သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့တရုတ်သမ္မတနှစ်ဦး Trump နဲ့ဆက်ဆံရေးဆွေးနွေး 

ရုရှားသမ္မတ Vladimir Putin နဲ့တရုတ်သမ္မတ Xi Jinping တို့ ဗွီဒီယိုနဲ့ ဆွေးနွေး၊ ဇန် ၂၁၊ ၂၀၂၅
ရုရှားသမ္မတ Vladimir Putin နဲ့တရုတ်သမ္မတ Xi Jinping တို့ ဗွီဒီယိုနဲ့ ဆွေးနွေး၊ ဇန် ၂၁၊ ၂၀၂၅

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဘယ်လို ဆက်ဆံရေး တည်ဆောက်ရမလဲ ဆိုတာကို အင်္ဂါနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

တကယ်လို့ ထရမ့်ကသာ စိတ်ဝင်စားတယ်ဆိုရင် အပြန်အလှန်လေးစား၊ အကျိုးများမယ့်အပေါ်မှာ အခြေခံပြီး ဆက်ဆံရေး တည်ဆောက်ကြဖို့ ဆန္ဒရှိကြကြောင်း နိုင်ငံခြားရေးရာ မူဝါဒ လက်ထောက် Yuri Ushakov က သတင်းထောက်တွေကို မော်စကိုမြို့မှာ ပြောကြားပါတယ်။

ဒါ့အပြင် ယူကရိန်း စစ်အဆုံးသတ်ရေး အလားအလာနဲ့ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ ရပ်တည်ချက် အပေါ် ရုရှားရဲ့ ထောက်ခံမှု အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ အသက် ၇၂ နှစ်အရွယ် ပူတင်က မော်စကို မြို့ပြင်ပရှိ သူ့ရဲ့ Novo-Ogarevo အိမ်ကနေ ပြောတာဖြစ်ပြီး၊ အသက် ၇၁ နှစ်အရွယ် ရှီကျင့်ဖျင်ကတော့ ဘေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးကနေ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တနာရီခွဲကျော်ကြာ ဗွီဒီယိုနဲ့ စကားပြောခဲ့ကြတာပါ။

ပူတင်ကရေတို အပစ်ရပ်ရေး မဟုတ်ဘဲ၊ ယူကရိန်းနဲ့ ရေရှည် ငြိမ်းချမ်းရေး လိုချင်တယ်လို့လည်း Ushakov က ဆိုပါတယ်။ စစ်ကရုရှားကို ဖျက်ဆီးနေတာကြောင့် စစ်ပြီးဆုံးဖို့ ပူတင်အနေနဲ့ သဘောတူညီချက်ရအောင် လုပ်သင့်တယ်လို့ သမ္မတထရမ့်က ကျမ်းသစ္စာကျိန်ဆို အပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG