(Zawgyi / Unicode)
ကမာၻတလႊား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔ေနတာေၾကာင့္ ပုပ္ရဟန္းမင္းႀကီး Francis အပါအဝင္ ကမာၻ႔ေနရာအႏွံ႔အျပားက ခရစ္ယာန္ ဘာသာဝင္ေတြအတြက္ ဒီႏွစ္ အီစတာပြဲေတာ္ကို ခါတိုင္းႏွစ္ေတြလို က်င္းပႏိုင္မွာ မဟုတ္ပါဘူး။
စီတန္းလွည့္လည္ပြဲေတြကို ဖ်က္သိမ္းထားသလို ပုပ္ရဟန္းမင္းႀကီး Francis အေနနဲ႔လည္း ဧၿပီ ၅ ရက္ အီစတာ တနဂၤေႏြ Palm Sunday စုေဝး ဆုေတာင္းပြဲေတြကို ခါတိုင္းႏွစ္ေတြလို St. Peter ရင္ျပင္အျပည့္ ပရိသတ္ေတြနဲ႔ မက်င္းပဘဲ St. Peter ခရစ္ယာန္ဘုရားေက်ာင္းမွာပဲ အက်ဥ္းခ်ဳံးၿပီး က်င္းပခဲ့ရပါတယ္။
တခ်ိဳ႕ေနရာေတြမွာေတာ့ လူခ်င္း ခပ္ခြာခြာေနၾကၿပီး ကေလးေတြအတြက္ ႐ိုးရာမပ်က္ ၾကက္ဥေကာက္ပြဲ က်င္းပသြားမယ္လို႔ ေျပာပါတယ္။
ဗင္နီဇြဲလားႏိုင္ငံမွာေတာ့ ခရစ္ယာန္ဘုန္းေတာ္ႀကီးေတြ ကားနဲ႔လွည့္လည္ၿပီး ဝတ္ျပဳဆုေတာင္းေပးဖို႔ စီစဥ္ထားသလို ျပည္သူေတြက အိမ္ျပတင္းနဲ႔ ဝရန္တာေတြကေန ပါဝင္ဆုေတာင္းၾကဖို႔ ဖိတ္ေခၚထားပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံမွာလည္း အလားတူ ျပဳလုပ္သြားဖို႔ အဆိုျပဳထားပါတယ္။
ဒီႏွစ္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ကမာၻ႔ႏိုင္ငံအႏွံ႔႔ အီစတာပြဲေတာ္ေတြကို လူစုလူေဝးနဲ႔ က်င္းပမွာမဟုတ္ဘဲ Face Time နဲ႔ Zoom တို႔လို application ေတြကို အသုံးျပဳၿပီး TV နဲ႔ အြန္လိုင္းက တဆင့္သာ ဝတ္ျပဳဆုေတာင္းပြဲေတြကို ျပဳလုပ္သြားဖို႔ စီစဥ္ထားၾကပါတယ္။
-----------------------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်း အီစတာပွဲတော်တွေ တခမ်းတနား မကျင်းပနိုင်
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကြောင့် ပုပ်ရဟန်းမင်းကြီး Francis အပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားက ခရစ်ယာန် ဘာသာဝင်တွေအတွက် ဒီနှစ် အီစတာပွဲတော်ကို ခါတိုင်းနှစ်တွေလို ကျင်းပနိုင်မှာ မဟုတ်ပါဘူး။
စီတန်းလှည့်လည်ပွဲတွေကို ဖျက်သိမ်းထားသလို ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့လည်း ဧပြီ ၅ ရက် အီစတာ တနင်္ဂနွေ Palm Sunday စုဝေး ဆုတောင်းပွဲတွေကို ခါတိုင်းနှစ်တွေလို St. Peter ရင်ပြင်အပြည့် ပရိသတ်တွေနဲ့ မကျင်းပဘဲ St. Peter ခရစ်ယာန်ဘုရားကျောင်းမှာပဲ အကျဉ်းချုံးပြီး ကျင်းပခဲ့ရပါတယ်။
တချို့နေရာတွေမှာတော့ လူချင်း ခပ်ခွာခွာနေကြပြီး ကလေးတွေအတွက် ရိုးရာမပျက် ကြက်ဥကောက်ပွဲ ကျင်းပသွားမယ်လို့ ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာတော့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ ကားနဲ့လှည့်လည်ပြီး ဝတ်ပြုဆုတောင်းပေးဖို့ စီစဉ်ထားသလို ပြည်သူတွေက အိမ်ပြတင်းနဲ့ ဝရန်တာတွေကနေ ပါဝင်ဆုတောင်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း အလားတူ ပြုလုပ်သွားဖို့ အဆိုပြုထားပါတယ်။
ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအနှံ့ အီစတာပွဲတော်တွေကို လူစုလူဝေးနဲ့ ကျင်းပမှာမဟုတ်ဘဲ Face Time နဲ့ Zoom တို့လို application တွေကို အသုံးပြုပြီး TV နဲ့ အွန်လိုင်းက တဆင့်သာ ဝတ်ပြုဆုတောင်းပွဲတွေကို ပြုလုပ်သွားဖို့ စီစဉ်ထားကြပါတယ်။