သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေၾကာင့္ ကမၻာတလႊား လူေပါင္း ၆ ေသာင္းေက်ာ္ အသက္ဆံုး႐ႈံးရၿပီ


နယူးေယာက္တြင္ ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသြားသူ၏ ႐ုပ္အေလာင္းကုိ သယ္ေဆာင္လာသည့္ က်န္းမာေရးဝန္ထမ္းမ်ား။ (ဧၿပီ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံရသူဟာ ကမာၻတလႊား တသန္းေက်ာ္ေနၿပီျဖစ္ၿပီး စေနေန႔အထိဆို လူေပါင္း ၆ ေသာင္းေက်ာ္ ေသဆံုးခဲ့ရၿပီ ျဖစ္ပါတယ္။ အထိအနာဆံုးကေတာ့ ဥေရာပနဲ႔ အေမရိကန္ႏိုင္ငံမွာ ျဖစ္ပါတယ္။

စပိန္မွာ ကူးစက္ခံရသူ ၁ သိန္း ၂ ေသာင္းေက်ာ္ရွိေနၿပီး ေသဆံုးသူက တေသာင္းတေထာင္ ေက်ာ္လာတာေၾကာင့္ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ အသြားအလာ ပိတ္ပင္ထားတဲ့ရက္ကို ၁၅ ရက္ ထပ္တိုုးၿပီး ဧၿပီလ ၂၆ ရက္ေန႔ အထိ သတ္မွတ္လိုက္ပါၿပီ။

စပိန္ၿပီးရင္ ဒုတိယအဆိုးဆံုးျဖစ္ေနတဲ့ အီတလီမွာလည္း သူ႔ရဲ႕ ေဆးဝန္ထမ္း တေသာင္းတေထာင္ေက်ာ္ ဒီေရာဂါ ကူးစက္ခံေနရတဲ့အျပင္ ေဆးပညာရွင္ ၇၃ ဦး ေသဆံုးခဲ့ရတယ္လို႔ က်န္းမာေရးဌာနကေရာ၊ ေဆးပညာရွင္အသင္းကပါ ေျပာပါတယ္။

ၿဗိတိန္ႏိုင္ငံမွာေတာ့ တရက္အတြင္း ေသဆံုးသူ ၇၀၀ ေက်ာ္သြားတာေၾကာင့္ အခုဆို ဒီေရာဂါနဲ႔ ေသဆံုးရသူက ၄၃၀၀ ရွိေနပါၿပီ။ ဒီေရာဂါ ျပန္႔ပြားမႈကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ အက်ဥ္းသား ေထာင္ေပါင္းမ်ားစြာကို ဒီသီတင္းပတ္ေတြအတြင္း ျပန္လႊတ္ေပးမယ္လို႔ တရားေရးဌာနက စေနေန႔မွာ ေျပာပါတယ္။

ဒါေပမယ့္ သူတုိ႔ကို အေဝးက ေစာင့္ၾကည့္ေနမွာျဖစ္ၿပီး သူတို႔ကို ေနအိမ္ေတြမွာပဲ ေနဖို႔ ညႊန္ၾကားမွာျဖစ္သလို တကယ္လို႔ စိုးရိမ္စရာ တစံုတရာ ေတြ႔ခဲ့ရင္ေတာ့ အက်ဥ္းေထာင္ကို ျပန္ပို႔မယ္လို႔ ေျပာပါတယ္။

ျပင္သစ္မွာေတာ့ ဒီေရာဂါေၾကာင့္ ေသဆံုးရသူ ၆၅၀၀ ေက်ာ္ရွိေနၿပီး ကူးစက္ခံရသူက ၈၃၀၀၀ ေက်ာ္ေနပါၿပီ။ ၿမိဳ႕ေတာ္ ပါရီတဝိုက္ အေျခေန သိပ္ဆိုးတဲ့အတြက္ တခ်ိဳ႕လူနာေတြကို ေရာဂါဒဏ္ သိပ္မခံရတဲ့ ျပင္သစ္ အေနာက္ပိုင္းဘက္ကို စစ္ေလယာဥ္ေတြ၊ ရဟတ္ယာဥ္ေတြ၊ ရထားေတြနဲ႔ ေျပာင္းေရႊ႕ေပးေနပါတယ္။

အေမရိကန္ျပည္ေထာင္စုကေတာ့ ဒီေရာဂါ ျဖစ္ပြားသူေပါင္း ၂ သိန္း ၈ ေသာင္းေလာက္ ရွိေနၿပီး အဆိုးဆံုးျဖစ္ေနေပမယ့္ အခုအခ်ိန္အထိ ညီညီညြတ္ညြတ္ တုိက္ဖ်က္တာ မရွိေသးဘဲ ျပည္နယ္ေတြအေနနဲ႔ ကိုယ့္ျပည္နယ္အတြက္ ကိုယ္ အေကာင္းဆံုးလုပ္ၾကဖို႔ သမၼတက ေျပာေနဆဲပါ။

ေသာၾကာေန႔ကေတာ့ ႏွာေခါင္းစည္းေတြတပ္ၾကဖို႔ ေရာဂါကူးစက္မႈဆိုင္ရာ ဗဟိုဌာနက အႀကံေပးခဲ့ပါတယ္။

အေမရိကန္ႏုိင္ငံမွာ ဒီေရာဂါဒဏ္ အဆိုးဆံုးခံေနရတဲ့ နယူးေယာက္ျပည္နယ္မွာ စေနေန႔က ေနာက္ထပ္ ၆၀၀ ေက်ာ္ ထပ္မံေသဆံုးခဲ့ရေၾကာင္းနဲ႔ လူနာေတြအတြက္ တ႐ုတ္ႏိုင္ငံက ပို႔ေပးတဲ့ အသက္႐ွဴစက္ အလံုးတေထာင္ စေနေန႔ေရာက္မယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Andrew Cuomo က ေျပာပါတယ္။ ဒါ့့အျပင္ ဒီေရာဂါ တိုက္ဖ်က္ေရးကို ဝိုင္းဝန္းကူညီေနတဲ့ ေစတနာရွင္ ရွစ္ေသာင္းခြဲေလာက္ ရွိေနတယ္လို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------------

(Unicode)

COVID-19 ကြောင့် ကမ္ဘာတလွှား လူပေါင်း ၆ သောင်းကျော် အသက်ဆုံးရှုံးရပြီ

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူဟာ ကမ္ဘာတလွှား တသန်းကျော်နေပြီဖြစ်ပြီး စနေနေ့အထိဆို လူပေါင်း ၆ သောင်းကျော် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ အထိအနာဆုံးကတော့ ဥရောပနဲ့ အမေရိကန်နိုင်ငံမှာ ဖြစ်ပါတယ်။

စပိန်မှာ ကူးစက်ခံရသူ ၁ သိန်း ၂ သောင်းကျော်ရှိနေပြီး သေဆုံးသူက တသောင်းတထောင် ကျော်လာတာကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာ ပိတ်ပင်ထားတဲ့ရက်ကို ၁၅ ရက် ထပ်တိုးပြီး ဧပြီလ ၂၆ ရက်နေ့ အထိ သတ်မှတ်လိုက်ပါပြီ။

စပိန်ပြီးရင် ဒုတိယအဆိုးဆုံးဖြစ်နေတဲ့ အီတလီမှာလည်း သူ့ရဲ့ ဆေးဝန်ထမ်း တသောင်းတထောင်ကျော် ဒီရောဂါ ကူးစက်ခံနေရတဲ့အပြင် ဆေးပညာရှင် ၇၃ ဦး သေဆုံးခဲ့ရတယ်လို့ ကျန်းမာရေးဌာနကရော၊ ဆေးပညာရှင်အသင်းကပါ ပြောပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ တရက်အတွင်း သေဆုံးသူ ၇၀၀ ကျော်သွားတာကြောင့် အခုဆို ဒီရောဂါနဲ့ သေဆုံးရသူက ၄၃၀၀ ရှိနေပါပြီ။ ဒီရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ အကျဉ်းသား ထောင်ပေါင်းများစွာကို ဒီသီတင်းပတ်တွေအတွင်း ပြန်လွှတ်ပေးမယ်လို့ တရားရေးဌာနက စနေနေ့မှာ ပြောပါတယ်။

ဒါပေမယ့် သူတို့ကို အဝေးက စောင့်ကြည့်နေမှာဖြစ်ပြီး သူတို့ကို နေအိမ်တွေမှာပဲ နေဖို့ ညွှန်ကြားမှာဖြစ်သလို တကယ်လို့ စိုးရိမ်စရာ တစုံတရာ တွေ့ခဲ့ရင်တော့ အကျဉ်းထောင်ကို ပြန်ပို့မယ်လို့ ပြောပါတယ်။

ပြင်သစ်မှာတော့ ဒီရောဂါကြောင့် သေဆုံးရသူ ၆၅၀၀ ကျော်ရှိနေပြီး ကူးစက်ခံရသူက ၈၃၀၀၀ ကျော်နေပါပြီ။ မြို့တော် ပါရီတဝိုက် အခြေနေ သိပ်ဆိုးတဲ့အတွက် တချို့လူနာတွေကို ရောဂါဒဏ် သိပ်မခံရတဲ့ ပြင်သစ် အနောက်ပိုင်းဘက်ကို စစ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ရထားတွေနဲ့ ပြောင်းရွှေ့ပေးနေပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ဒီရောဂါ ဖြစ်ပွားသူပေါင်း ၂ သိန်း ၈ သောင်းလောက် ရှိနေပြီး အဆိုးဆုံးဖြစ်နေပေမယ့် အခုအချိန်အထိ ညီညီညွတ်ညွတ် တိုက်ဖျက်တာ မရှိသေးဘဲ ပြည်နယ်တွေအနေနဲ့ ကိုယ့်ပြည်နယ်အတွက် ကိုယ် အကောင်းဆုံးလုပ်ကြဖို့ သမ္မတက ပြောနေဆဲပါ။

သောကြာနေ့ကတော့ နှာခေါင်းစည်းတွေတပ်ကြဖို့ ရောဂါကူးစက်မှုဆိုင်ရာ ဗဟိုဌာနက အကြံပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ဒီရောဂါဒဏ် အဆိုးဆုံးခံနေရတဲ့ နယူးယောက်ပြည်နယ်မှာ စနေနေ့က နောက်ထပ် ၆၀၀ ကျော် ထပ်မံသေဆုံးခဲ့ရကြောင်းနဲ့ လူနာတွေအတွက် တရုတ်နိုင်ငံက ပို့ပေးတဲ့ အသက်ရှူစက် အလုံးတထောင် စနေနေ့ရောက်မယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောပါတယ်။ ဒါ့အပြင် ဒီရောဂါ တိုက်ဖျက်ရေးကို ဝိုင်းဝန်းကူညီနေတဲ့ စေတနာရှင် ရှစ်သောင်းခွဲလောက် ရှိနေတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG