သလောက် ဝယ်ယူ တင်သွင်းခြင်းမရှိဘူးလို့လည်း ပြောပါတယ်။ ဒီအခြေအနေကို ပြင်ဆင်ဖို့ အီးယူအပေါ် အခွန်တိုးကောက်တာ၊ ဒါမှမဟုတ် အီးယူဘက်က အမေရိကန် ရေနံနဲ့ ဓာတ်ငွေ့ကို ပိုမို ဝယ်ယူဖို့ လိုအပ်ကြောင်း သမ္မတ Trump က ပြောပါတယ်။

အခုလို အခွန်တိုးကောက်မယ့်ကိစ္စတွေကို ဘယ်အချိန်လောက် စတင်အကောင်အထည်မလဲလို့သတင်းထောက်တွေက မေးတာမှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့လောက် စတင်ဖို့ စီစဉ်ထားကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစ မက္ကဆီကိုနဲ့ ကနေဒါတို့အပေါ် အခွန် ၂၅% တိုးကောက်မယ်လို့လည်း သမ္မတ Trump ကပြောထားတာပါ။ မက္ကဆီကို၊ ကနေဒါနဲ့ တရုတ်နိုင်ငံတို့ဟာ အမေရိကန်က သွင်းကုန်တွေ အများဆုံး တင်သွင်းတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG