သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကာလ ကိုယ်ဝန်ဆောင်မိခင်တွေ သတိထားဖို့ ကျန်းမာရေးပညာရှင်တွေ တိုက်တွန်း


(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေထဲ ကိုယ်ဝန်ဆောင် မိခင်တချို့ပါရှိလာတဲ့အတွက် ခွဲစိတ်မွေးဖွားချိန်မှာ အလွန်သတိထားဖို့အရေးကြီးနေကြောင်း နယူးရောက် Queens Hospital Center က မေ့ဆေးအထူးကု ဆရာဝန် ဒေါက်တာ ဒေါ်နီနီခင် ကပြောပါတယ်။

ကပ်ဘေးရောဂါဗဟိုအချက်အချာဖြစ်နေတဲ့ နယူးရောက်က ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေပါ ကူးစက်ရောဂါခံစားနေရတဲ့အခြေအနေကြားက COVID-19 လူနာတွေ အသက်ကယ်နိုင်ရေး ကြိုးပမ်းကုသပေးနေတဲ့ အတွေ့အကြုံတွေကို ဒေါက်တာ ဒေါ်နီနီခင်က ဗွီအိုအေနဲ့ Skype ဆက်သွယ်မေးမြန်းခန်းမှာ ပြောပြထားပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာပါ။

မအင်ကြင်းနိုင်။ ။ အဓိကတော့ ဒေါက်တာ ဒေါ်နီနီခင် အနေနဲ့ ဆေးရုံမှာ COVID-19 လူနာတွေကို ဘယ်အပိုင်းမှာ အဓိက ကုသပေးနေတာပါလဲရှင့်။

ဒေါက်တာ ဒေါ်နီနီခင်။ ။ ကျမက မေ့ဆေးဆရာဝန်ဆိုတော့ လူနာတွေ ရောက်လာပြီးတဲ့အခါကျရင် Emergency Department (ER)မှာ လူနာတွေ အရမ်းအခြေအနေ ဆိုးနေပြီ သူတို့ဟာ သူတို့ အသက်မရှုနိုင်တော့ဘူးဆိုရင် အမတို့ကို ခေါ်တယ်။ ခေါ်တဲ့အခါကျတော့ သွားပြီးတော့ သူတို့ကို tube ထည့်ပေးရတာပေါ့နော် ။ တချို့လူနာတွေကလည်း ward ထဲကို ရောက်သွားပြီ။ တချို့ကလည်း ICU ထဲကို ရောက်သွားပြီ ဒါပေမယ့် သူတို့ဟာသူတို့ အသက်မရှုနိုင်တဲ့အချိန်ကျတော့ အမတို့က ဒီလူနာတွေကို အသက်ရှုတဲ့ပိုက် ထည့်ပေးတဲ့ အဆင့်ပေါ့နော် ဆိုတော့ အရင်ဆုံးရောက်လာတဲ့ လူနာတွေကိုတော့ မတွေ့တော့ဘူးပေါ့။ တကယ့်ကို အသည်းအသန်ဖြစ်တဲ့လူနာတွေပဲ များပါတယ်။

မအင်ကြင်းနိုင်။ ။ အရေးပေါ်လူနာတွေကို ကိုယ့်တတ်ကျွမ်းတဲ့ အပိုင်းကနေပြီးတော့ ကုသတဲ့အခါမှာ ဘယ်လောက် အန္တရာယ်များသလဲရှင့်။

ဒေါက်တာ ဒေါ်နီနီခင်။ ။ တကယ်တမ်းပြောမယ်ဆိုရင် အများဆုံး လူနာနဲ့ အနီးစပ်ဆုံးလေ။ အသက်အန္တရာယ်အများဆုံး စိုးရိမ်ရတဲ့ အခြေအနေမျိုးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ Tube သွင်းတယ်ဆိုရင် လူနာမျက်နှာနဲ့ ကိုယ့်မျက်နှာက ၆ လက်မလောက် ၊ တခါတလေကျရင် အလွန်ကပ်သွားပြီလေ။ အဲဒါမျိုးကျတော့ သူတု့ိရောဂါ အရမ်းများတယ်ဆိုတော့ ကိုယ်က ဘယ်လောက်ပဲ Protective ၊ safety တွေ တပ်ထားတယ်ပဲပြောပြော ကိုယ့်အတွက် ရောဂါ ကူးစပ်မှုက အရမ်းကို အန္တရာယ် များတဲ့အဆင့်ပေါ့နော်။

မအင်ကြင်းနိုင်။ ။ ရောက်လာတဲ့လူနာတွေနဲ့ သေဆုံးမှုနှုန်းနဲ့ ဆရာဝန်တွေ ရုန်းကန်နေရတာက ဘယ်လောက်အထိ ဆိုးနေသလဲရှင့်။

ဒေါက်တာ ဒေါ်နီနီခင်။ ။ အမပြောနိုင်တာကလေ တခါမှ အဲလို မမြင်ဖူးဘူး။ နောက်ပြီးတော့ အဲဒါမျိုးလည်း ဖြစ်လိမ့်မယ် မထင်ထားဘူး။ ဝူဟန်မှာ ဖြစ်တယ်၊ တွေ့တယ် သူတို့ဘယ်လိုလုပ်သလဲဆိုတာ သိတယ်။ ဒါပေမယ့် ဒီဘက် မရောက်လာသေးတာ လနဲ့ ချီပြီး ကြာတယ်။ ဒါပေမယ့် အဲဒါမျိုးလည်း ဖြစ်လိမ့်မယ် မထင်ထားဘူး။ ဆိုတော့ We are not prepared။

ဒါပေမယ့် အခုဖြစ်သလောက်ဟာက အရေးကြီးတာက ဘာဖြစ်သလဲဆိုတော့ ရောက်လာသမျှ လူနာတွေမှာ နည်းနည်းပါးပါး ဖြစ်တဲ့လူနာတွေ သူတို့ဟာသူတို့ အသက်ရှုနိုင်ပြီဆိုရင်တော့ အိမ်ပြန်ပြီးတော့ ပို့လိုက်တာများတယ်။ ဆေးရုံပေါ်မှာ ထားတယ်ဆိုတာကလည်း ဒီလူနာတွေက ဒီမနက်ရောက်လာတယ် ၊ ညနေကျရင် သူတို့အသက်မရှုနိုင်တော့ဘူး ဒီလိုလူနာတွေဖြစ်တယ်၊ စိတ်မချရတဲ့အခါကျတော့ မပြန်ခိုင်းတာတွေ ရှိတာပေါ့နော်။

နောက်တခုပြောချင်တာက မေ့ဆေးဆရာဝန်တွေအနေနဲ့ဆိုရင် ကိုယ်ဝန်ဆောင်တွေကို အမတို့ လုပ်ပေးရတာရှိတယ်လေ။ လွန်ခဲ့တဲ့အပတ်က ကိုလမ်ဘီယာ University ဆေးရုံမှာ လူနာ ၂ ယောက် ၃ ယောက်လောက် ဆုံးသွားပြီဆိုတဲ့အခါကျတော့ ဘာဖြစ်သလဲဆိုတော့ ကိုယ်ဝန်ဆောင်တွေ လာတဲ့အခါကျရင် အမတို့က ခါးရိုးကနေ ဆေးထိုးပြီးတော့ ခွဲစိတ်တဲ့လုပ်ငန်းတွေကို လုပ်လို့ရအောင်လုပ်တယ်။ ဒီလူနာက ခွဲနေရင်းနဲ့ သွေးက အရမ်းထွက်တာ ၊ သွေးထွက်ပြီးတော့ ဆုံးသွားကြတာ။ ဆိုတော့ ပထမတော့ မသိကြဘူးပေါ့နော် ၊ ဘာမှန်မသိ ဘာဖြစ်လို့လဲဆိုတော့တကယ်တမ်းပြန်စစ်လိုက်တော့ ဆုံးသွားတဲ့ လူနာတွေက COVID positive တွေ ဒါပေမယ့် သူတို့က ရောဂါလက္ခဏာမရှိဘူး။ အခုနောက်ပိုင်းဆိုရင် ကိုယ်ဝန်ဆောင်လာတယ် Test လုပ်ဖို့ အချိန်က သူက စောင့်ရတာကို အနည်းဆုံး ၃ ရက်ကနေ ၄ ရက်အထိ စောင့်ရတာဆိုတော့ ဒါတွေကို Test လည်းလုပ်တယ် စောင့်နေတဲ့အချိန်မှာ မစောင့်နိုင်တော့ဘူး ခွဲစိတ်ရတော့မယ်ဆိုရင် တတ်နိုင်သလောက် မေ့ဆေးဆရာဝန်တွေနဲ့ပဲဖြစ်ဖြစ် ၊ သားဖွားမီးယပ် ဆရာဝန်တွေနဲ့ပဲ ဖြစ်ဖြစ် သွေးအရမ်းထွက်ဖို့က ဖြစ်ဖို့အကြောင်းရှိတယ် ဘာဖြစ်လို့လဲဆိုတော့ Virus ကနေပြီးတော့ ခန္ဓာကိုယ်မှာရှိတဲ့ liver ကို သွားပြီးတော့ ဖျက်ဆီးလိုက်ပြီ ၊ ဒါပေမယ့် လူနာက လက္ခဏာ မပြသေးဘူး။ များသောအားဖြင့် ကိုယ်ဝန်ဆောင်တွေက ငယ်တဲ့ လူနာတွေ များတယ်၊ ခံနိုင်ရည်ရှိသေးတယ် ။ ဒါပေမယ့် ရောဂါပိုးက သွေးခဲတာတွေကို တိုက်လိုက်ပြီဆိုရင် အမတို့က မသိလိုက်ပဲနဲ့ ခွဲလိုက်တဲ့အခါကျတော့ ကိုယ်ဝန်ဆောင်လူနာတွေမှာ အများကြီး အန္တရာယ်ရှိတယ်။ ဆိုတော့ ဆိုလိုချင်တာက ကြောက်စရာတော့မလိုဘူး ၊ ခွဲလို့ရမယ်ဆိုရင် ခွဲရမယ် ။ နောက်ဆုံး သွေးအရမ်းထွက်များနေတဲ့ အချိန်ကျမှလိုက်ရှာနေဖို့ အချိန်မရှိဘူးလေ။ ဒါကြောင့်မို့လို့ မြန်မာပြည်မှာတောင်မှ ကိုယ်ဝန်ဆောင်တွေလာရင် သတိထားပေးပါလို့

နယူးရောက် Queens Hospital Center က မေ့ဆေးအထူးကု ဆရာဝန် ဒေါက်တာ ဒေါ်နီနီခင် ကို မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


...............


(Unicode)












XS
SM
MD
LG